လှည်ပတ်စရာအကောင်းဆုံး လှပတဲ့ နေရာ(5) နေရာ

(1) The Maldives
အသေးငယ်ဆုံး ကျွန်းနိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ ပတ်ပတ်လည်မှာ သန္တာကျောက်တန်းတွေ ကာရံထားတဲ့အတွက်ကြောင့်
ထူးခြားပြီး လှပလှတဲ့ ကျွန်းနိုင်ငံလေးဖြစ်ပါတယ်။ ကျွန်းတစ်ခုစီကို ဝန်းရံထားတဲ့ ပယ်လယ်သမုဒ္ဒရာကြီးဟာ ထူးခြားတဲ့အရောင်အဆင်းများနှင့်အတူ အံဩဖွယ်ကောင်းတဲ့ လှပမှု့ကို ပေးစွမ်းနိုင်ပါတယ်။
(2) Rice Terraces of Vietnam
ဗီယမ်နမ်လူမျိုးများဟာ နှစ်ရာနဲ့ချီပြီး စပါးစိုက်ပျိုးခဲ့ကြပါတယ်။
လှေကားထစ်ပုံစံ စပါးစိုက်ခင်းများ ရွှေရောင်သန်းနေတဲ့ စပါးခင်းများဟာဆိုရင်ဖြင့် ကမ္ဘာလှည့် ခရီးသွားသူတွေကို အပြင်းအထန်ဆွဲဆောင်နေပါတယ်။
Mu Cang Chai ဒေသရှိ စပါးစိုက်ခင်းများဟာ စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်းအတွက် အရေးအကြီးဆုံးနေရာဒေသ ဖြစ်တဲ့အတွက်ကြောင့် ဗီယမ်နမ်နိုင်ငံ ရောက်တဲ့အခါ အဲဒီဒေသကို သွားရောက်ခဲ့ကြပါ။
(3) Hampi, India
ယူနက်စကိုမှ သတ်မှတ်ထားတဲ့ ကမ္ဘာ့အထိမ်းအမှတ် နေရာတစ်နေရာအဖြစ် ၁၉၈၆မှာ သတ်မှတ်ထားခဲ့တာပါ။ ရှေးခေတ်အခါ ကဆောက်လုပ်ထားတဲ့ အဆောက်အအုံကြီး ဖြစ်တာကြောင့် ထူးခြားပြီး ခမ်းနားကြီးမားတဲ့ အမြင်နှင့်အတူ ရာဇဝင်တွေ များစွာရှိတဲ့အတွက်ကြောင့် သွားရောက်ပြီး ကြည့်ရှု့လှည့်လည် သင့်တဲ့နေရာဖြစ်ပါတယ်။
(4) Salar de Uyuni
ဒီနေရာကတော့ ကမ္ဘာပေါ်မှာ အကြီးဆုံး ဆားသဲသောင်ပြင် ပါ။
ပါးလွှာတဲ့ အကြည်ရောင်ရေ အထပ်အမျိုးအစားလိုပုံစံက မှန်လိုမျိုးဖြစ်နေပြီးတော့
ကောင်းကင်ကို ထင်ဟပ်စေကာ တိမ်ပေါ်မှာလမ်းလျှောက်နေရသလို ရေပေါ်မှာသွားလာနေရသလိုမျိုး Feeling ကိုပေးစွမ်းနိုင်မှာပဲဖြစ်ပါတယ်။
အကြီးဆုံး ဆားသောင်ပြင်ကြီးကို ဘိုလီးဗီးယား အနောက်တောင်ပိုင်းတွင် တွေ့ရှိနိုင်ပါတယ်။
(5) The Blue Lagoon
Blue Lagoon ဟာ ရေပူစမ်းများစွာ ရတဲ့နေရာအဖြစ် လူသိများပြီး ရေပန်းအစားဆုံးဖြစ်ပါတယ်။ နို့ပြာရောင်ရေဟာ ရေကန်အောက်ခြေရှိ ရွှံ့နွံဖြူများ၊ဆီလီကာများကြောင့် ဖြစ်ပေါ်လာတာပါ။ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ အနက်ရောင်ချော်ရည်ကွင်းကြောင့် Blue Lagoon ရဲ့ ထူးခြားသောအရောင်မှာ ပိုထင်ရှားပါတယ်။ စိတ်ဝင်စားစရာမှာ Blue Lagoon ကသဘာဝရေပူစမ်းမဟုတ်ပါဘူး။ အနီးနားမှာရှိတဲ့ ဘူမိအပူဓာတ်အားပေးစက်ရုံရဲ့ ရလဒ်ကြောင့် ရေပူရေစမ်းရနေခြင်းဖြစ်ပါတယ်။
National Geographic မှ ကမ္ဘာ့ထိပ်တန်းအံ့ဖွယ် 25 ခုအနက်မှတစ်ခု လည်းဖြစ်ပါတယ်။
Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ ********************************** ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့ ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း နဲ့ ပတ...

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?
အသိုက် အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။ ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...