စရံမချေနိုင်လို့ စရံအရှုံးခံလိုက်တဲ့ ဝယ်သူရော ၊ရောင်းသူပါ အဆင်ပြေနေခဲ့ပါတယ်။ဒါပေမယ့် အုပ်ချုပ်ရေးမှုးဆိုတဲ့သူက သူနဲ့မဆိုင်ပါဘဲ စရံကို အတင်းတောင်းနေပါတယ်။

တောင်ဒဂုံမှာ ခြံကွက်တစ်ကွက် ရောင်းပါတယ်၊
ဝယ်သူက လာပြီး စရံချလိုက်တယ် ၊ငွေအပြတ်ချေ
မယ့်ရက်မှာ မချေနိုင်လို့ စရံကို အရှုံးခံလိုက်တယ်။
ဒီလိုကိစ္စတွေ ဖြစ်ရိုးဖြစ်စဉ်တွေကို ကြားဖူးနေကြမှာပါ။
ဒီတစ်ခေါက်ကိစ္စမှာတော့ စရံမချေနိုင်လို့ စရံအရှုံးခံလိုက်တဲ့
ဝယ်သူရော ၊ရောင်းသူပါ အဆင်ပြေနေခဲ့ပါတယ်။ ဒါပေမယ့်
အုပ်ချုပ်ရေးမှုး ဆိုတဲ့သူက သူနဲ့မဆိုင်ပါဘဲ စရံကို
အတင်းတောင်းနေပါတယ်။
အဲဒီအိမ်ကို တခြားတစ်ယောက်ကလည်း ဝယ်ယူသွားပါပြီ။
လောလောဆယ်မှာတော့ ရောင်းချသူက အိမ်ငှားနေနေပြီး
အိမ်ငှားစာချူပ်နဲ့ ဧည့်စာရင်း သွားထုတ်တဲ့အခါ
“ မလာနဲ့၊ လုံးဝမထုတ်ပေးဘူး ၊စရံပြန်ပေးမှ ရုံးကိုလာခဲ့ “ဆိုပြီး
ပြောလွှတ်လိုက်ပါတယ်။
ပထမ ဝယ်သူကိုယ်တိုင်က ငွေမချေနိုင်တော့လို့
တခြားတစ်ယောက်ဆီမှာ ရောင်းလိုက်ပါ၊ ဆိုပြီး
ပြောထားပြီးသား ကိစ္စ၊စရံငွေပါ ဆုံးရှုံးခံလိုက်တဲ့ကိစ္စမှာ
အုပ်ချုပ်ရေးမှုးက ကြားကနေဝင် ပြဿနာရှာနေခြင်းဖြစ်ပါတယ်။
အိမ်စရံကိစ္စက အုပ်ချုပ်ရေးမှုးနဲ့ မဆိုင်တဲ့ကိစ္စရပ် တစ်ခုဖြစ်ပါတယ်။
ရပ်ကွက်မှာ ဧည့်စာရင်း လက်မခံခဲ့ဘူးဆိုရင်။
ဘာကြောင့် လက်မခံရခြင်း အကြောင်း စာရေးပေးပါ လို့ပြောပြီး
မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းမှာ ဧည့်စာရင်း တိုင်လိုက်လို့ရပါတယ်။
ကြောက်လန့်ပြီး ပြောတိုင်းလုပ်စရာ မလိုတာပါခင်ဗျာ။