“အိမ်ခြံမြေ မပြသခင် နောက်ကွယ်က ပြင်ဆင်ခဲ့ရတဲ့ အချက်တွေ

01-Mar-24
“အိမ်ခြံမြေ မပြသခင် နောက်ကွယ်က ပြင်ဆင်ခဲ့ရတဲ့ အချက်တွေ

“အိမ်ခြံမြေ မပြသခင် နောက်ကွယ်က
ပြင်ဆင်ခဲ့ရတဲ့ အချက်တွေ။”
အကျိုးဆောင်တော်တော်များများဟာ
အကျိုးဆောင်ခ(ခေါ်)ပွဲခ ရရှိကြတဲ့အခါမှာ
အခြား သာမန်လူတွေ တစ်လလောက်လုပ်မှ
ရတဲ့ငွေကြေးကို တစ်ရက်ထဲနဲ့ ရရှိသွားတတ်
ကြပါတယ်။ (အားလုံးကို မဆိုလိုသည့်အတွက်
နားလည်ပြီးဖတ်ရှု့ပေးပါ)။
တစ်ရက်ထဲနဲ့ ရသွားတာကို အကြောင်းပြုပြီး
ဘေးကနေမြင်ကြရတဲ့လူတစ်ချို့ဟာ
“ အကျိုးဆောင်တွေ၊ပွဲစားတွေက ဘာမှမဟုတ်ဘူး၊
ရောင်းသူဝယ်သူနှစ်ဦးတည်းဆို ရနေပြီ”အစရှိသဖြင့်
ပြောဆိုကြကာ(ဒီထက်ပိုဆိုးတဲ့ ပြောဆိုမှု့တွေရှိပေမယ့်
စာဖတ်သူ ပရိသတ်များကိုလေးစားသည့်အတွက် ထည့်
မရေးတော့ပါ) တစ်ရက်ထဲနဲ့ မရသင့်တဲ့ငွေတွေလို့
မြင်ကြတယ်နှင့်တူပါတယ်။


နောက်ကွယ်က လုပ်ရတဲ့အလုပ်ကို မမြင်ကြတာ
ဖြစ်တဲ့အတွက်ကြောင့် ဒီလိုပြောနေတယ်ဆိုပြီး
ခွင့်လွတ်ပေးလို့ရပါတယ်။(သဘောထားကြီးစွာနဲ့ပေါ့)
အမှန်တကယ် အကျိုးဆောင်အလုပ်ကို
စိတ်ဝင်စားစွာနဲ့ လုပ်ကိုင်နေတဲ့
အကျိုးဆောင်တော်တော်များများဟာ
သည်းခံစွမ်းအားတွေ၊တစ်ခါတစ်လေကျ
တော့လည်း မခံမရပ်နိုင်လို့ ပေါက်ကွဲခဲ့ရတဲ့
ဖြစ်ရပ်တွေလည်း ရှိခဲ့ကြမှာပါပဲ။
အကျိုးဆောင်တွေ ပွဲဖြစ်တဲ့အခါ
ပိုက်ဆံထုတ်ပိုက်ပြီး ရသွားတာကို
မြင်တွေ့ကြရတဲ့ ဘေးကလူတစ်ချို့
တွေကတော့ ဘာအကျိုးဆောင်လိုင်စင်
မှ မကိုင်ဆောင်ဘဲ တစ်ခဏမှာတင်
အကျိုးဆောင်၊ပွဲစားဖြစ်သွားကြတဲ့
သူတွေကလည်း နည်းမှမနည်းဘဲ။


အမှန်တကယ် စိတ်ပါဝင်စားစွာဖြင့်
အသက်မွေးဝမ်းကျောင်းအလုပ်လိုမျိုး
ဝါသနာပါစွာဖြင့် လုပ်ကိုင်ဆောင်ရွက်ကြတဲ့
အကျိုးဆောင်တွေက
နောက်ကွယ်မှာ-
အကျိုးဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက်
- အကျိုးဆောင်လိုင်စင်ကိုင်ဆောင်ပြီး
လေ့လာသင်ယူလိုက်ရတဲ့ အိမ်ခြံမြေအကြောင်းတွေ။
- အိမ်ခြံမြေ မပြသခင် အရောင်းအပ်တဲ့သူတွေဆီကနေ
ဝယ်ယူသူတွေ စိတ်တိုင်းကျဖြစ်ဖို့ နေရာအတိအကျ ၊
ဓာတ်ပုံစတာတွေကိုသေချာစွာ အချိန်ပေးစာရင်း
ယူခဲ့ရတာတွေ။(ဆီစျေးတွေ တက်နေတဲ့အချိန်ဆို
ပွဲခနဲ့တောင် ပြန်ကာမိကြပါ့မလားတောင်မသိ၊
(တစ်ချို့တစ်လေပါ)။


- ဝယ်ယူသူတွေ ကြိုက်နှစ်သက်စေဖို့
အကြိုက်မတွေ့မချင်း အချိန်ကုန်ခံ စိတ်ရှည်စွာ
စေတနာထား ပြောပြခဲ့ရတဲ့အချက်တွေ။
- ဝယ်သူအကြိုက်တွေ့တဲ့ အိမ်ခြံမြေ ပိုင်ရှင်က
ရောင်းမယ်ပြောပြီး မရောင်းတော့လို့
စိတ်ဒုက္ခရောက်ခဲ့တာတွေ။
ဒါတွေက အပေါ်ယံပဲ ရှိပါသေးတယ်။
နောက်ကွယ်က ပြင်ဆင်ခဲ့ရတဲ့ အချက်တွေနဲ့တင်ကို
အိမ်ခြံမြေအကျိုးဆောင် အလုပ်လုပ်တဲ့သူတွေကို
လေးစားစရာကောင်းနေပါပြီ။
 

Related Posts

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!