နှလုံးရောဂါဝေဒနာအသဲအသန်ဖြစ်နေတဲ့ ကျွန်မရဲ့ဦးလေးကို ကျွန်မတို့မိသားစုက ပြုစုကုသပေးနေပါတယ်။ကျွန်မရဲ့ဦးလေးမှာ သူပိုင်ဆိုင်တဲ့ ခြံကွက်ရှိပါတယ်။သူအနေနဲ့ ကြည်ဖြူစွာဖြင့် သူရဲ့ညီမဖြစ်သူ ကျွန်မအမေကို သူ့ခြံကွက်အားပေးကမ်းခဲ့ပါတယ်။
မေး။ ။ နှလုံးရောဂါဝေဒနာအသဲအသန်ဖြစ်နေတဲ့ ကျွန်မရဲ့ဦးလေးကို
ကျွန်မတို့မိသားစုက ပြုစုကုသပေးနေပါတယ်။ကျွန်မရဲ့ဦးလေးမှာ
သူပိုင်ဆိုင်တဲ့ ခြံကွက်ရှိပါတယ်။သူအနေနဲ့ ကြည်ဖြူစွာဖြင့်
သူရဲ့ညီမဖြစ်သူ ကျွန်မအမေကို သူ့ခြံကွက်အားပေးကမ်းခဲ့ပါတယ်။

မိဘရှိစဉ်ကတည်းက ဦးလေးတို့မောင်နှမအားလုံး အမွေပစ္စည်းခွဲဝေယူပြီးဖြစ်ပါတယ်။
ဒါပေမယ့် ဦးလေးရဲ့ ညီမဖြစ်သူနောက်တစ်ယောက်က ကန့်ကွက်တာမျိုး
သူ့အတွက်ပါခွဲဝေပေးစေလိုတာမျိုးပြုလုပ်နေပါတယ်။ ဘယ်လိုလုပ်သင့်တာပါလဲရှင့်။
ဖြေ။ ။အခုမေးပုံအရဆိုရင် ရောဂါဖြစ်နေတဲ့ ဦးလေးဖြစ်သူတို့မောင်နှမဟာဆိုရင် အမွေပစ္စည်းလည်းခွဲဝေယူလို့ပြီးတဲ့ သူတွေဖြစ်တဲ့အတွက်ကြောင့် တခြားမောင်နှမတွေနှောင့်ယှက်လည်း ဦးလေးအပေါ်မှာပဲမူတည်ပါတယ်။ဦးလေးဆိုသူအနေနဲ့
မိမိအား ဆေးကုသပေးခဲ့သော သူသာလျှင်ပေးလိုတဲ့ပစ္စည်းကို လက်ခံရယူမယ့်မိသားစုများ လုပ်သင့်တာတော့ ဦးလေးသက်ရှိထင်ရှား
ရှိနေစဉ်အတွင်း အရောင်းအဝယ်စာချုပ်ချုပ်ထားပြီးတရားဝင်ဖြစ်အောင်မှတ်ပုံတင်ထားပါ။ရှေ့နေ၊သက်သေတွေနဲ့ သေသေချာချာခိုင်မာစွာချုပ်ဆိုပါ။အရပ်စာချုပ် ပြီး ပြီးစလွယ်သဘောမျိုးမလုပ်ပါနဲ့။
-------------------------------------------------
လောကီအရ လုပ်သင့်လုပ်ထိုက်တာနောက်တစ်ခုအနေနဲ့ ဆေးကုသစရိတ်ကြီးတဲ့ ဦးလေးအတွက်ပါ အဆင်ပြေသွားအောင်နှင့်
အရှုပ်အရှင်း မဖြစ်အောင် တခြားတစ်ယောက်ယောက်ဝယ်သူရှိနေပါက ထိုသူအားရောင်းလိုက်ပါ။ဦးလေးကို ကုသပေးတဲ့ ဆေးကုသစရိတ်ကိုစရင်းပြုစုထားပါ။
ဦးလေးဖြစ်သူရဲ့ ခြံ ကျန်ခဲ့တာဆိုရင်တော့ မောင်နှမတစ်သိုက်နဲ့ အရှုပ်ရှင်းရှိနေပါလိမ့်မယ်။
ရောင်းလိုက်ပြီး ဦးလေးဖြစ်သူကို ဆေးကုသပေးနေတဲ့ မိသားစုက စီမံလို့ရပါမယ်။
ဦးလေးဖြစ်သူရဲ့ ခြံက အရှုပ်တစ်ခုခုဖြစ်ရင် ဦးလေးနဲ့အတူနေတဲ့ မိသားစုက ရင်ဆိုင်နေရမှာပါ။