🗼 နန်းမြင့်မျှော်စင် (ခေါ် ) ပုဂံမျှော်စင် (Nann Myint Tower)

23-Sep-23 Knowledge
🗼 နန်းမြင့်မျှော်စင် (ခေါ် ) ပုဂံမျှော်စင် (Nann Myint Tower)

🗼 နန်းမြင့်မျှော်စင် (ခေါ် ) ပုဂံမျှော်စင် (Nann Myint Tower)

📖 မြန်မာတွေရဲ့  သမိုင်းဝင် အမွှေအနှစ်ဖြစ်တဲ့ ပုဂံမှာ ဘုရားစေတီပုထိုးပေါင်း များစွာနဲ့ လှည့်ပတ်လို့ရတဲ့ နေရာပေါင်းများစွာထဲကမှ နန်းမြင့်မျှော်စင် (ခေါ် ) ပုဂံမျှော်စင်အကြောင်း ပြောပြပေးပါမယ်နော်

နန်းမြင့် ဆိုတာကတော့ မြန်မာစကားအရ "မြင့်သော နန်းတော်" လို့ အဓိပ္ပာယ်ရပါတယ်။

ရှုမျှော်စင်ကို မြန်မာရိုးရာအနုပညာ ၁၀ မျိုး သာမက ကွန်ကရစ်နှင့် သံမဏိတွေနဲ့လည်း ပေါင်းစပ်တည်ဆောက်ထားတာ ဖြစ်ပါတယ်။

နန်းမြင့် မျှော်စင်ဟာ ပုဂံရှေးဟောင်းနယ်မြေ အရှေ့ဘက်ခြမ်းမှာ တည်ရှိပြီးတော့ ၂၀၀၅ ခုနှစ် ဧပြီလမှ စတင်ဖွင့်လှစ်ခဲ့တာပါ။

မျှော်စင်ဟာ ၂၁၅ပေ အမြင့်ရှိပြီး အလွှာပေါင်း 12 လွှာရှိပါတယ် ။(လှေကားနဲ့မတက်ချင်သူတွေအတွက် စိတ်ပူစရာမလိုပါဘူး အထဲမှာ ဓာတ်လှေကားပါလို့ အသုံးပြုနိုင်ပါတယ်) အထပ်တိုင်းမှာ ဈေးဆိုင်တွေ စားသောက်ဆိုင်ကြီးတွေ ဖွင့်လှစ်ထားပြီး မျှော်စင်အောက်ခြေမှာတော့ ကြယ် 5 ပွင့် အပန်းဖြေစခန်းကြီးကို တည်ဆောက်ထားပါတယ်

နန်းမြင့်မျှော်စင်မှာ လူဦးရေ ၂၀၀၀ ဆံ့ပြီးတော့ မျှော်စင်ကနေဆိုရင် ၁၁ ရာစုမှ ၁၃ ရာစုအတွင်း မှ အံ့ဖွယ် ပုဂံရှေးဟောင်းဗိသုကာလက်ရာ စေတီပုထိုးပေါင်း ၂၀၀၀ ကျော်ကို ကြည့်ရှုဖို့အတွက် View အရမ်းသာတဲ့နေရာတစ်ခုပါ ၊ ပုဂံရဲ့ အလှကိုလည်း ရှုမဝအောင်ခံစားနိုင်ပါတယ် (ဝင်ကြေးတော့ အနည်းငယ်ပေးရပါတယ်ဗျ)

📍📍 ပုဂံရောက်ရင် ဒီမျှော်စင်ကနေ မြန်မာ့ရှေးဟောင်းဗိသုကာလက်ရာ စေတီပုထိုးတော်တွေနဲ့ ပုဂံ မြို့ရဲ့ အလှကိုခံစားကြည့်ရှုဖို့လည်းမမေ့ကြပါနဲ့နော်..

Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ်  ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ **********************************           ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့  ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း  နဲ့ ပတ...

အသိုက်  အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက်      အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။  ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!