“ရောင်းပန်းသာချင်တဲ့ အကျိုးဆောင်များအတွက် သော့ချက်“ 🔐

“ရောင်းပန်းသာချင်တဲ့ အကျိုးဆောင်များအတွက် သော့ချက်“   🔐

“ရောင်းပန်း သာချင်တဲ့ အကျိုးဆောင်များ အတွက် သော့ချက်“   🔐
အမြို့မြို့ အနယ်နယ် အရပ်ရပ် မှ အိမ် ခြံ မြေကို အတည်တကျ လုပ်ကိုင်

နေကြသော အိမ် ခြံ မြေအကျိုးဆောင်တွေ အနေနှင့် မိမိတို့ရဲ့ လုပ်ငန်း 

အဆင်ပြေချောမွေ့  အောင်မြင်အောင် နည်းမျိုုးစုံနဲ့စဉ်းစားတွေးခေါ်ပြီး 

စဉ်ဆက်မပြတ် ကြိုးပမ်းကြရတယ်မလား။ Professional ကျတဲ့ လုပ်ငန်းအဖြစ်

ရပ်တည်ပြီး မိမိရဲ့ customer တွေ လည်း အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်

ဖို့ကိုသာ အဓိက စေတနာ ထားရင်းနဲ့ပေါ့ ။ မိမိ အဝယ်တော်များ ပြုံးပြုံး 

ပျော်ပျော် ဝယ်ယူပြီး စိတ်ချမ်းသာမှ မိမိလည်း စိတ်ချမ်းသာနိုင်မှာ အမှန်ပင်။
တစ်နေ့ပြီးတစ်နေ့ မမောနိုင်မပန်းနိုင် အရောင်းပြလိုက် ၊ အရောင်းအပ်လာ

တာလေးတွေကို လိုက်ကြည့်ပြီး ဒေတာရယူလိုက် နဲ့ အချိန်ကုန်လို့ ကုန်မှန်းတောင်မသိ 

လိုက်တာမျိုး ။

 

ပင်ပန်းလားလို့ မေးလာရင် လည်း ကိုယ်က ဒီအလုပ်ပဲ လုပ်နေတာဆိုတော့

" မောတော့မောတာပေါ့ ဒါပေမဲ့ မမောဘူး "ဆိုသလိုပါပဲ ။ တခါတလေ ကျတော့လည်း 

အရောင်းအပ်ကြတဲ့ သူတွေများပြီး အိမ် ခြံ မြေ အရောင်းဒေတာ လေးတွေကို 

စနစ်တကျ မှတ်မိအောင် သိမ်းဆည်း ရပါတယ် ။ တော်တော် ခက်ခဲမှာပဲ 

လို့ထင်ကုန် တော့မှာပဲ ။ အပေါ်ကပြောခဲ့သလိုပါပဲ ကိုယ့်အတည်တကျ 

လုပ်ကိုင်တဲ့ အလုပ်ဖြစ်လို့ မှတ်ရတာ မခက်ပါဘူး။ နောက်တစ်ခု အနေနဲ့ ကတော့ 

အဝယ်တော် တွေက များပြီး ပြစရာ အိမ် ခြံ မြေက သူတို့အကြိုက် မတွေ့ကြတာ။ 

ဒီလို အခြေအနေ မျိုးတွေမှာလည်း ကိုယ်က ဖြစ်နေကျ ဖြစ်ရပ်တစ်ခုလိုပဲ လူအမျိုးမျိုး 

အကြိုက်အထွေထွေ ဆိုတော့က သူတို့နေရာကနေ ခံစားနားလည်ပြီး အကြံဉာဏ် 

ကောင်းများအား မျှဝေပေး လိုက်သလို မျှဝေပေးဖို့လည်း အဆင်သင့် ရှိနေခဲ့ ပါတယ် ။
အကျိုးဆောင်ခ ရရင်ပြီးရော မဟုတ်ဘဲ အဝယ်တော်တွေ ဝယ်မှားမဖြစ်အောင် 

သေချာလေး ဂရုစိုက်ပေးရမှာက အိမ် ခြံ မြေအကျိုးဆောင်တွေရဲ့တာဝန်ပါ။
အိမ် ခြံ မြေနှ င့်ပတ်သက် ဆက်နွယ်တဲ့ ကိစ္စကြီးငယ် ပြဿနာမျိုး တွေမှာလည်း 

မိမိ အကျိုးဆောင် ပေးခဲ့သည့် အိမ် ခြံ မြေဖြစ်နေပါက မိမိက တတ်နိုင်သည့် ဘက်ကနေ 

ဖြေရှင်းပေး တတ်ရပါတယ် ။ 

 

ဝယ်သူရော ၊ ရောင်းသူပါ အဆင်ပြေမှ  အကျိုးဆောင် ပေးကြတဲ့ သူတွေလည်း 

စိတ်အေးချမ်းစွာနဲ့ အဆင်ပြေနိုင်မှာဖြစ်ပါတယ်။ ခေတ်စနစ်ရဲ့  နည်းပညာ အကူအညီတွေနှင့်အတူ 

ပန်းတိုင်ကို ရောက်အောင် သွားဖို့ရန် အတွက် အခုအခါမှ လွယ်ကူလှ ပါတယ် ။
ကိုယ်က အိမ် ခြံ မြေ လုပ်ငန်းကို လုပ်ကိုင်နေသူ ဒါမှမဟုတ် အိမ် ခြံ မြေနှင့် ပတ်သက် ဆက်နွယ်နေသူ 

ဆိုလျှင် အိမ် ခြံ မြေနှင့်ပတ်သက်သည့် ဗဟုသုတ များကို သိသင့်ပါတယ်။

သိလိုတာတွေကိုလည်း ဒီLink လေးကနေ အလွယ်တကူလေ့လာလို့ရပါတယ်။


<<https://www.yuzanarland.com/g/uTrU0 >>
အိမ်ခြံမြေ Application မှာ မိမိတို့ရဲ့ market နေရာတစ်နေရာ ပိုမိုရရှိနိုင်ရန်အတွက် အရောင်းလေး 

တင်ထားလိုက်ပါနော်။
Application မရှိသေးသူအတွက် အောက်မှ Link 👇 ကိုနှိပ်ပြီး အခမဲ့ ဒေါင်းယူလိုက်ပါ...
.
� Android အတွက် Play Store မှ ဒေါင်းရန် 👇-
https://www.yuzanarland.com/g/pwipE
.
� IOS အတွက် App Store မှ ဒေါင်းရန် 👇-
https://www.yuzanarland.com/g/zuMK5
#realestate #realtor #propertymarket

Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ်  ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ **********************************           ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့  ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း  နဲ့ ပတ...

အသိုက်  အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက်      အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။  ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate