အကျိုးဆောင်အသစ်များအတွက်နှင့် အကျိုးဆောင်တွေ လိုက်နာသင့်တဲ့အချက်။

13-Feb-24 Knowledge
အကျိုးဆောင်အသစ်များအတွက်နှင့် အကျိုးဆောင်တွေ လိုက်နာသင့်တဲ့အချက်။

အခုမှစပြီး အိမ်ခြံမြေအလုပ်ကို လုပ်ကိုင်မယ့် အကျိုးဆောင်များ
အတွက် (ဒါမှမဟုတ်)   အကျိုးဆောင်အလုပ်    လုပ်ကိုင်နေတာ 
သက်တမ်းမကြာသေးသူများအတွက်လိုက်နာသင့်တဲ့အချက်တွေ

(1) အိမ်ခြံမြေအကျိုးဆောင်အလုပ် လုပ်ကိုင်တယ်ဆိုတာအရောင်း 
အပ်သူရှိမှ၊အဝယ်လာသူရှိမှသာလျှင်   မိမိလုပ်ငန်းကို အောင်မြင်
တိုးတက်စွာ  လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။ မိမိအနေနဲ့   အိမ်ခြံမြေ
အပေါ်မှာ အကျိုးအမြတ်ကိုသာမျှော်ပြီး စွမ်းဆောင်ရည်လုပ်ကိုင်မှု့
မရှိဘူးဆိုရင် ဒီအလုပ်က မိမိအတွက်အလွန်ခက်ခဲနေပြီး ငြီးငွေ့နေမှာပါ။
မခက်ခဲ မငြီးငွေ့ဘဲ ကောင်းမွန်စွာလုပ်ကိုင်နိုင်ဖိုဆိုရင်တော့
            - အိမ်ခြံမြေများကို ရောင်းဝယ်ငှားနိုင်တဲ့ အိမ်ခြံမြေ
              website မှာ မိမိအရောင်းကို အမြဲupdateလုပ်နေပါ။
            - မိမိအသုံးပြုတဲ့ social media များမှ ကိုယ့်အလုပ်နဲ့
                သက်ဆိုင်တဲ့ Page တစ်ခု ဖန်တီးထားပါ။
        (ဒါမှမဟုတ်လည်း ကိုယ်သုံးနေကျ အကောင့်မှာပဲ
                 အိမ်ခြံမြေအရောင်း update ကရှိနေပါစေ)
            - လုပ်ငန်းကဒ်များလည်း ပြုလုပ်ထားပါ။
                  ဒီလိုမျိုး ပြုလုပ်ထားခြင်းဖြင့် မိမိရဲ့ အကျိုးဆောင်
ဘဝမှာ အရောင်းအပ်တဲ့သူများလည်းအလွယ်တကူ
မြင်တွေ့နိုင်ပြီး အရောင်းအပ်လာကာ ဝယ်သူတွေရှိမယ့်
နေရာမှာ မိမိအရောင်းကို အမြဲ update ပြုလုပ်ပြသနေပြီးသား
ဖြစ်တဲ့အတွက်ကြောင့် ဝယ်ယူသူcustomerကလည်း မိမိဆီ
ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာမှာပဲဖြစ်ပါတယ်။
 

(2) အကျိုးဆောင်တော်တော်များများမှာ ရှိပေမယ့်
သတိမထားမိတတ်တဲ့ အရာတစ်ခု ရှိပါတယ်။
ကိုယ်တိုင်လုပ်နေတဲ့ အလုပ်အကိုင်ဖြစ်တဲ့အတွက်ကြောင့်
အထက်လူကြီးလည်းမရှိ၊မိမိအထက်တွင်
မိမိသာလျှင်ရှိတဲ့အတွက်ကြောင့် ကိုယ်ရေးကိုယ်တာငွေနှင့်
အလုပ်အတွက် ကုန်ရတဲ့ငွေတွေကို သေချာ စီမံခန့်ခွဲတတ်ဖိုလိုပါတယ်။
(ဥပမာပေးရရင်- အကျိုးဆောင်ခရတာက
နည်းနည်း အောင်ပွဲခံလိုက်လို ရှင်းလိုက်ရတဲ့ငွေတွေက
ကိုယ်အလုပ်အတွက်သုံးခဲ့တဲ့ ငွေဖိုးတောင်မချန်တော့ဘူးဆိုရင်တော့
အလုပ်မှာ ပင်ပန်းလာနိုင်ပါတယ်။)
မိမိဝယ်လက်တွေ မိမိအရောင်းကို မြင်တွေ့နိုင်စေဖို့
အိမ်ခြံမြေ website နှင့် အရောင်းပြလိုရတဲ့နေရာမှာ
ပြသဖို့ရန်အတွက် သုံးလိုက်ရတဲ့အချိန်တွေ ငွေတွေနှင့်
မိမိဆီ ဝယ်လက်ရောက်လာတဲ့အခါ မြေပြင်ကို
လိုက်လံပြသရမယ့်အချိန်တွေ ငွေတွေ စတာတွေကို စာရင်းပြုစု
မှတ်ထားသင့်ပါတယ်။ (အရေးမကြီးဘူးထင်ရပေမယ့်
အကျိုးဆောင်အလုပ်ရေရှည်မြဲမြံစေဖိုအတွက်
အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်)

(3) ကုန်ဆုံးမယ့် အချိန်အတွက် ကြိုတင်စီမံခန့်ခွဲ ထားပါ။
မိမိလုပ်ကိုင်နေသော အလုပ်များကို ဦးစားပေးခြင်းအနေဖြင့်၊
ပန်းတိုင် Goals များသတ်မှတ်ထားရှိခြင်း၊အစီအစဉ်ရေးဆွဲခြင်း ၊
ရေးဆွဲပြီး ဖန်တီးအကောင်အထည်ဖော်ခြင်းဖြင့်
အိမ်ခြံမြေ စျေးကွက်နဲ့သက်ဆိုင်
တဲ့ စျေးကွက်ရှာဖွေရေးကို လည်း မြင့်တင်နိုင်ပါတယ်။
အလုပ်နဲ့ပတ်သက်ပြီး ကုန်ဆုံးသင့်တာတွေကတော့
- မိမိအနေနဲ့ အတွေ့အကြုံအသစ်နဲ့ အလုပ်အတွက်
အကောင်းဆုံးသောမိတ်ဆွေ အသစ်ရနိုင်ရန်အတွက်
အကျိုးဆောင်များနှင့်လည်း မိတ်ဆွေဖွဲကာ
အကျိုးတူဆောင်ရွက်ပြီး အချိန်များကိုကုန်ဆုံးပါ။
အချင်းချင်းအတွေ့အကြုံနှင့် ကျွမ်းကျင်မှုကို ဝေမျှနိုင်ပါတယ်။
-မိမိကို လမ်းပြပေးနိုင်တဲ့ အိမ်ခြံမြေဆိုင်ရာဖတ်စရာမှတ်စရာ
များလည်း နေ့စဉ်အမြဲဖတ်ရှုနေပါ။
မိမိလုပ်ငန်းနဲ့သက်ဆိုင်တဲ့ social media မှ သတင်းများ၊
ဥပဒေများကိုလည်း ခေတ်ရေစီးကြောင်းနှင့်အညီ
လေ့လာပါ၊မှတ်သားပါ။
အိမ်ခြံမြေနှင့်ပတ်သက်သည့် ဗဟုသုတများကိုလေ့လာနိုင်ရန်link
https://www.yuzanarland.com/g/4c4T1

(4) ရိုးသားပါ။
တုံပြန်လိုက်တဲ့အချက်တိုင်းကို အသိပညာရှိမှုနှင့်အတူ
ဝယ်ယူသူ customer တို၏ မျှော်လင့်ချက်များကိုသာ
အလေးထားပြီး ဝန်ဆောင်မှုပေးပါ။ မိမိအနေဖြင့်
အကျိုးဆောင်လောကမှာ မရိုးမသား ပြုလုပ်မယ်ဆိုရင်
ရေရှည်မြဲနိုင်မှာမဟုတ်ဘဲ မိမိဂုဏ်သတင်းများကလည်း
ခနလေးနှင့် ပျက်စီးသွားနိုင်ပါတယ်။
မိမိဆီဝယ်ယူဖို ရောက်လာကြသော ကောင်းမွန်တဲ့ customer
ကိုသာလျှင် သူတိုအကျိုးစီးပွားလိုအပ်ချက်တွေ ပြည့်စုံစေနိုင်မယ့်
အိမ်ခြံမြေမျိုးကို စိတ်ရင်းစေတနာအမှန်ဖြင့် ပြသပေးဖိုလိုအပ်ပါတယ်။
သိုပေမယ့် မိမိအချိန်ကို အလဟာသ လာဖြုန်းတီးနေသော
ဝယ်မယ်ပြောပြီး အိမ်ခြံမြေအရောင်းအားလုံးနီးပါး
လိုက်စုနေသူကိုတော့ အချိန်မပေးသင့်ပါ။(ဥပမာပြောရရင်
အိမ်ခြံမြေအကျိုးတစ်ယောက်ဖြစ်ဖူးတာလေး
ရှိပါတယ်။သူ့အနေနဲ့ အိမ်ခြံမြေအရောင်းများကို
မမောမပမ်း စုစည်းထားရပါတယ်။ဝယ်မယ်ဆိုတဲ့သူတစ်ယောက်ကို
သူ့ရဲ့အိမ်ခြံမြေ အရောင်းအကုန်လုံး ပြပေးလိုက်တာ အဲဒီသူက
လိုင်စင်မရှိအရပ်အကျိုးဆောင်ဖြစ်နေပြီး
သူ့ဆီရှိတဲ့ အိမ်ခြံမြေတွေ ပါသွားခဲ့ရပါတယ်။)
အမှန်တကယ်ဝယ်ယူရန် ရောက်လာသူများကို စိတ်ရင်းစေတနာမှန်မှန်ဖြင့်
ဝန်ဆောင်မှု ပေးတတ်ပါစေ။

မိမိအိမ်ခြံမြေအရောင်းတွေကို ပြသပြီး ရောင်းဝယ်ငှားလိုရမယ့်
အိမ်ခြံမြေ Application လေးကို Download ဆွဲပြီး
အရောင်းတွေကို ပြသပေးနိုင်ရန်အတွက် link လေးချပေးလိုက်ပါတယ်။
Play store-https://www.yuzanarland.com/g/pwipE
Apple store-https://www.yuzanarland.com#property

App မှာမဟုတ်ဘဲ website မှာ လွယ်လွယ်ကူအကောင့်ဖွင့်ရန်link
https://www.yuzanarland.com/login
 

ဘယ်လိုအရောင်းတင်ရမယ် အိမ်ခြံမြေတွေကို
ဝယ်လက်တွေမြင်နိုင်အောင်ပြသနည်း အသုံးပြုနည်း
https://www.yuzanarland.com/guide

"သင့်ရဲ့ အိမ်ခြံမြေ ပိုင်ဆိုင်မှု‌တွေဟာ ယူဇနာနဲ့
တိုင်းတာရတဲ့အထိကို အရောင်းအဝယ် ပြုလုပ်လိုက်ပါ။”
 

Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ်  ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ **********************************           ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့  ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း  နဲ့ ပတ...

အသိုက်  အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက်      အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။  ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate