အိမ်အတွင်း နှင့် အိမ်အပြင် ရှိအပင်တွေကို ဖျက်ဆီးတတ်တဲ့ ပုရွက်ဆိတ် တွေကို သဘာဝအတိုင်း ထွက်သွားစေ နိုင်တဲ နည်းလမ်း(6)သွယ်။

အိမ်အတွင်း နှင့် အိမ်အပြင်ရှိ အပင်တွေကို ဖျက်ဆီး တတ်တဲ့ ပုရွက်ဆိတ် တွေကို သဘာဝအတိုင်း ထွက်သွားစေ နိုင်တဲနည်းလမ်း( 6 ) သွယ် ။
(1) သစ်ကြံပိုးခေါက်ရည်
ပုရွက်ဆိတ် တွေက သစ်ကြံပိုးခေါက် အနံကို အသေမုန်း ကြပါတယ် ။ ဘာဖြစ်လို့ လဲဆိုတော့ အဲဒီအနံကို ရှုရှိက်လိုက် တဲ့အခါ အခြားသူတို့ ကြိုက်နှစ်သက်တဲ့အနံ သူတို့ စွမ်းဆောင်ရည် ကိုဟန့်တား လိုက်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ် ။ ဒါကြောင့် သစ်ကြံပိုးခေါက်အရည်ကို သင့်အိမ်ထဲ ပုရွက်ဆိတ် တွေရောက် နိုင်မယ့် နေရာ တော်တော် များများ မှာ ပက်ဖြန်းထား လိုက်မယ်ဆိုရင် သူတို့ထွက်သွားနိုင်ပြီး ဘယ်တော့မှ လှည့်တောင်ကြည့်မှာမဟုတ်ပါဘူး။အဲဒီလိုပဲ ခြံထဲမှာရှိတဲ့
ပုရွက်ဆိတ်တွေ ရောက်ရှိနိုင် မယ့် သီးပင် ၊ စားပင် တွေမှာ ပက်ဖြန်းထား မယ်ဆိုရင်လည်း အပင်တွေရဲ့ ကျန်းမာရေးကို အပြည့်အဝအကာအကွယ် ပေးမှာပါ ။
(2) Citrus ( လိမော် ၊ ရှောက်သီး စသည့် အသီးမျိုး စိတ်၀င် )
Citrus ရဲ့ အနံနှင့် အဆီတွေဟာ ပုရွတ်ဆိတ်တွေ အတွက် ဆိုးရွားတဲ့ အရာဖြစ်ပါတယ် ။ Citrus အရည်ဟာ ဆိုရင် ပုရွက်ဆိတ်တွေကို သဘာဝအတိုင်း ပြေးစေနိုင်တဲ့ နောက်ထပ် နည်းလမ်း တစ်ခုပါ ။ ပုရွက်ဆိတ်တွေ ရောက်လာ နိုင်တဲ့ အချိုတွေ ၊ စားစရာတွေပေါတဲ့ မီးဖိုချောင်မှာ ဒီအရည်လေး ဖြန်းထား ပေးလိုက် မယ်ဆိုရင် သူတို့လုံးဝလာမှာမ ဟုတ်ပါဘူးနော် ။
(3) အသုံးပြုပြီးသား ကော်ဖီမှုန့်များ
ကော်ဖီ ကြိုက်တတ်သူ ၊ ကော်ဖီ ခနခန သောက်တတ် သူတွေအတွက် ဒါကတော့ကွက်တိပါပဲ။
ပုရွက်ဆိတ်တွေကိုဖယ်ရှားတဲ့အခါ အသုံးပြုပြီးသားကော်ဖီအမှုန့်ကို ပြန်အသုံးပြုခြင်းဟာလည်း ထိရောက်တဲ့အကျိုးသက်ရောက်မှု့တစ်ခုပါ။ဘာလို့လဲဆိုတော့ ကော်ဖီရဲ့အချဉ်ပေါက်ထားတဲ့အရာဟာ သူတို့အတွက်
လုံးဝခံနိုင်ရည် မရှိလိုပါ။
ဒါလေးကိုတော့ အိမ်အတွင်းမှာထားတာထက် အိမ်အပြင်အပင်လေးတွေဆီမှာထားမယ်ဆိုရင် ပိုအဆင်ပြေပြီး ပုရွက်ဆိတ်တွေက အပူရှောင်သလိုမျိုး ရှောင်သွားမှာပါ။
အိမ်အတွင်းမှာလည်း ထားလို့တော့ရပေမယ့် စိုစွတ်နေတဲ့ရာသီဆိုရင် အချဉ်ပေါက်ထားတဲ့ကော်ဖီမှုန့်လေးတွေကမှိုတက်တတ်ပါတယ်။
(4) ရှာလကာရည်
ရှာလကာရည် ကတော့ မီးဖိုချောင် ထဲမှာ အလွယ်တကူ ရနိုင်ပါတယ် ။ ပုရွက်ဆိတ် တွေက ဒီအရည်ကို အသေမုန်းပါတယ် ။ အိမ်အတွင်းကြမ်း ပြင်မှာတို့ စားစရာတွေ ထားတဲ နေရာမှာတို့ ကို ရှာလကာရည် အနည်းငယ် အဝတ်စနှင့် သုပ်ထား လိုက်မယ် ဆိုရင် သူတို့လုံးဝလာမှာ မဟုတ်ပါဘူး။
(5) ငရုပ်ကောင်းမှုန့် ၊ ငရုပ်သီးမှုန့်
ငရုပ်ကောင်းမှုန့် ( သို့ ) ငရုပ်သီးမှုန့် အရည်တွေဟာ စပ်ပြီး ဒုက္ခရောက် စေတတ်လို့ ပုရွက်ဆိတ်တွေ အသေကြောက် ပါတယ် ။ ဒါကိုတော့ ပုရွက်ဆိတ် တွေလာတတ်တဲ့ လမ်းကြောင်းမှာ ပက်ဖြန်းထား လိုက်ပါ ။ လူတွေ အနေနဲ့လည်း ထိပါများရင် ပူစေတတ်တာကြောင့် သတိထားပြီး အသုံးပြု သင့်ပါတယ် ။ ဒီတစ်ခုကတော့ ပုရွက်ဆိတ်ပဲ မဟုတ်ပါဘူး ပိုးဟပ်တွေလည်း ဒါကို ကြောက်ပါတယ် ။
(6) လေးညင်းဆီ
လူတွေရဲ့ ကျန်းမာရေး အတွက်များစွာ အထောက်အကူပြုတဲ့ လေးညင်းဆီ ကိုတော့ ပုရွက်ဆိတ်တွေ မကြိုက်တဲ့ထဲပါ ပါတယ် ။လေးညင်းပွင့်ရဲ့ အနံကို ပုရွက်ဆိတ် တွေရှိတဲ့နေရာမှာ ထားလိုက် ခြင်းဖြင့်လည်း သူတို့ကို ဖယ်ရှားနိုင်တဲ့ နည်းတစ်နည်းပါတယ် ။ လေးညင်းဆီကို ပက်ဖြန်းထားမယ် ဆိုရင်လည်း သူတို့အနံလေးတောင် မခံနိုင်သည့် အတွက် ဒါတွေရဲ့ အဝေးမှာပဲ နေမှာပါ ။
မိမိရဲ့ အိမ်အတွင်း မှာလည်း အနှောင့်အယှက်ပေး နေတယ် သူတို့ကို သတ်တာမျိုးလည်း မလုပ်ချင်ဘူး ဆိုရင်တော့ သဘာဝအတိုင်း ထွက်သွား စေနိုင်တဲ့ ဒီနည်းလမ်း တွေကိုအသုံးပြုပြီးတော့ ဖျက်ဆီးတတ်တဲ့ ပုရွက်ဆိတ် ဘေးကနေ ကာကွယ်နိုင်ပါတယ်။
အခြား ဆောင်းပါး ဗဟုသုတ များဖတ်ရှု့ လိုပါ<<https://www.yuzanarland.com/g/ys4ft>>
Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ ********************************** ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့ ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း နဲ့ ပတ...

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?
အသိုက် အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။ ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...