နိုင်ငံခြားက ယောက်ကျာ်းပို့တဲ့ ပိုက်ဆံနဲ့ အိမ် ခြံ မြေကို ဝယ်ယူထားပြီး ကွာရှင်းခွင့်တောင်း
နိုင်ငံခြားက ယောက်ကျာ်းပို့တဲ့ ပိုက်ဆံနဲ့ အိမ်ခြံမြေကို ဝယ်ယူထားပြီးခါမှ
အမေဖြစ်သူရဲ့ အတ္တကြောင့် ယောကျာ်းဖြစ်သူကို အကွက်ဆင်ပြီး ကွာရှင်းခွင့်တောင်း
***************************************
နှစ်ရှည်လများစွာ နိုင်ငံခြားမှာ အလုပ်လုပ်ကိုင်ခဲ့ပြီး
မိန်းမဖြစ်သူထံ လစဉ်လတိုင်းငွေအမြောက်အများကို
ပေးပို့ခဲ့သူရှိပါတယ်။မိန်းမဖြစ်သူကလည်း ယောက်ကျာ်းပေး
ပို့လာတဲ့ ငွေကိုစုကာ အိမ်ခြံမြေလေး ဝယ်ယူထားခဲ့ပါတယ်။
ယောကျာ်း ပို့လာတဲ့ ပိုက်ဆံနဲ့ ဝယ်ယူထားတဲ့ အိမ်ခြံမြေမှာ
သူရဲ့ နာမ်မည်နဲ့မဟုတ်ဘဲ အမေဖြစ်သူရဲ့နာမ်မည်နှင့်ပါ။
အိမ်ခြံမြေစျေးတွေလည်းကောင်းနေတဲ့အချိန်မှာယောက္ခမ
ဖြစ်သူကနေပြီး လောဘတက်လာကာ နိုင်ငံခြားမှာ
အလုပ်လုပ်နေတဲ့ယောကျာ်းကို ဖောက်ပြန်နေပါတယ်
ဆိုတဲ့ ကိစ္စနှင့် ကွာရှင်းဖို့လုပ်ပါတယ်။
ယောကျာ်ဖြစ်သူကလည်း မဖောက်ပြန်ခဲ့ရပါ။တကယ်
မဖောက်ပြန်ဘဲ ဖောက်ပြန်ပါတယ်ဆိုပြီး စွပ်စွဲခံရကာ
အတင်းဖိအားပေး ကွာရှင်းစေတဲ့ကိစ္စလည်းဖြစ်နေသလို
သူပို့လိုက်တဲ့ ပိုက်ဆံဖြင့် ဝယ်ယူထားတဲ့ အိမ်ခြံမြေ
ဟာလည်းသူ့လက်ထဲမှာ ရှိမနေတဲ့အခါ သူ့အတွက်
မတရားတော့ပါ။သူ့အနေနဲ့ ကောင်းမွန်စွာနဲ့အကြံပေးနိုင်တဲ့
ဥပဒေပညာရှင်ဆီကအကြံကို ရယူပြီး-
လတိုင်းပို့နေတဲ့ ငွေတွေရဲ့ စုစုပေါင်း Amount ကို
မှတ်တမ်းတင်ထားကာ ပို့လိုက်တဲ့ ဘဏ်အကောင့်က
မှတ်တမ်းကိုလည်း ယူထားပါတယ်။ ချစ်ခင်လို့ ယူထားတဲ့
မိန်းမဖြစ်သူလည်း အမေဖက်ပါနေတာမို့ ထပ်ပေါင်း
ချင်စိတ်လည်း မရှိတော့ပါ။ကွာရှင်းခွင့်တောင်းထားတဲ့
သက်သေတွေလည်းသူ့မှာအကုန်ရှိပါတယ်။ ရှေ့နေမှတစ်ဆင့်
အဝေးရောက်ထွက်ဆိုချက်နှင့် ကိုယ်စားလှယ်လွဲပြီး
အသရေဖျက်မှု့နှင့်ပါ တရားစွဲဆိုလိုက်ကာ
နို့တစ်ပါပို့လိုက်ပါတယ်။
သူ့ဖက်ကလည်း ယုတ်မာတဲ့သူတွေကို ခေါင်းငုံမခံဘဲ ပြန်လည်
တုံပြန်ပြီး လုံးဝကွာရှင်းခွင့်လည်းမပေးခဲ့ပါ။
သတင်းစာထဲမှာလည်း အိမ်ကိုရောင်းချခွင့်၊ငှားရမ်းခွင့် ပိတ်ပင်တဲ့စာကိုလည်း
ထည့်ကြော်ငြာလိုက်ပါတယ်။(yuzanarland.com)
ဒီလိုလည်းလုပ်လိုက်ရော မိန်းမဖြစ်သူက ငိုယိုပြီးတောင်းပန်လာပါတယ်။
ငွေနဲ့တစ်မျက်နှာလုပ်တတ်တဲ့ မိန်းမကို သူ့အနေနဲ့လည်းမလိုချင်တော့ပါ။
နောက်ထပ်လည်း ငွေတွေထပ်ပို့စရာအကြောင်းလည်း မရှိတော့ပါ။