ကျွန်တော် လွန်ခဲ့တဲ့ ဆယ်နှစ်က ကျွန်တော့်ရဲ့ အခင်ဆုံး သူငယ်ချင်းဖြစ်တဲ့ စောလှ ကို ကျွန်တော့် မြေကွက်အလွတ်မှာ နေထိုင်ဖို့ ခွင့်ပြုခဲ့ပါတယ်။

27-Oct-23 Knowledge
ကျွန်တော် လွန်ခဲ့တဲ့ ဆယ်နှစ်က ကျွန်တော့်ရဲ့ အခင်ဆုံး သူငယ်ချင်းဖြစ်တဲ့ စောလှ ကို ကျွန်တော့် မြေကွက်အလွတ်မှာ နေထိုင်ဖို့ ခွင့်ပြုခဲ့ပါတယ်။

ကျွန်တော် လွန်ခဲ့တဲ့ ဆယ်နှစ်က ကျွန်တော့်ရဲ့ အခင်ဆုံး သူငယ်ချင်းဖြစ်တဲ့ စောလှ ကို
ကျွန်တော့် မြေကွက်အလွတ်မှာ နေထိုင်ဖို့ ခွင့်ပြုခဲ့ပါတယ်။
ကျွန်တော့်မှာ တခြားနေရာမှာ ဖြည့်ဖို့အတွက် ငွေလေးအနည်းငယ် လိုအပ်တာနဲ့
ကျွန်တော့်မှာရှိတဲ့ ခြံကို ထုတ်ရောင်းဖို့ ဖြစ်လာပါတယ်။
      ဒါနဲ့ကျွန်တော်လည်း စောလှနေတဲ့ ဘက်ဆီသွားပြီး ဖယ်ရှားပေးဖို့
ဝမ်းနည်းစွာနဲ့ ပြောခဲ့ရပါတယ်။ဒါပေမယ့် စောလှရဲ့ မိန်းမဖြစ်သူက
“ ကျွန်မတို့ အိမ်အသစ်ဆောက်လုပ်ထားတာ မကြာသေးဘူးရှင့်၊ ဒီခြံကလည်း ရှင်နှင့်မှ မဆိုင်တာ ဘာလို့ဖယ်ပေးရမှာလည်း”
“လွန်ခဲ့တဲ့ ဆယ်နှစ်က ငါ့ရဲ့ ဘိုးဘေးတွေ ပေးခဲ့တဲ့ခြံမှာ ဘာစာချုပ်မှမပါဘဲ ဘာပစ္စည်းတစ်စုံတစ်ရာမှ လက်ခံမယူခဲ့ ပေးနေခဲ့တာ မင်းယောကျာ်းကို မေးကြည့်”
  လူယုံပြီး ပစ္စည်းပုံအပ်ထားကာ မရှိသူကို သနားစာနာစိတ်နဲ့ ခွင့်ပြုပေးလိုက်မိတဲ့ ကျွန်တော့်အမှားပါပဲ
စောလှပြောလာတာက
“ပြီးခဲ့တဲ့ နှစ်ကပဲ ငါ့နာမ်မည်ပေါက် ဂရံလျှောက်ထားလိုက်ပြီ မကြိုက်ရင် ကြိုက်တဲ့နေရာသွားတိုင်”
တဲ့လေ။
ကျွန်တော့်အဖြစ်က အမှု့ဖွင့်မယ်ဆိုရင်လည်း သူ့နာမ်မည်ပေါက်ရထားတဲ့ခြံ ဖြစ်နေတော့ စရိတ်ရှုံးတာပဲ အဖတ်တင်ကာ ရင်လေးပါတယ်ဆို ထပ်ပြီး ပူလောင်နေရအုံးမယ့်အဖြစ်ကို ဆိုက်ရောက်နေပါပြီ။
ဒီဘဝ ဒီမျှတော့ အမျှ အမျှပါပဲခင်ဗျာ။
မိတ်ဆွေတို့အနေနဲ့ မိမိတို့ရဲ့ သူငယ်ချင်း ၊ မိတ်ဆွေ ၊ ဆွေမျိုး စတဲ့သူတွေကို အကူညီပေးချင်လို့ဖြစ်ဖြစ် ၊ မိမိရဲ့ခြံက 
ခြံစောင့်တို့လို လူစောင့် လိုအပ်နေတာဖြစ်ဖြစ် ခွင့်ပြုပြီးအခမဲ့ နေထိုင်စေမယ်ဆိုရင် သတိလေးထားစေလိုပါတယ်။
မိမိရဲ့ခြံက မိမိနာမ်မည်အမည်ပေါက် ပိုင်ဆိုင်မှု့စာရွက်စာတမ်း ရှိတယ်ဆိုရင်တော့ စိတ်ပူစရာမလိုပါဘူးခင်ဗျာ။
မိမိနေထိုင်ခွင့်ပြုမယ့်ခြံက မြေကွက်လပ်ဖြစ်ပြီး နေထိုင်သူက ဆောက်လုပ်နေထိုင်မယ်ဆိုရင်တော့ သတိထားသင့်ပါကြောင်းပါခင်ဗျာ။

Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ်  ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ **********************************           ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့  ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း  နဲ့ ပတ...

အသိုက်  အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက်      အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။  ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!