မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ရုံးကို တိုက်ခန်းအမည်ပြောင်း လျှောက်ထားတဲ့ အခါ ပါဝင် ထည့်သွင်းလျှောက်ထားရမယ့်အချက်တွေကို ဖော်ပြလိုက်ပါတယ်

မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ရုံးကို တိုက်ခန်းအမည်ပြောင်း လျှောက်ထားတဲ့ အခါ ပါဝင် ထည့်သွင်းလျှောက်ထားရမယ့်အချက်တွေကို ဖော်ပြလိုက်ပါတယ်

မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ရုံးကို တိုက်ခန်းအမည်ပြောင်း လျှောက်ထားတဲ့ အခါ ပါဝင် ထည့်သွင်းလျှောက်ထားရမယ့်အချက်တွေကို ဖော်ပြလိုက်ပါတယ်။�ကိုယ်တိုင်ရေးလျှောက်လွှာ တစ်စောင်နဲ့အတူ�၁။ အင်ဂျင်နီယာဌာန (အဆောက်အအုံ)က ထုတ်ပေးတဲ့ အဆောက်အအုံ နေထိုင်ခွင့် စာချုပ် သို့မဟုတ် သက်ဆိုင်ရာ မြို့နယ်စည်ပင်သာ ယာ အုပ်ချုပ်ရေးမှူးရုံးရဲ့ တိုက်ခန်းနေရာချထားခြင်း လက်မှတ်တစ်စောင်။�၂။ တိုက်ခန်းလွှဲပြောင်း လက်ခံ ခြင်း သဘောတူစာချုပ်မိတ္တူတစ်စောင် ။�၃။ သက်ဆိုင်ရာ ရပ်ကွက်အာဏာ ပိုင်ရဲ့ တိုက်ခန်းပိုင်ဆိုင်သည်မှာ မှန်ကန်ကြောင်း ထောက်ခံချက် တစ်စောင်။�၄။ တိုက်ခန်း လွှဲပြောင်းသူ၊ တိုက် ခန်း လက်ခံသူတွေရဲ့ မူရင်းနဲ့ တိုက် ဆိုင် စစ်ဆေးထားတဲ့ နိုင်ငံသား စိစစ်ရေးကတ်ပြား မိတ္တူတစ်စောင်။�၅။ တိုက်ခန်းလွှဲပြောင်းသူရဲ့ လိုင်စင်ဓာတ်ပုံနှစ်ပုံ။�၆။ တိုက်ခန်း လွှဲပြောင်းသူရဲ့ မူရင်းနဲ့ တိုက်ဆိုင်စစ်ဆေးထားတဲ့ အိမ်ထောင်စုစာရင်း မိတ္တူတစ်စောင်။�၇။ တိုက်ခန်းလွှဲပြောင်း သူရဲ့ အမည်ပြောင်းလဲခြင်းကို ကန့်ကွက်ရန်မရှိကြောင်း ဝန်ခံကတိပြုချက် တစ်စောင်။�၈။ ရေခွန်ပေးဆောင်ပြီးပြေစာ မိတ္တူ သို့မဟုတ် လွှဲပြောင်းလက်ခံသူက တိုက်ခန်းနဲ့ ပတ်သက်တဲ့ ကြွေးကျန်ကိစ္စတွေ ဖြေရှင်းမယ့် ဝန်ခံကတိပြုချက် တစ်စောင် စာရွက်စာတမ်းတွေကို စုံလင်စွာ တင်ပြရမှာ ဖြစ်ပါတယ်။ အဲသည် လို တင်ပြပြီးရင်ဌာနက စိစစ်မှုတွေ ပြုလုပ်ကာ အောက်ပါစည်းမျဉ်း အတိုင်းဆက်ပြီး ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။�(က) တိုက်ခန်းအမည်ပြောင်း လျှောက်ထားချက်ကို စိစစ်ပြီး လွှဲ ပြောင်းသူနဲ့ လက်ခံသူတို့ကို ကိုယ်တိုင်လက်ထောက်ဌာနမှူး (မြေရာ) ရဲ့ ရှေ့မှာ လက်မှတ်ရေးထိုး လွှဲပြောင်းပေးရမည်။�(ခ) လျှောက်ထားသူက သတ်မှတ်ဝန်ဆောင်ခ ပေးသွင်းပြီးမှ အမည်ပြောင်းခွင့်ပြုမည်။�(ဂ) တိုက်ခန်း လွှဲပြောင်း သူကိုယ် တိုင် လာရောက်ခြင်း မပြုပါက နေ့စဉ်သတင်းစာမှာ ကန့်ကွက်ရန် ရှိမရှိ ကြော်ငြာ စေမည်။ (အမည်ပြောင်းသူက ကြော်ငြာခကို ကျခံရမည်)�(ဃ) သတ်မှတ်ထားတဲ့ ကာလအတွင်း ကန့်ကွက်ခြင်းမရှိရင် အမည်ပြောင်းလျှောက်ထားသူက မူ လ အဆောက်အအုံ နေထိုင်ခွင့်စာချုပ်ကို ပယ်ဖျက်၍ အမည်ပြောင်း လျှောက်ထားသူအမည်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဆက်လက် ချုပ် ဆိုပေးပါမည်။�(င) ကော်မတီ က စီမံခန့်ခွဲလျက်ရှိ တဲ့ တိုက်ခန်းတွေရဲ့ သတ်မှတ်ထားတဲ့ မြေငှားခကို နေထိုင်သူတွေဆီက တိုက်ခန်းအမျိုးအစား အလိုက် သတ်မှတ်ထားတဲ့ ဘဏ္ဍာရေး နှစ် အလိုက် ကော်မတီက ထောက်ခံသွားမှာ ဖြစ်ပါတယ်။
Credit - ဥပဒေရေးရာ

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!