ဝယ်သင့်တဲ့ ကြိုပွိုင့် နဲ့ ၊မဝယ်သင့်တဲ့ ကြိုပွိုင့် ၊ ကြိုပွိုင့် စနစ်အကြောင်း

အိမ်ငှားဘဝကနေ နေလာတာကြာပါပြီ။အိုးပိုင်အိမ်ပိုင်ဘဝကို အိမ်မက်မက်ထားခဲ့တာလည်း ကြာပါပြီ။
လက်ထဲမှာငွေလေးလည်းစုမိဆောင်းမိဖြစ်လာတဲ့အခါမှာ ထင်တဲ့အတိုင်းတစ်ခုမှဖြစ်မလာခဲ့ပါ၊အိမ်စျေးတွေရော စားစရိတ်ကပါ အကုန်တက်နေပြီလေ။
အိမ်၊တိုက်ခန်းလေးတစ်လုံးကို အပြီးအပြေငွေချေဖို့စဉ်းစားထားခဲ့ပေမယ့် ကြိုက်တဲ့တိုက်ခန်းကလည်း တက်လာပုံတက်လာပုံများ စုထားတဲ့ငွေနဲ့တောင်မလောက်။ ဒါနဲ့ အသိတစ်ယောက်က ကြိုပွိုင့်တိုက်ခန်းဝယ်ဖို့အကြံပေးပါတယ်။ အလုပ်နဲ့နီးတဲ့နေရာမှာဆောက်လုပ်နေတဲ့ စီမံကိန်းမှာ ကြိုပွိုင့်တိုက်ခန်းတွေရောင်းနေတယ်ဆိုတာသိလိုက်ရပါတယ်။
ဒါနဲ့မဝယ်ခင်သေချာအောင်လို့ အိမ်ခြံမြေမှာနှစ်တော်တော်ကြာလုပ်ကိုင်နေတဲ့ အသိ ဦးလေးဆီ သွားမေးလိုက်ရပါတယ်။
“ဦးလေးရေ ကျွန်မ ခက်ခက်ပါ၊ ကျွန်မမေးစရာလေးရှိတာနဲ့ ဦးလေးဆီတန်းဝင်လာလိုက်တာ”
“အေး ထိုင်ပါအုံး၊ လာရင်းကိစ္စလေးလည်း ပြောပါအုံး”
“ကျွန်မ ကြိုပွိုင့်တိုက်ခန်းလေးဝယ်ဖို့ အစီအစဉ်ရှိပါတယ်၊အဲတာ ဝယ်သင့်လား၊မဝယ်သင့်လား ဆိုတာကို ဗဟုသုတစုံတဲ့ဦးလေးဆီလာမေးရတာပါရှင့်”
“ ဦးလေးလည်း အိမ်ခြံမြေမှာကျင်လည်ခဲ့တဲ့ အတွေ့အကြုံနဲ့ပြောရမယ်ဆိုရင် - ကြိုပွိုင့်စနစ်က ရောင်းသူ၊ဝယ်သူနှစ်ဦးစလုံးအကျိုးရှိတဲ့စနစ်ပါ၊ သမီးက ငွေကိုအလုံးအခဲပေးရတာထက်အရစ်ကျပေးသွင်းတာက ပိုအဆင်ပြေတယ်ဆိုရင် ဝယ်သင့်တဲ့ထဲ ပါ ပါတယ်။
* အရစ်ကျပေးသွင်းနိုင်တဲ့အခွင့်အရေးတွေ
* နေထိုင်ခွင့်အပ်နှံပြီးတာတောင်မှ ဆက်လက်အရစ်ကျရတဲ့အခွင့်အရေးတွေရှိလို့ ဝယ်သင့်တဲ့အမျိုးအစားထဲပါပါတယ် ”
“အဲတာဆိုရင် ကောင်းတာပေါ့နော် ဦးလေး၊သမီးလည်းတွေဝေနေတာ ဝယ်သင့်မဝယ်သင့်ကိုလေ။”
“နေအုံး ဆုံးအောင်နားထောင်ဦး ။ ရောင်းသူဝယ်သူနှစ်ဦးစလုံးအကျိုးရှိတဲ့တိုက်ခန်းဆိုပေမယ့် ပြသာနာလည်း ရှိတတ်သေးတယ်နော် ”
“ ရှင့်....ဘယ်လိုသတိထားရမလဲ ဦးလေးရေ”
“ပြသာနာပေါ်ရတဲ့အကြောင်းအရင်းက ရောင်းတဲ့ ကန်ထရိုက်တာက ဆောက်လုပ်ရေးစရိတ်မလုံလောက်တာတို့၊ ကြွေးကိစ္စတွေပေါ်လာတာတို့၊ စာချုပ်စားတမ်းမခိုင်မာတာရယ်၊မရိုးမသားလုပ်ပြီး လိမ်လည်တာရယ်ကြောင့်ပါ ”
“’ဒါဆိုရင်တော့ ဝယ်ရမလားမဝယ်ရဘူးလား၊တော်ကြာနေသမီးဝယ်မယ်ဆိုတဲ့ကြိုပွိုင့်က ကန်ထရိုက်တာက လိမ်သွားမှဖြင့်”
“မှန်မှန်ကန်ကန်ရောင်းချနေတဲ့ ကန်ထရိုက်တာလည်းရှိပါတယ်။မှန်မှန်ကန်ကန်မလုပ်တဲ့ ကတိပျက်တဲ့ ကန်ထရိုက်တာတွေကြောင့် လူတွေက ကြိုပွိုင့် ဆိုမဝယ်ရဲဖြစ်ကုန်တာ”
“ကန်ထရိုက်တာတွေက မြေရှင်ပဲလား၊ဒါမှမဟုတ်မြေရှင်နဲ့က ဘယ်လိုပတ်သက်တာလဲရှင့်”
“ တော်တော်များများကတော့ - မြေကိုဝယ်ပြီးဆောက်လုပ်တဲ့ ကန်ထရိုက်တာရယ်၊မြေရှင်နဲ့ အခန်းပေး၊အခန်းယူတဲ့ ကန်ထရိုက်တာရယ်ဆိုပြီးရှိတာပေါ့”
“ဦးလေး အပေါ်ကပြောခဲ့သလိုကောင်းတဲ့အချက်လည်းရှိတာရယ်ကြောင့် ဘယ်လိုမျိုးစီစစ်ပြီးဝယ်ယူရမလဲရှင့်”
“(1)ဆောက်လုပ်နေတဲ့အဆောက်အဦးရဲ့ မြေပိုင်ရှင်က ဘယ်သူဖြစ်တယ်ဆိုတာကို အရင်ဆုံးသိအောင်လုပ်။
(2)မြေမှာက ကန်ထရိုက်တာအမည်ပေါက်မရှိဘူးဆိုရင် အမည်ပေါက်တဲ့သူနှင့် ကန်ထရိုက်တာတို့ သဘောတူညီမှု့စာချုပ်ရှိလားဆိုတာ ကိုစစ်ဆေး။
(3)ပြီးတာနဲ့ စာချုပ်မှာ ကြိုပွိုင့်ရောင်းချနေတဲ့ တိုက်ခန်းက ကန်ထရိုက်တာရောင်းခွင့်ရှိသလား၊မရှိဘူးလားဆိုတာကို စီစစ်ရမယ်။
(4)အဆောက်အအုံဆောက်လုပ်ခွင့်မိန့် ရှိလားဆိုတာရယ်။
(5)ကန်ထရိုက်တာက မြေရှင်မဟုတ်ဘူးဆိုရင် စရန်ငွေ စတင်ပေးတဲ့အခါမှာ မြေပိုင်ရှင်အသိအမှတ်ပြု လက်မှတ်ရယူရပါမယ်။
(6)သတင်းစာထဲလည်းထည့်ကြော်ငြာပါ။
(7)စာချုပ်ကိုလည်း သေချာစီစစ်ချုပ်ဆိုပါ။
ဒီ ခုနှစ်ချက်ကို သေချာလေးလိုက်နာပြီးတော့ ကြိုပွိုင့်တိုက်ခန်းကိုဝယ်ယူပါ။”
“စာချုပ် ချုပ်ဆိုတဲ့ခါမှာ ကိုယ့်ဘက်က ပြန်လည်ဖြည့်စွက်လိုတဲ့အကြောင်းအရာတွေရှိနေရင် ဖြည့်ဖို့တောင်းဆိုနိုင်လား ဦးလေး”
“သေချာပေါက် အရေးကြီးတဲ့အချက်တွေဖြည့်ဖို လိုနေတယ်ဆိုရင် ထပ်ဖြည့်ရေးပေးဖို့တောင်းဆိုရပါမယ်။နှုတ်တစ်ရာစာတစ်လုံးပါ သမီး။”
“အရေးကြီးတဲ့ အချက်တွေမပါမဖြစ်တဲ့ အချက်တွေက ဘာများဖြစ်မလဲရှင့်”
“စာချုပ်မှာပါသင့်တဲ့ အရေးကြီးတဲ့အချက်တွေက
(1) ဆောက်လုပ်နေတဲ့ ဝယ်ယူထားတဲ့ ကြိုပွိုင့်တိုက်ခန်းကို စတင်ဆောက်လုပ်သည့်ရက်၊လအလိုက် အကြမ်းထည်ပြီးစီးရမယ့်အခြေအနေ၊ ဘယ်အချိန်၊ဘယ်ရက် မှာ နောက်ဆုံးထားပေးအပ်မယ်ဆိုတဲ့အချက်။
(2)နောက်ဆုံးထားပေးအပ်မည့်ရက်မှာ ကန်ထရိုက်တာဘက်က ပျက်ကွက်မယ်ဆိုရင် ဒဏ်ကြေးငွေ တစ်ရက်လျှင်(သို့)တစ်လလျှင် တိုက်ခန်းအလိုက်သတ်မှတ်ပြီး ပေးလျှော်ရမည်ဆိုတဲ့အချက်။
(3) ဆောက်လုပ်နေတဲ့ ကြိုပွိုင့်အဆောက်အအုံက (၆)လ မကြာစေရဆိုတာရယ် ။
(4)သတ်မှတ်ရက်ထက်ကျော်လွန်နေမယ်ဆိုရင် ဝယ်ယူသူက စာချုပ်အားဖျက်သိမ်းလိုက ဖျက်သိမ်းနိုင်ကြောင်း၊
(5)စာချုပ်ဖျက်သိမ်းလိုက်ပါက ဝယ်ယူသူပေးချေထားတဲ့ငွေကြေးနှင့် နစ်နာကြေး တို့ကို ကန်ထရိုက်တာမှ ပြန်ထည်ပေးလျှော်ရမယ်ဆိုတဲ့ စုစုပေါင်းအချက်(5)ချက်ကိုတော့ ပါအောင်ထည့်ပါ။
“ဟုတ်ကဲ့ပါရှင့်။ တစ်ခါတည်းတက်နေလို့ရတဲ့ တိုက်ခန်းကလည်း စျေးတွေကြီးနေလို့၊အရစ်ကျရတဲ့ ကြိုပွိုင့်ကိုပဲ ဦးစားပေးပြီး ဦးလေးပြောတဲ့ အချက်တွေကို စီစစ်ပြီးပါအောင်ထည့်ရေးရမယ့် အချက်တွေလည်းထည့်ကာ ဝယ်ယူဖို့ဆုံးဖြတ်လိုက်ပါပြီ”
“စာချုပ်မှာထည့်ရေးရတဲ့အချက်က အကြမ်းဖျင်းပဲပြောတာ၊အမှန်တကယ်ဆို ဒီထက်ပိုမိုပြည့်စုံအောင်ချုပ်ဆိုကြပါတယ်”
ကျွန်မလည်း အကြောင်းစုံသေချာနားလည်သွားသလို အခုဖတ်ရှု့နေတဲ့ yuzanarland.com စာဖတ်ပရိသတ်ကြီးလည်း ကြိုပွိုင့် ဝယ်တဲ့ အခါမှာ မပေါ့မဆဘဲ ဘယ်အချက်တွေစီစစ်ရမယ်၊ဘယ်အချက်တွေ ထည့်သွင်းရေးသားရမယ်ဆိုတာကို အကြောင်းစုံနားလည်သွားပြီဖြစ်ပါတယ်။
အိမ်ခြံမြေအရောင်းအဝယ်ဆိုင်ရာများအားကြည့်ရှု့လိုပါက
«https://www.yuzanarland.com/g/K6oNh»
အိမ်ရှင်အိမ်ငှားနှင့်ပတ်သက်ပြီးသိရှိလိုပါက
«https://www.yuzanarland.com/g/gFEbB»
ပိုင်ဆိုင်မှု့မြေအမျိုးအစားနှင့်စာချုပ်စာတမ်းဆိုင်ရာ
«https://www.yuzanarland.com/g/721tx»
Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ ********************************** ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့ ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း နဲ့ ပတ...

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?
အသိုက် အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။ ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...