အဘိဓမ္မာတရားတော်ဟောကြားခြင်း ပြီးဆုံးခဲ့သောသီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့

အဘိဓမ္မာတရားတော်ဟောကြားခြင်း
ပြီးဆုံးခဲ့သောသီတင်းကျွတ်လပြည့်
အဘိဓမ္မာအခါတော်နေ့
🙏🙏🙏🙏🙏🙏🙏🙏🙏🙏
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး
ဟာ ဝါတွင်းသုံးလကာလပတ်လုံး
မယ်တော် သန္တုဿိတနတ်သားကို
အမှူးထားပြီး နတ်ဗြဟ္မာအပေါင်းတို့
အား အဘိဓမ္မာတရားတော်ကို
ဟောကြားတော်မူခဲ့ပါတယ်။
နတ်ပြည်မှာ တရားတော်ကို ဟော
ကြားနေစဉ်အတွင်းမှာ ဆွမ်းခံချိန်
တိုင်း နိမ္မိတရုပ်ပွားတော်တစ်ဆူကို
ဖန်ဆင်းထားတော်မူပါတယ်။
ဥတ္တရကုရုကျွန်းသို့ ဆွမ်းခံကြွတော်မူပြီး
အနောတတ်အိုင်သို့ ပြန်ကြွ၍ ဆွမ်းဘုဉ်း
ပေးကာ စန္ဒကူးတောသို့ဝင်စဉ် ရှင်သာရိ
ပုတ္တရာမထေရ်ဟာ အလျင်အမြန်လာ
ရောက်ပြီး နေ့စဉ်ဝတ်ကြီးဝတ်ငယ် ကိစ္စ
အဝဝကို ပြုစုတော်မူခဲ့ပါတယ်။ ထိုအချိန်မှာ
မြတ်စွာဘုရားရှင်အနေဖြင့် နတ်ဗြဟ္မာတို့
အား ဟောကြားတော်မူခဲ့သည့် အဘိဓမ္မာ
တရားတော်ကို အကျဉ်းနည်းဖြင့်
ရှင်သာရိပုတ္တရာမထေရ်အား ဟောကြား
ချီးမြှင့်တော်မူခဲ့ပါတယ်။
ထိုမှတစ်ဖန် ရှင်သာရိပုတ္တရာမထေရ်ဟာ
ဇ္ဈိမဒေသရှိ တပည့်ရဟန်းငါးရာတို့အား
မကျဉ်းမကျယ်နည်းဖြင့် ဟောကြားတော်
မူခဲ့ပါတယ်။
ပိဋကတ်သုံးပုံတွင် အဘိဓမ္မာ တရားတော်
ဟာသုတ္တန်တရားတို့ထက် သာလွန်
ထူးခြားပြီး နက်နဲခက်ခဲပါတယ်။
မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော
သုတ္တန်ဒေသနာ၊ ဝိနည်းဒေသနာတော်တို့ဟာ
ဒါန၊ သီလတို့၏ အကြောင်းအကျိုးတို့ကို
လည်းကောင်း၊ ရှေးရှေးသော ဘဝတို့၌ဖြစ်
ခဲ့ဖူးသည့် အနိမ့်အမြင့် ဆင်းရဲချမ်းသာတို့ကို
လည်းကောင်း ဟောတော်မူခြင်း ဖြစ်ပါတယ်။
အဘိဓမ္မာဒေ သနာတော်ဟာ ခန္ဓာ၊ အာယတန၊
ဓာတ်၊ သစ္စာ၊ ဣန္ဒြေ၊ အာရုံ၊ အာရမ္မဏိက၊ ရုပ်၊
နာမ်တရားတို့ကို ခွဲခြမ်းစိတ်ဖြာဟောတော်မူသော
တရားတော်ဖြစ်ပါတယ်။ အဘိဓမ္မာတရားတော်
ဟာ လောက သုံးပါးနှင့် နိဗ္ဗာန်အကြောင်းအရာတို့ကို
ပရမတ္ထတရားလေးပါးအဖြစ် ခွဲခြမ်းစိတ်ဖြာကာ
သဘာဝ တရားများကိုဖြစ်စဉ်အတိုင်း အကြွင်းမရှိ
ပြည့်စုံစွာ ဟောကြားတော်မူခဲ့သော
ပရမတ္ထဒေသနာ တော်ဖြစ်ပါတယ်။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏
သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာ
အခါတော်နေ့မှာ အားလုံးသော
ပုဂ္ဂိုလ်အပေါင်း သူတော်ကောင်းတို့
ကျန်းမာချမ်းသာကြပြီး၊လိုအင်ဆန္ဒများ
ပြည့်ဝကာ နိဗ္ဗာန်သို့ မျက်မှောက်ပြု
နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်း
လိုက်ပါတယ်ခင်ဗျ🙏