အိမ်ခြံမြေ အကျိုးဆောင် နဲ့ မဝယ်ချင်ဘူး ပိုင်ရှင်တိုက်ရိုက်ပဲ ဝယ်ချင်တယ်ဆိုရင်တော့ ဒီအချက်တွေ အထူးဂရုစိုက်ပြီးမှ ဝယ်ဖို့လိုပါမယ်။

16-Dec-23 Bitter Truths
အိမ်ခြံမြေ အကျိုးဆောင် နဲ့ မဝယ်ချင်ဘူး ပိုင်ရှင်တိုက်ရိုက်ပဲ ဝယ်ချင်တယ်ဆိုရင်တော့ ဒီအချက်တွေ အထူးဂရုစိုက်ပြီးမှ ဝယ်ဖို့လိုပါမယ်။

အိမ် ခြံ မြေ အကျိုးဆောင် နဲ့ မဝယ်ချင်ဘူး
ပိုင်ရှင်တိုက်ရိုက်ပဲ ဝယ်ချင်တယ်ဆိုရင်တော့
ဒီအချက်တွေ အထူးဂရုစိုက်ပြီးမှ ဝယ်ဖို့လိုပါမယ်။

အကျိုးဆောင်မှတဆင့် ပိုင်ရှင်တိုက်ရိုက် မဟုတ်ပဲ
ဝယ်သူနဲ့ မြေပိုင်ရှင်နဲ့တိုက်ရိုက် တွေ့ဆုံပြီးဝယ်လိုသူ
အတွက် အခြေခံ သိထားမှဖြစ်မယ့် အချက်လေးတွေပါ။
1️⃣ အိမ် ခြံ သို့မဟုတ် မြေ
သတ်မှတ်ထားတဲ့ ဘတ်ဂျက်တော့ ရှိပြီးသားပေါ့။
🔹မြေပိုင်ရှင်က ကျွန်တော့မြေကွက်ရောင်းမယ် လိုက်ကြည့်ပေးပါဦးလို့
မဆိုင်းမတွ ခေါ်ပြောလာရင်တော့ မြေကွက်ကိုတွေ့ပြီပေါ့ဗျာ။
🔹သူမြေကွက်ကို ကြိုက်တယ်ဆိုရင်တော့ အခန်း ၁ ပြီးပြီ။
🔹မကြိုက်ဘူးဆိုရင်တော့ တစ်လမ်းဝင်တစ်လမ်းထွက် တိုင်းခန်းလှည့်ရှာရတော့မှာပေါ့။
🔹လိုချင်တဲ့မြေကွက်တော့တွေ့ပြီ ပိုင်ရှင်က ရောင်းပါ့မလား ❓
🔹ပိုင်ရှင်က ရောင်းမယ်ထား ကိုယ့်ဘတ်ဂျက်နဲ့ ကိုက်ညီရဲ့လား ❓
🔹ကိုက်ညီတယ်ပဲထား အရှုပ်အရှင်းရှိလား ဆိုပြီး ပိုင်ရှင်ကိုပဲမေးမှာလား ❓
2️⃣ အရှုပ်အရှင်း
ရုံးမှာတော့ ကိုယ်တိုင် သွားစစ်လိုက်လို့ရတယ် ဒါပေမယ့်
🔸ညီအကို မောင်နှမ အမွေကိစ္စ၊ မိသားစုစီမံ ၊ အိမ်ထောင်ရေးနဲ့ ညှိမညှိ၊
ပိုင်ရှင်အဆင့်ဆင့် ပြောင်းလဲလာပုံ အစရှိတဲ့ ဒီမြေရဲ့ ရာဇဝင်
( အရေးမကြီးဘူးလို့ ထင်ရပေမယ့် ကြုံလာမှ ဘာဆက်လုပ်ရမှန်းမသိ )
ဒါတွေအားလုံးကို တစ်ခုခြင်းအတွက် အချိန်ယူပြီးသေချာလေး စစ်ဆေးဖို့ လိုအပ်ပါမယ်။
🔸နယ်ခံဖြစ်ပြီး အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းကိုပဲ အဓိက လုပ်ကိုင်တဲ့ သူတွေတောင် တစ်ခါတစ်လေ မှားယွင်းတဲ့ သတင်းအချက်အလက်ကို ရတတ်လို့ ကိစ္စတစ်ခုကို တစ်ဦးတစ်ယောက်ထဲ ပြောတဲ့စကားကို အတည်မယူသေးပဲနဲ့ ၂ နေရာ ၃ နေရာတော့ လေ့လာရသေးတယ်ဗျ။
🔸တစ်ချက်လေးပေါ့ လိုက်တာနဲ့ အတွေ့အကြုံကို ရှေ့တန်းတင်ပြီး မနည်းကို နည်းလမ်းပေါင်းစုံရှာပြီး ဖြေရှင်းတတ်ရတယ်ဆိုတာတော့ မေ့ထားလို့တော့မရပါဘူး။
3️⃣ အရောင်းအဝယ်
မြေအကြိုက်တွေ့တယ် ပိုင်ရှင်ကလည်းရောင်းမယ်၊ အရှုပ်အရှင်းလည်းကင်းတယ် ဆိုရင်တော့
🔺တတိယအဆင့်ဖြစ်တဲ့ မြေတိုင်းစစ်ဆေးပြီး စျေးနှုန်း ညှိနှိုင်းရတဲ့ အဆင့်ပါ။
🔺ပေါက်စျေးကို မသိဘူးဆိုရင်တော့ ရောင်းပြီးဝယ်ပြီးမှ
ရောင်းသူဘက်က အရမ်း နစ်နာသွားတတ်သလို
ဝယ်သူဘက်ကလည်း အရမ်း နှမျောဖို့ကောင်းတတ်တာ ခဏခဏကြားနေကြရတဲ့ အဖြစ်ပါ။
🔺နောက်တစ်ချက်က နှစ်ဦးနှစ်ဘက်စလုံးက ပဲမများတတ်ပဲ ညှိနှိုင်းလို့ရရင်တော့ ပွဲသိမ်းပြီ ဆိုပေမယ့် ရောင်းခါနီး ဝယ်ခါနီးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့
မရောင်းရလည်း အရေးမကြီးဘူးတို့ မဝယ်ရလည်း ကိစ္စမရှိဘူးတို့ စတဲ့
စကားတစ်ခွန်းလောက် မှားပြီဆိုရင်တော့ တစ်ဖက်က လျှော့ရင်လျှော့မလျှော့ရင်တော့ ပွဲကပျက်ပြီ။
🔺တစ်ခါတစ်လေ ဝယ်သူ အခြေအနေကြည့်ပြီး စျေးပြောင်းလိုက်တာတို့
ရောင်းသူ အခြေအနေကြည့်ပြီး စျေးမတရားနှိမ်ပေးတာတို့ကလည်း ရှိသေးသကိုးဗျ။
4️⃣ ပိုင်ဆိုင်ခြင်း
🟣 အရောင်းအဝယ် ကိစ္စက ပြီးသွားပြီဆိုရင်တော့ အမည်လွဲပြောင်းတဲ့ အပိုင်းကတော့ သက်ဆိုင်ရာ ရုံးတွေမှာလိုက် လုပ်ဖို့ အိမ် ခြံ မြေ  ဥပဒေက မသိမဖြစ် လေ့လာရမယ့်အပိုင်းပါ။
🟣 ( အိမ်ခြံမြေ ဥပဒေကို အခြေခံမှ စပြီး ကျွမ်းကျင်တဲ့အထိလေ့လာ ဖို့စိတ်ဝင်စားသူအတွက် Link လေးပါ တခါတည်းပေးထားပါမယ်ခင်ဗျာ )
" https://www.yuzanarland.com/g/qc8N5 "
🟣ဒီမြေကွက်မှာ ကိုယ်က တခါတည်းနေမယ်ဆိုရင်တော့ ရှိပြီးသားအစီစဉ်အတိုင်း ဆက်လုပ်လို့ရပါပြီ။
ဝယ်ပြီးတော့ အခြေအနေအမျိုးမျိုးကြောင့် မြေကွက်နဲ့ အဝေးမှာနေရဦးမယ်ဆိုရင်တော့ ကျူးမဝင်အောင် တနည်း မြေပေါ်မြေအောက် ဖျက်ဆီးခြင်း၊ ပျက်ဆီးခြင်းမှ ကာကွယ်ဖို့ရန်အတွက် ပိုင်ဆိုင်သူလက်ဝယ်မှာရှိကြောင်း အမြဲပြနေရတော့မှာပါ။
🟣 ခြံမြေကို စောင့်ရှောက်ပေးဖို့ ပတ်ဝန်းကျင်ကို ပြောထားရုံ၊ ရောင်းခဲ့သူကို ပြောထားရုံနဲ့ လုံးဝ မပြီးသေးပါဘူးခင်ဗျာ။
🟣 ကျေးရွာ ရပ်ကွက် အုပ်ချုပ်ရေးမှုး၊ ရာအိမ်မှုး၊ ဆယ်အိမ်မှုး အစရှိတဲ့လူကြီးသူမ တို့နှင့် ပုံမှန်အဆက်အသွယ်ရှိနေရမည်ဖြစ်အပြင်...
🟣 ခြံစည်းရိုးခတ်ခြင်း၊ အပင်စိုက်ပျိုးခြင်းနှင့် အချိန်အားလျှော်စွာ သွားရောက်အရောင်ပြခြင်း၊ ချုံရှင်းအမိုက်သိမ်း၊ ရပ်ရွာအလှုငွေကဲ့သို့ လိုအပ်တဲ့ကိစ္စကိုပြုလုပ်ပေးခြင်း စတဲ့ အမြဲတမ်းစောင့်ရှောက်ပေးတဲ့ မိတ်ဆွေကောင်းရှိနေဖို့က လည်းအရမ်းကို အရေးကြီးတဲ့အပိုင်းပါ။
🔴 စာကြွင်း
♦️ အဲဒီအပိုင်းတွေထဲက တစ်ခုခုလစ်ဟင်း မိပြီဆိုတာနဲ့ ကိုယ့် ပိုက်ဆံနဲ့ကိုယ် သောက၊ ပရိဒေဝ၊ ဒုက္ခ စတဲ့ အခက်အခဲကို ဝယ်ယူမိသလိုမဖြစ်အောင် အထက်မှာပြောခဲ့တဲ့ အခြေခံ အချက်အလက်တွေကို သေချာစီစစ်ဖို့ အထူးအကြံပြုပါရစေ…
♦️ အဲဒါတွေ အကုန်လုံးကို ကိုယ်တိုင် လိုက်လုပ်ဖို့ အခက်အခဲရှိတာတို့၊ စိတ်ရှုပ်မခံချင်တာတို့၊ အချိန်မပေးနိုင်တာတို့ ဆိုရင်တော့ ကိုယ်တိုင်ဝင်လုပ်စရာမလိုပဲ အနည်းဆုံး 90% သေချာနိုင်တဲ့ အချက် တစ်ချက်ရှိပါသေးတယ်ခင်ဗျ။
5️⃣ 90 %+ Safety
🟡 အိမ်ခြံမြေလုပ်ငန်းကို တရားဝင် လိုင်စင်နဲ့ လုပ်ကိုင်တဲ့ အကျိုးဆောင် Company တွေများစွာရှိပါတယ်။
🟡 ဒီအလုပ်ကိုပဲ ဇောက်ချ လုပ်ကိုင်တာဖြစ်လို့ လိုအပ်တဲ့ အိမ်ခြံမြေ သင်တန်းများစွာ တက်ပြီး စည်းမျဉ်းစည်းကမ်းတွေကို ရှေ့တန်းတင်ကာ အထူးကျွမ်းကျင်အောင် လေ့ကျင့်ထားတဲ့ Company ကိုတော့ အထူးရွေးချယ်တတ်ဖို့တော့လိုတာပေါ့။
🟡 “ အဲဒီလိုမဟုတ်တဲ့ တစ်ဦးတစ်ယောက် ” က အမှားလုပ်လိုက်လို့ အိမ်ခြံမြေ လောကတစ်ခုလုံးကို ဝါးရင်းတုတ် မစင်သုတ်ပြီးပတ်ရမ်းတဲ့ အသံကတော်တော်  စိတ်ထိခိုက်စရာပါဗျာ။
🟡 အဲဒီထဲကမှ နာမည်ပျက်မရှိ လုပ်ကိုင်တဲ့ Company များစွာထဲက တစ်ခုကို ရွေးချယ်ပြီး အပ်ရန်အတွက်ပါ။
🟡 ပိုင်ဆိုင်ပြီးဖြစ်တဲ့ အိမ်ခြံမြေကို တန်ဖိုးအရမ်းနည်းတဲ့ သော့လေးဟာ အရမ်းကိုအကာအကွယ်ပေးသလို သိန်းပေါင်းများစွာသုံးပြီး ဝယ်မယ့် အိမ်ခြံမြေကို စိတ်ချရအောင် အကျိုးဆောင်ခလေးကိုတော့ မနှမျောစေချင်ပါ။
🟡ကျွန်တော့်ဆီကိုပဲလာခဲ့ပါ လို့ဆိုလိုခြင်း မဟုတ်ပါဘူးခင်ဗျာ့။ မိတ်ဆွေ နှစ်သက်ရာ အိမ်ခြံမြေ အကျိုးဆောင် Company တစ်ခုခုကနေ ဆက်သွယ်ပြီးမှ ဝယ်ယူဖို့ အကြံပြု တိုက်တွန်းတာပါခင်ဗျာ။
🟡 သော့အိမ်လေးတစ်ခုဟာ သူ့ Quality နဲ့သူ့တန်ဖိုးနဲ့သူ ရှိသလို အကျိုးဆောင် Company တွေလည်း သူ့ Service Quality နဲ့သူ့တန်ဖိုး မတူညီနိုင်ကြပါ။
🙏 ရောင်းသူ ဝယ်သူ အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး လွယ်ကူသော အရောင်းအဝယ်များစွာ    ဖြစ်ထွန်းကြပါစေ....🙏

Related Posts

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate