ကျွန်တော် အကျိုးဆောင်ပေးရတဲ့ အိမ်လေးတစ်အိမ်ရှိပါတယ်။ အိမ်က 1000 တန် လုံးချင်းအသေးစားလေးပါ။

ကျွန်တော် အကျိုးဆောင်ပေးရတဲ့ အိမ်လေးတစ်အိမ် ရှိပါတယ်။
အိမ်က 1000 တန် လုံးချင်းအသေးစားလေးပါ။
ဒီအိမ်ကို ကျွန်တော့်ဆီ အပ်ထားခဲ့တာ (၈)လလောက်တော့ ရှိပါပြီ။
အပ်တုန်းကကျတော့ အမည်ပေါက်ပိုင်ရှင်ကပဲ အပ်ထားခဲ့တာပါ။
အဲဒီနောက်ပိုင်း အိမ်အရောင်းနဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့
အမည်ပေါက် ပိုင်ရှင်နဲ့သာ အဆက်အသွယ်ရှိခဲ့တာပါ။
အိမ်လေးကို ကြိုက်တဲ့သူပေါ်လာပြီး အရောင်းအဝယ်ပြီးမြောက်ခါနီး
စရံချမဲ့နေ့ မနက်မှာ ဘယ်တုန်းကမှ မသိဖူးတဲ့သူတစ်ယောက် ပေါ်လာပါတယ်။
အဲဒီလူက ထိုအမည်ပေါက်ပိုင်ရှင်ရဲ့ အသိဟုဆိုကာ အရောင်းအဝယ်လုပ်နေတဲ့
ကျွန်တော့်ဆီလာပြီး အကျိုးဆောင်ခ တစ်ယောက်တစ်ဝက် လို့လာပြောပါတယ်။
ကျွန်တော်ကလည်း အကျိုးဆောင်လိုင်စင် ရှိလားလို့မေးလိုက်တော့
"အဲဒါတွေ အလကားပါကွာ အဲဒါမရှိဘဲနဲ့ လုပ်နေကြတဲ့သူတွေ တစ်ပုံကြီး"
ဆိုပြီးပဲပြောလို့ ကျွန်တော်လည်း -
ကျွန်တော့် ဝယ်လက်၊အမည်ပေါက် ပိုင်ရှင်နဲ့အတူ အရောင်း
အဝယ် ဆက်လက်လုပ်ပြီး အဲဒီကြားလူကို လျှစ်လျှူရှု့လိုက်ပါတယ်။
ကျွန်တော့်လိုပဲ အရောင်းအဝယ်ဖြစ်ခါနီး ကြားထဲကနေ မဆိုင်တဲ့သူဝင်လာ
လို့ စိတ်ညစ်ကြရတဲ့ အကျိုးဆောင်တွေ ရှိကြမယ်လို့ထင်ပါတယ်။
တစ်စိုက်မတ်မတ် လုပ်ဆောင်နေတဲ့ အလုပ်အတိုင်းမှာ အခက်အခဲ
မျက်စီဆံပင်မွေး စူးစရာတွေတော့ ကြုံရတတ်တာပေါ့ဗျာ။
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...