အိမ်ခြံမြေရင်းနှီးမြှုပ်နှံရန် အကောင်းဆုံး ကမ္ဘာနိုင်ငံကြီး ငါး ( ၅ ) နိုင်ငံ

အိမ် ခြံ မြေ ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံး ကမ္ဘာနိုင်ငံကြီး ငါး ( ၅ ) နိုင်ငံ
ကမ္ဘာပေါ်ရှိ လူချမ်းသာအများစုဟာ ဝင်ငွေလမ်းကြောင်းများစွာ ကိုဖွင့်ထားလေ့ရှိကြပါတယ်။ Active income နှင့် Passive income ကို စနစ်တကျလမ်း ကြောင်းဖွင့်ထားကြသည့်အပြင် ငွေကြေးကို မည်သို့ ခိုင်းစေကာ မည်သို့ရင်းနှီးမြှုပ်နှံရမည် ကိုလည်း ကောင်းစွာသဘောပေါက်နားလည် ကြပါတယ်။ယခုအခါမှာလည်း လူချမ်းသာအများစု မျက်စိကျကာ ရင်းနှီးမြှုပ်နှံလေ့ရှိကြတဲ့ နိုင်ငံ ကြီး ငါးနိုင်ငံအကြောင်းကို Yuzanarland.com မှ ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါသည်။
1. United State US - အားလုံးသိကြတဲ့ အတိုင်း US မှာဆိုရင် ရင်းနှီးမြှုပ်နှံမှု့ကို ရွေးချယ်စရာပုံစံ အမျိုးမျိုးအဖြစ် ကွဲပြားသည့်အပြင် တည်ငြိမ်သော အိမ် ခြံ မြေ စျေးကွက်များလည်း ရှိနေပါတယ်။ ထိုအချက်က နယူးယောက် ၊ လော့စ်အိန်ဂျယ်လစ် နှင့် မာယာမီကဲ့သို့ သောမြို့ကြီးများကို ဝယ်လိုအား မြင့်မားစေတဲ့အပြင် အိမ် ခြံ မြေ အခွင့်အရေးအတွက် ကောင်းမွန်စွာ ထူထောင်ထားသော ဉပဒေမူဘောင်လည်း ရှိနေတော့ ရင်းနှီးမြှုပ်နှံသူတွေ ဘဝင်ခိုက်တဲ့ နိုင်ငံလို့ဆိုရမှာပါ။
2. Canada - ကမ္ဘာလှည့်ခရီးသွား အများစုနှစ်သက်ကြတဲ့ ကနဒါနိုင်ငံဟာဆိုရင်လည်း ခိုင်မှာတဲ့အိမ် ခြံ မြေ စျေးကွက်တွေ ရှိနေပါတယ်။ တိုရွန် နှင့် ဗန်းကူးဗားကဲ့သို့ မြို့ကြီးများဟာဆိုရင်လည်း ၎င်းတို့၏ စီးပွားရေးတည်ငြိမ်မှု့နှင့် တိုးပွားလာသောလူဉီးရေများကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နေပါတယ်။
3. Germany - အာရှတိုက်သား အများစုရဲ့ Dream Country တစ်ခုဖြစ်တဲ့ ဂျာမနီနိုင်ငံဟာဆိုရင်လည်း ၎င်းရဲ့ပွင့်လင်းမြင်သာသော တရားစီရင်ရေးစနစ်နှင့် နှစ်ရှည်ငှားရမ်းမှု့တို့အတွက် ဉီးစားပေးမှု့ ၊ ယုံကြည်စိတ်ချရ၍ တည်ငြိမ်သော ငှားရမ်းဝင်ငွေ တို့ကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ ကိုဆွဲဆောင်နေပါတယ်။
4. Australia - ဩစတြေးလျနိုင်ငံ၏ အဓိကမြို့ကြီးများဖြစ်တဲ့ ဆစ်ဒနီနှင့် မဲလ်ဘုန်းတို့ဟာ နှစ်စဉ်နှစ်တိုင်း ၀ယ်လိုအားတိုးတက်မှု့ စံနှုန်းမှာ တစ်သမှတ်ထဲ ရှိနေသောကြောင့် ရင်းနှီးမြှုပ်နှံသူတွေ သဘောကျကြပါတယ်။ နိုင်ငံ၏ တည်ငြိမ်သောစီးပွားရေး ၊ ဆွဲဆောင်မှု့ရှိသည့် လူနေမှု့ပုံစံ စသည့် စည်းမျ◌ဉ်းစည်းကမ်းများ ကလည်း အိမ် ခြံ မြေ ရင်းနှီးမြှုပ်နှံသူတွေ အပေါ် အကြီးအကျယ် လွမ်းမိုးမှု့ရှိနေခဲ့ပါတယ်။
5. United Kingdom ;UK -အထူးသဖြင့် လန်ဒန်ကဲ့သို့ မြို့ကြီးများတွင် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နေသော အိမ် ခြံ မြေစျေးကွက်များရှိသည်။ တစ်ခါတစ်ရံ စျေးကွက် အတက်အကျများကြောင့် အနည်းငယ်သော မသေချာမရေရာမှု့များ ရှိနေသော်လည်း ၎င်း၏ သမိုင်းဝင်တည်ငြိမ်မှု့နှင့် ခိုင်မာသော အငှားဝယ်လိုအားကြောင့် ယနေ့တိုင် ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု့ အကောင်းဆုံး နိုင်ငံများစာရင်းတွင် ပါဝင်ရပ်တည်နေဆဲ ဖြစ်ကြောင်း Yuzanarland.comမှ ဗဟုသုတအဖြစ် မျှဝေပေးလိုက်ရပါတယ်။
Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...