ညဆိုအသံဆူညံတဲ့ ကြွက် တွေကိုထွက်ပြေးစေတဲ့ နည်းလမ်း ၆ မျိုး

ညဆိုအသံဆူညံတဲ့ ကြွက်တွေကိုထွက်ပြေးစေတဲ့ နည်းလမ်း ၆ မျိုး
မိမိ ရဲ့ နေအိမ် ၊ အသုံးဆောင်ပစ္စည်း နဲ့ ပရိဘောဂ တွေကို ဖျက်ဆီးပြီး လူကို အမျိုးမျိုးဒုက္ခ ပေးတတ်တဲ့ သတ္တဝါတွေထဲမှာ ကြွက်တွေလည်းပါဝင်တာ သိပါတယ်နော်။ အကောင်သေးတာကြောင့် အပေါက်သေးသေးလေး နေရာသေးသေးက ကြွက်တွေအတွက် သွားလာလှုပ်ရှားဖို့ လုံလောက်ပါတယ် ။ ကြွက်တွေကို အိမ်ကြမ်းပြင် ၊ ခန်းဆီးတွေ ၊ မီးဖိုချောင် နဲ့ ကြောင်အိမ်တွေမှာ အတွေ့များပြီး အကောင်ရေများလာ ရင်တော့ တစ်အိမ်လုံးပတ်ပြေး ကြပါတယ်။
အိမ်တွင်းနည်းလမ်း ပေါင်းများစွာနဲ့ ကြွက်တွေကို နိုင်နှင်းနိုင် ပင်မဲ့ အသုံးများတဲ့ နည်းလမ်း ၈မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ထိရောက်စေတဲ့ နည်းလမ်းတွေဖြစ်ပြီး ဆိုးကျိုးဖြစ်စေမဲ့ ဓာတုနည်းလမ်းတွေ မပါတဲ့ သဘာဝနည်းလမ်း ကောင်းလေးတွေပါ။
၁။ ရနံ့ဆီ
မွှေးတဲ့ဆီ မှန်သမျှအကုန် ကတော့ ကြွက်ကိုမပြေးစေနိုင်ပင်မဲ့ ထွက်ပြေးအောင်လုပ်နိုင်တဲ့ ဆီတွေလည်းရှိပါတယ်။ ဘယ်ဆီတွေလဲ ဆိုရင်တော့ ပူဆီနံရွက်ဆီ ၊ ပင်စိမ်းရွက်ဆီ ၊ လာဗင်ဒါဆီ ၊ ယူကလစ်ဆီ ပုန်းညက်ပန်းဆီ နဲ့ လေညှင်းပွင့်ဆီ တွေ့ကတော့ ကြွက်တွေမလာအောင် အသုံးပြုနိုင်ပါတယ် ။ ဝါဂွမ်းလုံး လေးကို ဒီဆီတစ်မျိုးမျိုး စွတ်ပြီး ကြွက်တွေလာတတ်တဲ့ နေရာ ၊ အိမ်ပရိဘောဂ ပစ္စည်းကြီးကြီးတွေရဲ့ နောက် ဒါမဟုတ် ကြွက်သိုက်ထဲ ကို တိုက်ရိုက်ထည့်ပေးလိုက်ရင် လည်းရသလို အမှောင်ကျတဲ့ ကြမ်းခင်းပေါ် ထားထားလိုက်ရင်လည်းရပါတယ်။
၂။အလူမီနီယမ်စက္ကူ
သင်မထင်ထားတဲ့ ဒီအလူမီနီယမ်စက္ကူတွေက ကြွက်တွေကို မောင်းထုတ်ရာမှာ ထိရောက်စေတဲ့ နည်းလမ်းတစ်ခုပါ။ ကြွက်တွေက ဒီ အလူမီနီယမ်စက္ကူတွေရဲ့ အနံ့နဲ့ အသံကို လုံးဝမကြိုက်ပါဘူး။ ဘယ်လို အသုံးပြုရမလဲဆိုတာကတော့ သူတို့ဖြတ်သန်းသွားလာတတ်တဲ့ နေရာတွေ မှာ အလှူမီနီယမ်စက္ကူတွေကို လုံးပြီး လိမ့်ထားပေးလိုက်ရုံပါဘဲ။
၃။ မုန့်ဖုတ်ဆော်ဒါ
ကြွက်တွေအတွက် တော့ မုန့်ဖုတ်ဆော်ဒါက လုံးဝသေစေနိုင်တဲ့ အဆိပ်ပါဘဲ။ သူတို့ကို မောင်းထုတ်ချင်ယုံဘဲဆိုရင် အမှုန့်ဖြန်းထားပေးတာ လောက်ဆိုရင်ရပါပြီ။ (အစားစာ တွေနဲ့ ရောပြီး ထားလိုက်မယ်ဆိုရင်တော့ ကြွက်တွေစားလိုက်တာနဲ့ သေစေပါတယ်)
၄။ ကြောင်
ဒါတော့ ရှေးလူကြီးတွေရဲ့ အရမ်းအသုံးတည့်ခဲ့တဲ့ နည်းလမ်းတစ်ခုပါ။ သင့်အနေနဲ့ လည်း အိမ်မှာကြောင်မွေးထား လိုက်မယ်ဆိုရင် ကြွက်တွေမလာတော့ပါဘူး။ကြောင်တွေက ကြွက်တွေအတွက်တော့ ကြောက်စရာကောင်းတဲ့ မုဆိုးကြီးတွေပါ။
၅။ ကြွက်ထောင်ချောက်
လူတွေ တော်တော်များများ အသုံးပြုတတ်ပြီး ဆိုင်တွေမှာ အလွယ်တကူတဲ့ ကိရိယာတစ်ခုပါဘဲ ။တော်တော် ကိုရက်စက်ပြီး မသေမရှင်ဖြစ်စေတဲ့ ပစ္စည်းကိရိယာတစ်ခု ဖြစ်နေတာကြောင့် ယခုနောက်ပိုင်းတော့ အတတ်နိုင်ဆုံးအသုံးမပြုကြဖို့ တိုက်ထွန်းထားကြပါတယ်။
၆။ အသံလိုင်းထုတ်လွှင့်စက်
ခြင်တွေကို မောင်းထုတ်တဲ့ အတိုင်း ကြွက်တွေအတွက်လည်း အသံလိုင်းစက် ရှိပါတယ်နော် ။ ဒီစက်တွေကို တပ်ထားလိုက်မယ်ဆိုရင် ကြွက်တွေက (10000Hz) အသံလှိုင်းကြိမ်နှုန်း တွေကို ခံနိုင်ရည်စွမ်း မရှိတဲ့ အတွက် ထွက်ပြေးသွားပါလိမ့်မယ်။
ကြွက်တွေက အမြင်အာရုံမကောင်းကြပေမဲ့ အနံ့ခံအာရုံနဲ့ အကြားစွမ်းရည်တော့ အရမ်းကောင်းကြပါတယ်။ တစ်နေ့ကို ၁၂နာရီလောက်အိပ်တတ်ကြပြီး အများဆုံးအနေနဲ့ ၇ နှစ်နှစ်ထိတောင် အသက်ရှင် နေနိုင်ပါတယ်။ ကြွက်တွေက ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယား တွေကို သယ်ဆောင်လာ တတ်ပြီး လျှပ်စစ်မီးနဲ့ ပက်သတ်တဲ့ ပြဿနာ တွေလည်း ဖြစ်စေတာကြောင့်သတိထားဖို့ လိုမယ်နော်။ ခု ဒီစာလေးကိုလည်း ဖတ်ပြီးပြီဆိုတော့ ကြွက်တွေမလာနိုင်တဲ့ နည်းလမ်းလေးတွေကို လက်တွေ့ အသုံးချလို့ရပါပြီ။
_______________________________________________
Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ ********************************** ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့ ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း နဲ့ ပတ...

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?
အသိုက် အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။ ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...