နော်ဝေးနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ လှပတဲ့အလင်းတန်းများအကြောင်း

Aurora Borealis ဆိုပြီးလူသိများတဲ့ နော်ဝေးရဲ့ လှပတဲ့အလင်းတန်းဟာ ကမ္ဘာမြေကြီးရဲ့ လေထုထဲကို ဝင်ရောက်လာတဲ့ နေရဲ့ အမှုန်အမွားလေးတွေ ဖြစ်ပါတယ်။ ရောင်စုံမီးရောင်ပုံစံများဖြင့် လှပတဲ့ သဘာဝဖြစ်စဉ်ကြီးတစ်ခုအဖြစ် တည်ရှိနေပါတယ်။ နော်ဝေးမြောက်ပိုင်းက စက်တင်ဘာလနှောင်းပိုင်းနှင့် မတ်လနှောင်းပိုင်းကြားမှာ မွန်းလွဲချိန်ကနေ နံနက်မိုးသောက်ယံအချိန်ထိ မှောက်မိုက်နေပြီး အလင်းတန်းလေးများကတော့ ကောင်ကင်းယံကနေ လှပစွာ တည်ရှိလျှက်ရှိနေပါတယ်။
အဲဒီအလင်းရောင် တွေကလည်း တစ်သတ်မတ်တည်း ပုံသေတည်ရှိ နေတာမျိုးတော့မဟုတ်ပါဘူး။
လေထုအတိုင်း ရွေ့လျှားသွားလာနေတဲ့အတွက်ကြောင့် တောက်ပတဲ့ရောင်စုံ
အလင်းတန်းများကို လာရောက်ကြည့်ရှုသူတွေ လည်းများပြားခဲ့ပါတယ်။
ဒီနေရာလေးကို ကမ္ဘာ့အလှဆုံးနှင့် စိတ်ဝင်စားစရာ အကောင်းဆုံးနေရာ အဖြစ်
သတ်မှတ်ခံထားရပါတယ်။
နော်ဝေးမြောက်ပိုင်းဒေသကို လာရောက်တဲ့
ဧည်သည့် တွေဟာဆိုရင်ဖြင့်
ဒီလှပတဲ့အလင်းရောင်ကို အားကိုးပြီး ပျော်စရာများကို ဖန်တီးကြပါတယ်။
အမဲလိုက်ခြင်း၊ တောက်တက်ခြင်း၊ ငါးဖမ်းခြင်း၊ နှင်းလျောစီးခြင်း စတာတွေဖန်တီးပြီး နော်ဝေးရဲ့ အလင်းရောင်ကြားမှာကုန်ဆုံးကြပါတယ်။
သဘာဝတရားကြီးကို ချစ်မြတ်နိုးပြီး အေးဆေးစွာ နေလိုကြသူတွေအနေနဲ့
လုံးဝကို ကြိုက်နှစ်သက်စေမယ့် နော်ဝေးမြောက်ပိုင်းက ညအလင်းရောင်းလေးပါ။
အစိမ်းရောင် ၊ အပြာရောင် နှင့် တစ်ခါတစ်ရံ ပန်းရောင်၊ ခရမ်းရောင်စတဲ့ အရောင်နုလေးတွေဖြင့် ခြယ်သထားတဲ့ ညကောင်းကင်တခွင်က ပျော်ရွှင်စွာကနေတဲ့ အလင်းတန်းလေးများသဖွယ် ဖြစ်နေပါတယ်။
ကောင်းကင်ယံက ကြည်လင်ပြီး မှောင်နေချိန်မှာ Aurora Borealis ကို မြင်တွေ့နိုင်ပါတယ်။ အလင်းရောင် အများဆုံးမြင်တွေ့ရတဲ့အချိန်ကတော့ 11PM နှင့် 2 AM ကြားမှာဖြစ်ပါတယ်။
နွေဦးရာသီ (မတ်/ဧပြီ) နှင့် ဆောင်းဦးရာသီ (စက်တင်ဘာ/အောက်တိုဘာ) တွင် အလင်းတန်းမြင်ရမှုက အမြင့်ဆုံးအဆင့်မှာရှိပါတယ်။
Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ ********************************** ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့ ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း နဲ့ ပတ...

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?
အသိုက် အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။ ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...