ကလောမြို့မှ အိမ်ခြံမြေ များကို ဝယ်ယူထားသူများအနေဖြင့် ဝယ်ယူပြီးတဲ့နောက်ပိုင်း ထပ်မံလုပ်သင့်တာတွေ...

ကလောမြို့မှ အိမ်ခြံမြေ များကို
ဝယ်ယူထားသူများအနေဖြင့်
ဝယ်ယူပြီးတဲ့နောက်ပိုင်း ထပ်မံလုပ်သင့်တာတွေ...
(1)ကလောရာသီဥတုနှင့် ကလောသဘာဝရှု့ခင်းတွေကို
ကြိုက်ပြီး ဝယ်ယူထားခဲ့တဲ့ သူတွေအနေနဲ့
(နွေမိုးဆောင်း)ရာသီဥတုသဘာဝပြောင်းလာတဲ့အခါ
ကိုယ်ဝယ်ယူခဲ့တဲ့ ခြံကွက်က ဝယ်တုန်းကလိုမျိုး
အနေအထားလည်းမဖြစ်တော့ဘူး။ (ခြံထဲမှာရှိတဲ့ အပင်တွေ
ကြီးပြီး လှသွားတာမျိုးလည်း ဖြစ်ရင်ဖြစ်မှာပေါ့ဗျာ…)
မြေဝယ်ပြီး ပစ်ထားလိုက်တဲ့အခါ ကိုယ့်ခြံက
ဘာဖြစ်လို့ဖြစ်နေမှန်းလဲမမြင်ရတဲ့အခါ
ဖြစ်တတ်တဲ့ ကိစ္စက မပေါ့မသေးပါဗျာ။
ဥပမာ-ကျူးကျော်နေထိုင်တာတွေ၊
တခြားတစ်ယောက်ကပိုင်ဆိုင်တယ်အမှတ်နဲ့
ဝင်ရောက်ခြံခတ်ထားလိုက်တာတွေ၊ဘေးခြံက
ခြံစည်းရိုးခတ်တဲ့အခါ ကိုယ့်ခြံဆီကို နဲနဲပိုပါလာတာ
ပိုလျှော့လာတာ တွေ၊ပိုင်ရှင်ကနောက်တစ်ယောက်
ပေါ်နေတာတွေ ဒါတွေကိုယ်မသိဘဲဖြစ်နေတတ်တာဆိုရင်တော့
ကိုယ်ဝယ်ယူခဲ့တဲ့ခြံကွက်အတွက် ရင်လေးစရာပါပဲ။
အခုချိန်မှာတော့ ကလောကမြေစျေးတွေက
စျေးလျှော့သွားတာကလည်းမကြားမိသလောက်ပါပဲ။
တက်နေတာတွေကများပါတယ်။
အခုအချိန်က ကလောကို မရောက်ဖူးတဲ့သူတွေ လာချင်ကြပြီး၊
ရောက်ဖူးတဲ့သူတွေတောင်မှ ပြန်လာချင်ကြတဲ့အချိန်ပါ။
ဒီလိုနေရာဒေသ ကလောမြို့လေးမှာ ပိုင်ဆိုင်မှု့
ခိုင်မာတဲ့အိမ်ခြံမြေအရောင်းတွေလည်း ရှိပါတယ်။
(2) ကြည့်ရှု့စောင့်ရှောက်ထိန်းသိမ်းသင့်တဲ့ အချက်
ကိုယ်တိုင်မကြည့်အားလည်း အနည်းဆုံး(၁)လ
(၁)ခါလောက်တော့ မိမိဝယ်ယူခဲ့တဲ့ ပိုင်ရှင်တိုက်ရိုက်ဆီ
(သို့မဟုတ်)အရှုပ်အရှင်းကို မြင်တတ်တဲ့ အသိတစ်ယောက်
ဒါမှမဟုတ် အဲ့ဒီမြေကွက်ကို ဝယ်ဖို့အကျိုးဆောင်ပေးတဲ့
အကျိုးဆောင် ကုမ္ပဏီဆီကနေတဆင့် ကြည့်ရှုစောင့်ရှောက်
ထိန်းသိမ်းကာ ဖြစ်လာတတ်တဲ့ အရှုပ်အရှင်းတွေကို
မကြီးထွားခင် ကာကွယ်ပြီးသားဖြစ်စေပါတယ်။
သို့ပေမယ့် မိမိဝယ်ယူထားခဲ့တဲ့ အသိ (သို့) အကျိုးဆောင်ဆီကို
မိမိခြံကွက်ကြည့်ရှု့ပေးဖို့ တောင်းဆိုတဲ့အခါ အကြောင်း
အမျိုးမျိုးကြောင့် အဆက်အသွယ်မရခဲ့တာဆိုရင်
ဂျာနတ် ကို ဆက်သွယ်ပြီး မိမိပိုင်ဆိုင်
ကြောင်း အထောက်အထား ခိုင်လုံမှု့ရှိပါက
နယ်ခံအကျိုးဆောင်တစ်ယောက် အနေနဲ့
ကြည့်ရှု့စောင့်ရှောက်ပေးလို့ရပါတယ်။
( ကျွန်တော်တို့ ဂျာနတ် ကနေ
ဝယ်သွားတဲ့မြေကွက် ဝယ်ပြီးအရောင်းအပ်ထားတဲ့
မြေကွက် ဆိုရင်တော့ ခြံနဲ့ ပတ်ဝန်းကျင်အနေအထားကို
အပြောင်းအလဲရှိတာနဲ့ အမြဲ Update တွေပို့ပေးပါတယ်ခင်ဗျာ)“
လေးစားစွာဖြင့်
နေမင်းထွန်း
09781620225, 09970777731
" ပေါက်စျေးမှန်လို့ ခိုင်မာစေရုံသာမက
ပြန်ရောင်းပေးဖိုပါ အာမခံပါတယ်ခင်ဗျာ။ "
🙏 လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ... 🙏
#ဂျာနတ် #အိမ်ခြံမြေအကျိုးဆောင်
#ကလောအိမ်ခြံမြေ
#ကလောမြို့
Related Posts

Unique Boulder-Embedded Land
အရောင်းပိုစ့်မဟုတ်ပါ။Unique Boulder-Embedded Land အိမ်ခြံမြေနဲ့ပက်သက်ပြီး ၈၀ % သော လူတိုင်း သတိမထားမိသေးတဲ့ အချက်လေးတစ်ချက်ကို မျှဝေပါရစေခင်ဗျာ….အကယ်၍ မိတ်ဆွေက သိရှိနားလည်ပြီးသားဆိုရင်တော့ ၂၀ % ထဲပါနေလို့ သိပ်ထူးဆန်းမှု့မရှိနိုင်ပါ။ပမာ...

ကလောမြို့ကိုယ်စား - ကလောသားတစ်ယောက် အနေဖြင့်....
ကလောမြို့ကိုယ်စား - ကလောသားတစ်ယောက်အနေဖြင့်....❤️ကလောကို ချစ်တဲ့သူ (သို့မဟုတ်) ရေရှည်နေခဲ့တဲ့သူတိုင်း အတွက် သတင်းကောင်း....ယခင်က ရေလည်းပေါ မီးလည်းမှန် ဆိုပြီး နာမည်ကြီးခဲ့လို့ ရပ်ကွက် ၃ သာဆိုရင် ဘယ်နားရရ အကွက်သေးဖြစ်နေပါစေ ပြေးပြီး ဝယ်ထားကြ...

စိတ်ဝင်စားမှု့တွေ တစ်ရှိုန်ထိုးမြင့်တက်နေတဲ့ ရွာမြေကို ဝယ်မယ်ဆိုရင် သတိထားလိုက်နာ ရမယ့်အချက်များ
စိတ်ဝင်စားမှု့တွေ တစ်ရှိုန်ထိုးမြင့်တက်နေတဲ့ရွာမြေကို ဝယ်မယ်ဆိုရင် သတိထားလိုက်နာရမယ့်အချက်များ**********************************(1) ရွာမြေ မှန်မမှန်ဆိုတာကို ကျေးရွာ အုတ်ချုပ်ရေးမှုးနှင့်အတူ သက်ဆိုင်ရာလူကြီးတွေနှင့် သေချာစီစစ်ပါ။(2)ရွာအနီးမှာဆို ပုံစံ...