ပြေလည်အောင် မညှိနှိုင်းနိုင်ကြတဲ့အခါ နှစ်ဖက်လုံးထိခိုက်ကြရတဲ့ အမွေ ပြသာနာ

ပြေလည်အောင် မညှိနှိုင်းနိုင်ကြတဲ့အခါ နှစ်ဖက်လုံးထိခိုက်ကြရတဲ့ အမွေ ပြသာနာ

 မောင်နှမ(4)ယောက်ဆိုင်တဲ့ အိမ်ခြံမြေကို မောင်နှမ(3)
ယောက်က အရောင်းအပ်လာပါတယ်။
(3)ယောက်စလုံးရဲ့ အပြောမှာတော့ ဘာအရှုပ်အရှင်းမှ
 မရှိအကုန်သဘောတူပြီး အမွေခွဲလိုတာနဲ့
ရောင်းလိုပါတယ် လို့ဆိုလာပါတယ်။ 
ကျွန်တော့်အနေနဲ့လည်း ကြည်ကြည်ဖြူဖြူ 
အရောင်းအပ်လာတဲ့သူရဲ့ အရောင်းကိုလက်ခံခဲ့ပါတယ်။
စိတ်ထဲမသင်္ကာတာနဲ့ သူတို့နေရာရပ်ကွက်ထဲကို
 အလုပ်ကိစ္စနဲ့ရောက်သွားတဲ့အခါမှာ တစ်ခွန်းရရ နှစ်
ခွန်းရရ စုံစမ်းကြည့်ခဲ့ပါတယ်။
ဒီအရောင်းကို ကျွန်တော် Online မှာ မတင်ခဲ့ပါဘူး။
မသင်္ကာစရာလေးတွေ ရှိနေတဲ့အတွက်ကြောင့်ပါ။
ကျွန်တော့်မိတ်ဆွေဦးလေးတစ်ယောက် ဆီကနေပြီး
 ဝှိက်ပြီး သိလိုက်ရတဲ့ဖြစ်ပုံက-
“ဒီ ရပ်ကွက်ထဲမှာ  ပေ 120ပတ်လည်ကျယ်တဲ့ ခြံကို 
အကြီးဖြစ်သူက စျေးကောင်းရတယ်ဆိုပြီး ရောင်းချင်နေတာ
အဲဒီထဲက အလတ်က မရောင်းချင်လို့ 
ကန့်ကွက်နေတာတွေဖြစ်နေတယ်။”
အမွေကိစ္စတွေထင်တယ် ဦးလေး၊ကျန်နှစ်ယောက်ရော
 ရောင်းတာကို သဘောတူလား”
“ကျန်တဲ့နှစ်ယောက်က သဘောတူတယ်၊ရောင်းချင်တဲ့သူတွေက 
အကျိုးဆောင်တွေတော်တော်များများဆီမှာအရောင်းအပ်
ထားကြတယ် ပြောတယ်။”
“တစ်ယောက်က ကန့်ကွက်နေတာမျိုး၊ပြေလည်အောင် 
ညှိရတာကလည်း သိပ်ခက်နေတာမျိုးဆိုရင်တော့
 အကျိုးဆောင်တွေလည်း ရောင်းရခက်မယ် ထင်တယ်ဗျ”
ဆိုပြီး ဒီလိုကနေ  တစ်ဆင်သိခွင့်ရခဲ့ပါတယ်။

- ကိုယ့်ရဲ့ လိုအပ်ချက်အတွက်နဲ့ ပြေလည်အောင်မညှိနှိုင်း
နိုင်ကြတဲ့အခါ နှစ်ဖက်စလုံး ထိခိုက်ကြရပါတယ်။
- (4)ဦးထဲက တစ်ဦးက သူနဲ့သက်ဆိုင်နေလို့ မရောင်းချင်တာကို
 ကျန်(3)ဦးက အတင်းရောင်းဖို့ ကြိုးစားရင်
အမှု့ဖြစ်ပြီး ပြသာနာက ကြီးထွားသွားနိုင်တဲ့ အခြေအနေပါ။
- အရင်ဦးဆုံးလုပ်သင့်တာကတော့ ပြေလည်သည်အထိ 
ညှိနှိုင်းဆောင်ရွက်သင့်ပြီး၊ညှိနှိုင်း၍ မရဘူးဆိုရင်တော့
Noctice စာပို့ရပါတယ်။ဒါမှ ထပ်မရရင်တော့ 
အမွေပုံစီမံခန့်ခွဲမှု့နဲ့ တရားစွဲပေါ့။

⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️

အမွေဆိုင်များ ပိုင်ဆိုင်သည့် အိမ် ခြံ မြေ ကိုအမွေဆိုင်တစ်ဦးက အခြားအမွေဆိုင်များ
 မသိအောင် ရောင်းချမည်ဆိုလျှင် အရောင်းအဝယ် မပြီးမြောက်သေးပါက အခြားအမွေဆိုင်များက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနတွင် 
အချင်းဖြစ် မြေကွက်နှင့်ပတ်သက်ပြီး ကန့်ကွက်လွှာတင်ခြင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။
ဆက်လက်ဖတ်ရှု့ရန် https://www.yuzanarland.com/g/iMmcT 

အမွေမှု (၂)မျိုး နှင့်  ကာလစည်းကမ်းသတ်ပြသနာ

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အောက်ပါအတိုင်း အမွေမှု ၂ မျိုး ၂စား ရှိသည်။

(၁) သားသမီးက ကျန်ရစ်သူ မိဘထံမှ ရရန်ရှိသောအမွေဝေစု ရလိုကြောင်းစွဲဆိုသောအမှု

(၂)  အမွေဆိုင်တစ်ဦးက ပူးတွဲအမွေဆိုင်အပေါ် အမွေဝေစုရလိုကြောင်း စွဲဆိုသောအမှု�
ဆက်လက်ဖတ်ရှု့ရန် https://www.yuzanarland.com/g/HCgzB

အိမ် ၊ ခြံ ၊ မြေ အမွေရဖို့ လုံးဝသေချာတဲ့ နည်း‼

အရမ်းထိရောက်တဲ့ နည်းလမ်းကောင်း တစ်ခုဖြစ်သလို လုပ်ထားဖို့ နည်းလမ်းကလည်း လွယ်ကူပါတယ်. အဲ့ တာကတော့ မိသားစုစီမံမှုစာချုပ် ပါ ။ မိသားစုစီမံမှု ကိုသာလုပ်ထားရင် အရမ်းအတွေ့ရများ လာတဲ့ မိသားစုတွင်းမှာ မောင်နှမချင်း အိမ် ခြံ မြေလူယှက်ကြတဲ့ အမွေမှု တွေ ဖြစ်လာစရာ အကြောင်းမရှိတော့ပါဘူး။
ဆက်လက်ဖတ်ရှု့ရန် https://www.yuzanarland.com/g/TxVYH 
 

Related Posts

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား

'နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင် ခွင့် ရှိပါသေးသလား''ဟု မိတ်ဆွေ တစ်ဦးက စာရေးသူထံ လာရောက် ဆွေးနွေးပါသည်။''ဘယ်လိုအခြေအနေမျိုးဖြစ် လို့လဲ၊ ပထမ အိမ်ထောင်နဲ့ လက်ထက် ပွားပစ္စည်းဆိုရင်တော့ ပထမဇနီး ခင်ပွန်းနဲ့ ထက်ဝက်စီအမွေဝေစုရခွင့် ရှိပါ...

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း

မြန်မာဓလေ့ထုံးတမ်းဥပဒေ- ပဋိညာဉ်ဥပဒေပုဒ်မ ၂၃ ပါ “ ဥပဒေ ” ဆိုသောစကားရပ်- မြန်မာနိုင်ငံတရား ဥပဒေများ ဆိုင်ရာဥပဒေပုဒ်မ ၁၃ (၁) - မြန်မာဗုဒ္ဓဘာသာဝင်များအကြား အငြင်းပွားနေသော အမွေဆက်ခံသည့် ကိစ္စနှင့်စပ်လျဉ်းသည့်ဓမ္မသတ်ပါ ပြဋ္ဌာန်းချက်များသည် ဥပဒေဖြစ်သည့်အလျ...

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ

မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် မိဘသည် သားသမီးများအားအမွေမှ မပယ်ထုတ်နိုင်ပေ\သို့ရာတွင်အောက်ပါ အကြောင်းသုံးရပ်ကြောင့်သားသမီးများသည် မိဘအမွေ ဆက်ခံနိုင်ခွင့်ဆုံးရှုံးခြင်းခံရပေသည်သူတစ်ပါးအား မွေးစားရန်ပေးအပ်ခံရခြင်းမိဘများကွာရှင်းပြတ်စဲကြပြီးနောက် သားသမီးဖြစ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate