မိမိတို့ရဲ့ အိမ်မှာ ခွင့်ပြုချက်မရှိသောင်းကျန်းနေတဲ့ပိုးဟပ် တွေကို မလာအောင်ကာကွယ်နိုင်တဲ့ နည်းလမ်း ၆ ချက် နဲ့ ၊ မောင်းထုတ်နိုင်တဲ့ နည်းလမ်း ၇ မျိုး🔖🔖🔖

မိမိတို့ရဲ့ အိမ်မှာ ခွင့်ပြုချက်မရှိသောင်းကျန်းနေတဲ့ ပိုးဟပ်
တွေကို မလာအောင်ကာကွယ်နိုင်တဲ့ နည်းလမ်း ၆ ချက် နဲ့ ၊ မောင်းထုတ်နိုင်တဲ့ နည်းလမ်း ၇ မျိုး🔖🔖🔖
နေအိမ်တွေမှာ ကြောင်အိမ်တွေထဲ ဟိုပြေးလွှား ဒီပြေးလွှား လုပ်တတ်တဲ့ဒုက္ခပေးတဲ့
အကောင်နောက်တစ်မျိုးကတော့ ပိုးဟပ်ပါဘဲ။ ကြောက်တတ်တဲ့ သူရင်ဆိုရင်
အော်ဟစ်ပြေးလွှားပြီးဒုက္ခရောက်ရတာ ခဏခဏလက်တွေ့ကြုံရတာပါ။
မိမိအနေနဲ့ ကြောင်အိမ် (ဗီဒို) တွေကို အသေချာသော့ခတ်ပိတ်ထားပင်မဲ့
ဖွင့်လိုက်တဲ့ အချိန်မှာ ဒီအကောင်တွေကို မြင်လိုက်ရရင်
ဘာလုပ်ရမှန်းမသိ ဖြစ်သွားတတ်ပြီး စိတ်ညစ်ရပါတယ်။
ကဲ …ဒီပိုးဟပ်တွေကို မလာအောင်ဘယ်လိုလုပ်ရမလဲဆိုတာကတော့ -
၁။ အစားအသောက် အကြွင်းကျန်တွေကို သေချာစွာစွန့်ပစ်ရပါမယ်။
စားပွဲခုံပေါ်တွေကိုပဲ သေချာသန့်ရှင်းရေးလုပ်တာမျိုးမဟုတ်ပဲ
အောက်တွေကို လည်း ဂရုတစိုက်သန့်ရှင်းလုပ်ပေးဖို့လိုပါတယ်။
၂။ ရေတွေကို လည်းအသေချာဂရုစိုက်လဲလှယ်ပြီး အိမ်မွေးတိရိစ္ဆာန်
မွေးထားမယ် ဆိုရင်လည်း သူတို့ရဲ့ ပန်းကန်ကို သန့်ရှင်းနေအောင်ထားရပါမယ်။
ခွက်ပန်းကန်တွေမှာ ကျန်တဲ့အရည်အကျွင်းကျန်တွေက
သူတို့အတွက် အစားအသောက်ရင်းမြစ်တွေပါ။
၃။ အစားသောက်ထည့်တဲ့ အိုးခွက်ဗူးခွံတွေကို သေချာသိမ်းဆည်းပြီး
ထားရပါမယ် ။ အတတ်နိုင်ဆုံး သန့်ရှင်းပြီး အဖုံးကို ကျပ်ကျပ်လေးနဲ့
လုံနေအောင်ထားနိုင်ရင်တော့ အကောင်းဆုံးပါဘဲ။
၄။ သား ငါးအညှီ နဲ့ အနံ့ဆိုးထွက်ခြင်းက ပိုးဟပ်တွေကို လာပါလာပါ
ဆိုပြီးဖိတ်ခေါ်နေတဲ့ အဓိကအကြောင်းရင်းပါ။
ဒါကြောင့်မလို့ မီးဖိုခန်းနဲ့ အစားသောက်ထားတဲ့နေရာတွေကို
အပတ်စဉ် သန့်ရှင်းရေးလုပ်ပေးမယ်ဆိုရင် ဒီကောင်တွေမလာရဲသလို
သန့်ပြန့်တာကို သူတို့လည်း မကြိုက်ပါဘူး ။
၅။ ပိုးဟပ်တွေ အသိုက်ဆောက်ဥဥပြီးနေလို့ရမဲ့ အထုပ်တွေ ၊
သတင်းစာစက္ကူဟောင်းတွေ ၊ ကတ်ထူပြားတွေ အစရှိတဲ့
သူတို့ နေတတ်တဲ့ အမှိုက်နေရာတွေရှိနေမယ်ဆိုရင်လည်း
ဒါတွေကို အတတ်နိုင်ဆုံး ရှင်းလင်းရပါမယ်။ ပိုးဟပ်တွေက
ပုန်းအောင်း နေထိုင်နိုင်မဲ့ နေရာတွေကို အရမ်းကြိုက်တာကြောင့်
သူတို့တွေနေနိုင်မဲ့နေရာ မထားပေးဘူးဆိုရင် လာမနေပါဘူးနော်။
၆။ မိမိရဲ့ နေအိမ်အဆောက်အဦးတွေထဲမှာ ကြမ်းခင်းအပေါက်တွေ ၊
နံရံ အက်ကွဲကြောင်းတွေ ၊ မလဲတာကြာပြီဖြစ်တဲ့ လျှပ်စစ်ပိုက်လိုင်း
အဟောင်းအစုတ်တွေ ကလည်း ပိုးဟပ်တွေ အိမ်ထဲဝင်လာဖို့
အကောင်းဆုံးလမ်းကြောင်းတွေပါ ။ ဒါကြောင့်မလို့ အိမ်ကိုလည်း
ပြုပြင်မွမ်းမံဖို့ လိုအပ်လာရင် အချိန်မှီ ပြင်ဆင်ဖို့လိုပါတယ်။
ဒါတွေကတော့ ပိုးဟပ်တွေကို ကြိုတင်ကာကွယ်နိုင်တဲ့နည်းတွေပါ။
နောက်ထပ် အိမ်မှာ ပိုးဟပ်တွေရှိနေသေးတယ်ဆိုရင် မောင်းထုတ်နိုင်တဲ့ နည်းလမ်း ၇ မျိုးလည်းရှိပါတယ်
၁. ရေနွေးနှင့်ရှာလကာရည်
ရှာလကာရည် ၁ ခွက်လောက်ကို ရေးနွေးပူနဲ့ ရောပြီး ကြမ်းခင်းတွေကို တိုက်မယ်
ပိုက်လိုင်းတွေကို သန့်ရှင်းရေးလုပ်ပေးမယ်ဆိုရင် ပိုးဟပ်တွေမလာနိုင်ပါဘူး
၂. ရေးနွေး ၊ သံပုရာရည်နှင့် မုန့်ဖုတ်ဆော်ဒါ
သံပုရာရည် လဖက်ရည်ဇွန်း ၁ဇွန်း
မုန့်ဖုတ်ဆော်ဒါ စားပွဲတင်ဇွန်း ၁ဇွန်း နဲ့ ရေနွေး ၁ လီတာကိုရောပြီး ကြွေပြားကျောက်ပြားတွေ ရဲ့
အပေါ်အောက် သန့်ရှင်းရေး လုပ်ပေးမယ်ဆိုရင် ပိုးဟပ်တွေကို ကာကွယ်ပြီးသားပါ
၃. ဘောရစ်အက်ဆစ်(Boric Acid) နှင့်သကြား
အင်းဆက် ပိုးကောင်တွေကိုကို နိုင်နှင်းရာမှာ အသုံးပြုတဲ့ ဘောရစ်အက်ဆစ်နဲ့
သကြားကိုရောပြီး ပိုးဟပ်တွေလာတတ်တဲ့ ဥဥတတ်တဲ့ နေရာတွေမှာ
ဖြူးထားလိုက် မယ်ဆိုရင် သူတို့ကိုသေစေနိုင်တာကြောင့် နောက်ဆိုရင်မလာရဲတော့ပါဘူး။
၄ ပူစီနံစီ နှင့် လာဗင်ဒါဆီ
ကျန်းမာရေးနဲ့ အလှပရေးရာအတွက် အဓိကမသုံးပြုတတ်ကြပင်မဲ့
ဒီဆီနှစ်မျိုးကို မီးဖိုချောင်နဲ့ ကြောင်အိမ်တွေရဲ့ အနီးတစ်ဝိုက်မှာ ဖျန်းထားမယ်ဆိုရင်
ပိုးဟပ်တွေကိုသာမက ပိုးမွားတွေကိုပါ ကာကွယ်ပေးနိုင်တာကို အံအားသင့်ဖွယ် မြင်တွေ့ရပါလိမ့်မယ်။
၅. တမာရွက်ဆီ
မီးဖိုချောင်မှာ တမာရွက်ဆီကိုရေနွေးနဲ့ ရောပြီး ပက်ဖြန်း ထားလိုက်မယ်ဆိုရင်လည်း
ပိုးဟပ်တွေ မလာနိုင်ပါဘူး။အကယ်၍ တမာရွက်ဆီ မရှိဘူးဆိုရင် တမာရွက်အချို့ကို
ချပေးထားပြီးတော့ လည်း အစားထိုးအသုံးပြုနိုင်ပါတယ် ။
ဒီလိုလုပ်ထားလိုက်မယ်ဆိုရင် ပိုးဟပ်တွေ အကောင်ရေထပ်မပွားနိုင်တော့ပါဘူး။
၆. သခွားသီး
ငါးပိရည်နဲ့ တို့စရာအဖြစ်စားဖို့အတွက် အရသာရှိယုံမကဘဲ ပိုးဟပ်တွေတော်တော်
မကြိုက်တဲ့ အနံရှိပြီး မလာနိုင်အောင်လည်း တားဆီးပေးနိုင်ပါတယ်။
ဘယ်လိုလုပ်ရမလဲဆိုရင် သခွားသီးကို အဝိုင်းလေးတွေခုတ်ပြီး
ပိုးဟပ်တွေ သွားလာတဲ့ နေရာမှာ ထားပေးလိုက်ယုံပါ။
၇. သစ်ကြံပိုးခေါက်မှုန့်
ဟင်းခေတ်အမွှေးကြိုင် တစ်မျိုးအဖြစ်အသုံးပြုကြပြီး မီးဖိုချောင် ကြွေပြား တွေမှာ
ဖြူးထားလိုက်မယ်ဆိုရင် ပိုးဟက်တွေ မတက်လာနိုင်တော့ပါဘူး။
ပိုးဟပ်တွေက မိမိရဲ့ နေအိမ်ပတ်ဝန်းကျင်မှာ သူတို့လိုအပ်တဲ့
အစာအဟာတွေနဲ့ အပူချိန်ကို ရမယ်ဆိုရင် အသိုက်အမြုံဟာ တစ်နှစ်ထိတောင်စွဲပြီး
နေနိုင်ကြတာကြောင့် ပိုးဟပ်နိုင်နှင်းရေးကို မြန်မြန်လုပ်ဖို့ လိုပါတယ်။
ဗဟုသုတအနေနဲ့ ပိုးဟပ်တွေက ခေါင်းမပါဘဲတစ်ပတ်ထိအသက်ရှင်နိုင်သလို
မိနှစ်၄၀ထိ အသက်မရှူဘဲနေနိုင်ကြပါတယ်။
တစ်လထိ အစာမစားရေမသောက်ဘဲနေနိုင်ပြီး
ပိုးဟပ်တစ်ကောင်ဟာ ၆လကနေ ၁၅လအထိအသက်ရှင်နေထိုင်နိုင်ပါတယ်…
Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ ********************************** ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့ ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း နဲ့ ပတ...

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?
အသိုက် အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။ ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...