ကမ္ဘာ့အသေးဆုံးနိုင်ငံ

ကမ္ဘာ့အသေးဆုံးနိုင်ငံ
ကျွနု်ပ်တို့လူသားတွေနေထိုင် ကျက်စားသွားလာနေကြတဲ့ ကမ္ဘာပေါ်မှာနိုင်ငံပေါင်း ၁၉၅ နိုင်ငံရှိတယ်ဆိုတာ Yuzanar Land ရဲ့စာဖတ်ပရိတ်သတ်ကြီးလည်း သိပြီးသားဖြစ်မှာပါ။ ထို ၁၉၅ နိုင်ငံထဲတွင် ကုလသမဂ္ဂအဖွဲ့၀င်နိုင်များမှာ ၁၉၃ နိုင်ငံသာြဖစ်ပြီး ကျန် (၂) နိုင်ငံမှာတော့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ စားရင်းတွင် မပါဝင်ပါ။ ထိုနှစ်နိုင်ငံမှာ The Holy See နဲ့ Palestine တို့ပဲဖြစ်ကြပါတယ်။ ဒီလိုစိတ်၀င်စားစရာ နိုင်ငံပေါင်းများစွာ ရှိတဲ့အနက် ဒီနေ့မှာတော့ Yuzanarland.comက ကမ္ဘာအသေးဆုံးနိုင်ငံအကြောင်းကို ဖော်ြပပေးသွားမှာပဲဖြစ်ပါတယ်။
မြေဧရိယာနှင့် လူဉီးရေအရ ကမ္ဘာ့အသေးဆုံးနိုင်ငံဟုသတ်မှတ်ခံထားရသော Vatican city သည် အီတလီနိုင်ငံ ရောမမြို့မှာတည်ရှိတာ ဖြစ်ပြီး လွပ်သော မြို့ပြပြည်နယ်အဖြစ်သမှုတ်ကြပါတယ်။ရောမမြို့အနောက်ဘက်တွင်တည်ရှိကာ အကျယ်အဝန်းအားဖြင့် ၄၄ဟက်တာ (၁၁၀ ဧက ) သာရှိတာပါ။လူဉီးရေမှာလည်း ၈၀၀ ခန့်သာရှိပြီး အလွန်နည်းပါတဲ့ ပမာဏသာ ဖြစ်သော်လည်း ထိုနိုင်ငံတွင်နေထိုင်ကြသူအများစုမှာ ဘာသာရေးဆရာများ သို့မဟုတ် ဓမ္မဆရာများဖြစ်ကြပါတယ်။နိုင်ငံ အနှံအပြားမှာလည်း ရိုမန်ကတ်သလစ်ချာ့ချ်များကိုတွေ့မြင်နိုင်ပါတယ်။
ရိုမန်ကတ်သလစ်တို့ရဲ့ အထွဋ်အမြတ်ထားရာ ခေါင်းဆောင် ပုပ်ရဟန်းမင်းကြီး၏ နေအိမ်ဖြစ်သော Vatican City သည် ကမ္ဘာတစ်၀ှမ်းမှ သန်းနှင့်ချီသောဧည့်သည်များကို ဆွဲဆောင်နိုင်သည့် စိန့်ပီတာ Baisilica နှင့် Vaticanပြတိုက်များကဲ့သို့ သမိုင်းဝင်အမွေအနှစ်များတည်ရှိရာ နေရာတွေထဲမှ တစ်ခု အပါအဝင်ပါ။
Vatican City သည် အချုပ်အခြာအာဏာပိုင်သော နိုင်ငံဖြစ်ပြီး ၎င်းတွင် ကိုယ်ပိုင်အစိုးရ၊ တရားစီရင်ရေးစနစ်နှင့် စာတိုက်ဝန်ဆောင်မှု့များလည်းရှိသည့်အပြင် ၎င်းကို အီတလီနိုင်ငံမှ သီးခြားလုပ်ဆောင်နေတာဖြစ်ပါတယ်။ အထက်တွင်ဖော်ပြခဲ့သော ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများစာရင်းမှ
မပါဝင်သော နှစ်နိုင်ငံထဲ တစ်နိုင်ငံဖြစ်သော The Holy See သည်လည်း Vatican City ၏ ပြည်နယ်တစ်ခုဖြစ်ပြီး ပုပ်ရဟန်းမင်းကြီ ဉီးဆောင်သော ရိုမန်ကတ်သလစ် ချာ့ချ် ၏ ဗဟိုအုပ်ချုပ်ရေးအဖွဲ့ကိုရည်ညွှန်းတာပဲဖြစ်ပါတယ် ။ အချုပ်အားဖြင့်ဆိုရသော Vatican City သည် ရိုမန်ကတ်သလစ်ချာ့ချ်၏ ဌာနချုပ်ဖြစ်သော ဘာသာရေးနှင့်ယဉ်ကျေးမှု့ သမိုင်းဆိုင်ရာအရေးပါမှု့များကြောင့် လူသိများသော ကမ္ဘာ့အသေးဆုံးနိုင်ငံဖြစ်တဲ့အကြောင်းကို ဗဟုသုတ အဖြစ်ဖော်ပြပေးလိုက်ရပါတယ်။
#Vatican City
Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ ********************************** ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့ ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း နဲ့ ပတ...

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?
အသိုက် အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။ ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...