မှန်ကန်တဲ့ ရင်းနှီးမြုပ်နှံမှု့ ဖြစ်ဖို့ ဘယ်လို အချက်တွေကို စီစစ် ရမလဲ
မှန်ကန်တဲ့ ရင်းနှီးမြုပ်နှံမှု့ဖြစ်ဖို့
ဘယ်လိုအချက်တွေကို စီစစ်ရမလဲ။
အိမ်ခြံမြေကို ရင်းနှီးမြုပ်နှံတဲ့အခါ
မှန်ကန်တဲ့ ရင်းနှီးမြုပ်နှံမှု့ဖြစ်ဖို့က
အရေးကြီးပါတယ်။ မှန်ကန်တဲ့
ရင်းနှီးမြုပ်နှံမှု့ မဖြစ်ခဲ့အခါ
ဒီနှစ်မှာ သိန်း(1000) နဲ့ ဝယ်ယူခဲ့တဲ့
အိမ်ခြံမြေဟာ နောက်ဆယ်နှစ်မှာ
လည်း သိန်း(1000) ပဲ ဖြစ်နေတတ်ပါတယ်။
မှန်ကန်သွားပြီ ဆိုရင်တော့ ဒီနှစ်မှာ
သိန်း(1000)နဲ့ ဝယ်ယူခဲ့တဲ့
အိမ်ခြံမြေဟာ နောက်ဆယ်နှစ်မှာ
သိန်း (10000)ဖြစ်သွားနိုင်တာပါပဲ။
မှန်ကန်တဲ့ အိမ်ခြံမြေရင်းနှီးမြုပ်နှံမှု့
ဖြစ်ဖို့ရန်အတွက်ဒီအချက် ( 4)ချက်ကို
စီစစ်ဖို့လိုအပ်ပါတယ်။
(1) မိမိရွေးချယ်ဝယ်ယူမယ့် အိမ်ခြံမြေဟာ
နောင်တစ်ချိန်မှာ အများကြီး တိုးတက်စေမယ့်
နေရာက ဖြစ်နေပါစေ။တိုးတက်နေတဲ့ နေရာနဲ့နီးတဲ့
နေရာက အိမ်ခြံမြေတွေဟာဆိုရင်လည်း
များသောအားဖြင့် အမြန်အဆန်
တိုးတက်မြန်လာကြပါတယ်။
တိုးတက်နိုင်ခြေလုံးဝမရှိတဲ့
အနေအထားမျိုးမှာဆိုရင်
စျေးဘယ်လောက်ပင်တန်နေပါစေ
စဉ်းစားဆင်ခြင်ပြီးမှ ဝယ်ယူပါ။
(2) လမ်းပမ်းဆက်သွယ်ရေးကောင်းမွန်၊
လမ်းသာ၊နေရာကောင်းထဲက
အိမ်ခြံမြေကို ဦးစားပေးပါ။
ဒီလိုမျိုးတွေက နောင်တစ်ချိန်မှာ ပြန်လုပ်ကျွေး
မယ့် မြေတွေပဲဖြစ်ပါတယ်။
(3) မိမိဝယ်ယူမယ့် အိမ်ခြံမြေ
နေရာဒေသမှာ အရောင်းအဝယ်လုပ်တဲ့
အိမ်ခြံမြေတွေ များမများဆိုတာလည်း
သေချာစုံစမ်းပါ။ဒီအချက်ကို ထည့်သွင်း
စဉ်းစားလိုက်ခြင်းအားဖြင့်
အရေးပေါ်ငွေလိုအပ်နေချိန်မှာလည်း အမြန်
ရောင်းမယ်ဆိုရင်တောင် အမြတ်များဖြင့်
ကျန်ရှိနေနိုင်ပါတယ်။
(4) ခိုင်မာတဲ့ စာရွက်စာတမ်းနှင့်
သက်တမ်းရှိတဲ့စာရွက်စာတမ်းတွေကိုသာလျှင်
ဝယ်ယူပါ။ နေရာကောင်းလည်းဖြစ်သလို၊
တိုးတက်နေတဲ့ နေရာကလည်း
ဖြစ်ပေမယ့် ပိုင်ဆိုင်မှု့ပြ စာရွက်စာတမ်းက
ခိုင်မာမှု့ ရှိမနေဘူးဆိုလျှင်
ရင်ဆိုင်ရမယ့် ပြသာနာတွေ
တစ်ပုံကြီး ဖြစ်သွားနိုင်ပါတယ်။
ဒီ(4)ချက်ကိုသေချာစွာစီစစ်ပြီး
အိမ်ခြံမြေများကို ဝယ်ယူမယ်ဆိုရင်
ထားရင်လည်း ကောင်းသလို၊
ရောင်းရင်လည်း စွံမယ့် အိမ်ခြံမြေ
တွေ ဖြစ်လာပါလိမ့်မယ်။