Christmasပွဲတော်ဖြစ်ပေါ်လာရသည့် အကြောင်းအရင်းနှင့်Christmas သစ်ပင်အကြောင်း **************

Christmas ပွဲတော်ဟာ ခရစ်ယာန်ဘာသာဝင်တွေရဲ့
အထိမ်းအမှတ်နေ့ နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။
အရင်ခေတ်အချိန်တုန်းကဆိုရင် ခရစ်စမတ်ပွဲကို
ဇန်နဝါရီ၊ဧပြီ၊မေ စတဲ့လတွေမှာ ကျင်းပခဲ့ဖူးပါတယ်။
အေဒီ (၃၀၀) ပြည့်နှစ်အချိန်ကျမှသာလျှင် ဒီဇင်ဘာ
(၂၅)ရက်နေ့ကို Christmas ပွဲတော်နေ့အဖြစ်
သတ်မှတ် ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။
ပွဲတော်နေ့မှာ ခရစ်ယာန်ဘာသာဝင်တွေအပြင်
တစ်ခြားဘာသာဝင်များလည်း ပျော်ပွဲ၊စားပွဲများ
ကျင်းပကြပါတယ်။ခရစ်စမတ်ကို အတိုကောက်အနေနဲ့
Xmas လိုလည်းသုံးနှုန်းပါတယ်။
X ဆိုတာက ဂရိဘာသာစကားကနေယူထားတာပါ။
Christmas သစ်ပင်နှင့် ဆန်တာကလော့ဘိုးဘိုး
*************
ပွဲတော်နေ့မှာ နေရာတော်တော်များများမှာ
ခရစ်စမတ်သစ်ပင်တွေ ဆန်တာကလော့ဘိုးဘိုး
အရုပ်တွေနဲ့ အလှဆင်ထားတာ တွေ့ရမှာပါ။
ခရစ်စမတ်ပွဲတော်နဲ့ အတူတွေ့ရတဲ့ ခရစ်စမတ်သစ်ပင်ဟာ
ရှေးရောမအင်ပါယာက Saturanalia လူမျိုးတွေရဲ့
နတ်ရိုးရာပွဲမှာ အသုံးပြုခဲ့တဲ့ အမြဲစိမ်းသစ်ပင်ပါ။
ပထမဦးဆုံး ခရစ်စမတ်သစ်ပင်ကို ၁၆၀၄ ခုနှစ်မှာ
ဂျာမန်လူမျိုးတွေက ပထမဦးဆုံးအသုံးပြုခဲ့ကြပါတယ်။
တြိဂံပုံစံရှိတဲ့ သစ်ပင်ကို သူတော်စင် Saint Boniface က
ပြုလုပ်ထားခဲ့ခြင်းဖြစ်ပါတယ်။
အခုခေတ် Christmas သစ်ပင်တွေမှာတော့
လက်ဆောင်ပစ္စည်းတွေ မီးလုံးတွေနဲ့ အလှဆင်
ထားကြပါတယ်။
ခရစ်ယာန်ဘာသာဝင်ကလေးတွေဟာ
လက်တွေ့ဘဝမှာ ဆန်တာကလော့ဘိုးဘိုး
ရှိတယ်ထင်ပြီးခရစ်စမတ်နေ့ရောက်တိုင်း
လက်ဆောင်လာပေးမယ့် ဘိုးဘိုးကို မျှော်နေကြဆဲပါ။
ဆန်တာကလော့စ်က ကက်သလစ်ခရစ်ယာန်
Saint Nicholas ပဲဖြစ်ပါတယ်။ Saint Nicholas ကို
အေဒီ ၂၈၀ဝန်းကျင်မှာ မွေးဖွားခဲ့ပါတယ်။သူဟာ သူ့ရဲ့ပိုင်ဆိုင်မှု့တွေကို
ပေးပစ်ပြီး ကျေးလက်ဒေသဆီ သွားရောက် ခရီးထွက်ပြီး ဆင်းရဲတဲ့
သူတွေကို ကူညီတာတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
Reference – Wikipedia
Christmas နေ့လေးမှာ အားလုံးပျော်ရွှင်ကြပါစေလို့
www.yuzanarland.com မိသားစုမှ ဆုမွန်ကောင်း
တောင်းလိုက်ပါတယ်။