မိမိတစ်သက်တာနေထိုင်ဖို့အတွက် အိမ်တစ်လုံးဆောက်လုပ်တော့မယ်ဆိုရင် ဒီအချက်လေးတွေကိုတော့သိထားဖို့ လိုမယ်နော် ။

27-Oct-23 Knowledge
မိမိတစ်သက်တာနေထိုင်ဖို့အတွက် အိမ်တစ်လုံးဆောက်လုပ်တော့မယ်ဆိုရင် ဒီအချက်လေးတွေကိုတော့သိထားဖို့ လိုမယ်နော် ။

မိမိတစ်သက်တာ နေထိုင်ဖို့အတွက် အိမ်တစ်လုံး ဆောက်လုပ်တော့မယ်ဆိုရင် ဒီအချက်လေးတွေကိုတော့ သိထားဖို့ လိုမယ်နော် ။
လူရယ်လို့ဖြစ်လာရင် စား၊ ဝတ်၊ နေရေး ဆိုတာရှိကြပြီး မစားလို့မရသလို မဝတ်လို့လဲမရပြန်တဲ့အပြင် နေစရာမရှိရင်လည်းမဖြစ်ပြန်ပါဘူး ဒါကြောင့်မို့ နေထိုင်ဖို့အတွက် အိမ်ဆောက်တဲ့အချိန်မှာ ဆောင်ရန် ရှောင်ရန်များကို သိထားသင့်ပါတယ် ။
ခေတ်အဆက်အဆက် မြန်မာတို့ရဲ့ ထုံးတန်းစဉ်လာအရ အိမ်ဆောက်တဲ့အခါ နေ့ကောင်း ရက်ကောင်းကို အခုလိုပဲ ရွေးချယ်ပါတယ်ရှင့် ။ 
အိမ်ဆောက်ဖို့အတွက် ကောင်းတဲ့လတွေကတော့ 🏘🏘🏘
တန်ခူးလ ၊ ကဆုန်လ၊ ဝါခေါင်လ ၊ နတ်တော်လ ၊ပြာသိုလနဲ့ တန်ပေါင်းလ တို့ပဲ ဖြစ်ပါတယ်ရှင့် ။
🍀တန်ခူးလ။ ။ တန်ခူးလတွင် အိမ်ဆောက်လျှင် ဥစ္စာဓနကြွယ်ဝခြင်း၊ အိမ်တွင်နေထိုင်သူများ ချမ်းသာသုခနှင့်ပြည့်စုံပြီး လိုအင်ဆန္ဒပြည့်စုံခြင်း များရရှိစေပါတယ် ။
🍀ကဆုန်လ။ ။ ကဆုန်လတွင် အိမ်ဆောက်လျှင် တစ်ပါးသူ အကူအညီပေးခြင်း အိမ်ဆောက်ပြီးကာလတွင် စီးပွားရေးများတိုးတက်လာခြင်း ၊ စားနပ်ရိက္ခာပြည့်စုံခြင်းများ ရရှိစေပါတယ် ။
🍀ဝါခေါင်လ။ ။ ဝါခေါင်လတွင် အိမ်ဆောက်လျှင် ချမ်းသာခြင်း ကြွယ်ဝခြင်း၊ အိမ်တွင်နေထိုင်သူများ ကျန်းမာရေးကောင်းပြီး ဉာဏ်ပညာထက်မြတ်ခြင်း ၊ တစ်ပါးသူများ အားကိုးအားထားပြုခြင်းများကို ခံစားရနိုင်ပါတယ် ။
🍀နတ်တော်လ။ ။ နတ်တော်လတွင် အိမ်ဆောက်လျှင် နာမည်၊ဂုဏ်သတင်း ကျော်ဇောခြင်း ၊အလုပ်အကိုင်များ ပြုလုပ်ရာတွင် အထူးတိုးတက်မြန်ခြင်း တို့ကိုခံစားရစေပြီး ထိုအိမ်တွင် နေထိုင်သူအားလုံး ကျော်ဇော်ခြင်းကို ရရှိနိုင်စေပါတယ် ။
🍀ပြာသိုလ။ ။ ပြာသိုလတွင် အိမ်ဆောက်လျှင် တစ်ပါးသူများ ဝိုင်းဝန်းချီးမွန်းခြင်းခံရကာ ဥစ္စာဓနတိုးလာခြင်း ၊ ဆွေမျိုးမိတ်သင်္ဂဟများပေါများလာခြင်း၊ စားနပ်ရိက္ခာများ သိသိသာသာ ပေါများလာခြင်းကို ဖြစ်စေပါတယ် ။
🍀တန်ပေါင်းလ။ ။ တန်ပေါင်းလတွင် အိမ်ဆောက်လျှင် အိမ်ဆောက်သည့်နေမှစ၍ ဆွေမျိုးမိတ်ဆွေသင်္ဂဟများခြင်း၊ စီးပွားရေးတိုးတက်လာခြင်း၊ အိမ်တွင်နေထိုင်သူများ အရာရာအားလုံး ပြည့်စုံလာခြင်းတို့ကို ခံစားရစေသည် ။
🌀နေ့အလိုက် အိမ်ဆောက်ခြင်း အယူအဆများ🌀 
⏳တနင်္ဂနွေနေ့တွင် အိမ်ဆောက်လျှင်..စိတ်သောကများရတတ်၏ ။
⏳တနင်္လာနေ့တွင် အိမ်ဆောက်လျှင်...အလွန်စိတ်ချမ်းသာရ၏ ။
⏳အင်္ဂါနေ့တွင် အိမ်ဆောက်လျှင်...လာဘ်လာဘများစွာ ရတတ်၏။
⏳ဗုဒ္ဓဟူးနေ့တွင် အိမ်ဆောက်လျှင်...ဆင်းရဲများသော်လည်း ရံဖန်ရံခါ ငွေအလုံးရင်းဝင်တက်၏။
⏳ကြာသပတေးနေ့တွင် အိမ်ဆောက်လျှင်...ရောဂါကင်းစင်ခြင်းကိုရနိုင်၏။
⏳သောကြာနေ့တွင် အိမ်ဆောက်လျှင်...မကြာခန စိတ်ပူပန် ရတက်၏။
⏳စနေနေ့တွင် အိမ်ဆောက်လျှင် ...အထက်လူကြီး ညင်းပန်းခြင်းကို အထူးခံရတက်၏ ။
အမြိတ္တစုတ်ရက် ရွေးနည်း၊ ရှမ်းရက် ရွေးနည်း ၊ရက်ယုတ်မာ ရွေးနည်း၊ ပြဿဒါး ရွေးနည်း ရက်ရာဇာ ရွေးနည်း အစရှိသဖြင့် အမျိုးမျိုးထပ်မံရှိသေးသော်လည်း လူသုံးများတဲ့နည်းလေးကိုပဲ ပထမဆုံး ရွေးချယ် ဖော်ပြပေးလိုက်ပါတယ်ရှင့် ။ တစ်ခြားနည်းများ ကိုလည်း အခွင့်ရေးရတဲ့အခါ ဆက်လက်ဖော်ပြ ပေးသွားပါမယ်ရှင့် ။

Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ်  ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ **********************************           ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့  ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း  နဲ့ ပတ...

အသိုက်  အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက်      အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။  ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!