အခုခေတ်ဆိုရင် ဂရန်တို့ 105 တို့ ပုံစံ(7)တို့သတ်မှတ်သလိုမျိုး ရှေးယခင် မြန်မာမင်းများလက်ထက်မှာလည်း မြေအမျိုးအစားတွေကိုသူ့သတ်မှတ်ချက်အလိုက်ရှိပါတယ်။

အခုခေတ်ဆိုရင် ဂရန်တို့ 105 တို့ ပုံစံ(7)တို့သတ်မှတ်သလိုမျိုး ရှေးယခင် မြန်မာမင်းများလက်ထက်မှာလည်း မြေအမျိုးအစားတွေကိုသူ့သတ်မှတ်ချက်အလိုက်ရှိပါတယ်။
ဘာတွေလဲဆိုရင်တော့-
( ၁ ) အရာတော်မြေ ( နိုင်ငံပိုင်မြေ ) ( Royal Land )
( ၂ ) ဘိုးဘွားပိုင်မြေ ( ခ ) အမှုထမ်းမြေ ( Offical Land )
( ၃ ) လယ်ဝယ်ထား ပိုင်ဆိုင်ခွင့်ရှိသောမြေ ( Land holder right )
( ၄ ) ဝတ္ထကမြေ ( သာသနာ့မြေ )
ဆိုပြီး (၄) မျိုးရှိပါတယ်။
အရာတော်မြေ (ဘုရင်းမင်းမြတ်တွေရဲ့မြေ) ကလွဲပြီး ကျန်တဲ့မြေတွေမှာ လွတ်လပ်စွာ စိုက်ပျိုးလုပ်ကိုင်ခွင့် ရှိတယ်လို့ဆိုပါတယ်။
ပြည်သူတွေဟာ လမ်းပမ်းဆက်သွယ်ရေးကလည်း မကောင်းတာနဲ့ ဝမ်းစာဖူလုံဖို့အတွက်ပဲ စိုက်ပျိုးကြပြီးတော့ သီးနှံဖလှယ်ဖို့နဲ့ စစ်ဖြစ်တဲ့အခါ ရိက္ခဖူလုံဖို့ကိုသာ အဓိကထားစိုက်ပျိုးကြပါတယ်။
အဲတော့ စဉ်းစားကြည့်မယ်ဆိုရင် အရင်မင်းတွေခေတ်ကမြေတွေဟာ ရောင်းချပေါင်နှံ လှဲလယ်မှု့တွေရှိသလို လယ်ယာစိုက်ပျိုုးသီးနှံကိုသာ အဓိကထား စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။
အရာတော်မြေ နိုင်ငံပိုင်မြေကို (၄) မျိုး ပြန်ခွဲပါတယ်။
(1)နန်းစဉ် ရှင်ဘုရင်အဆက်ဆက် ပိုင်မြဲပိုင်ဆိုင်နေသည့်မြေ
(2)စုံသေ အမွေဖြတ်မြေ
(3)သိမ်းစု အရာတော်မြေ နှင့်
(4) ယွန်းပေါင်ပါ အရာတော်မြေ ဆိုပြီး ရှိပါတယ်။
နန်းစဉ် ရှင်ဘုရင်အဆက်ဆက် ပိုင်ဆိုင်ခဲ့သည့် ဘုရင့်ပိုင်မြေတွေကတော့ အဓိပ္ပါယ်ရှင်းပါတယ်။
စုံသေ အမွေဖြတ်မြေဆိုတာကတော့ မြေပိုင်ရှင်က ကွယ်လွန်သွားတဲ့အခါ အမွေဆက်ခံမယ့်သူမရှိတာ အဲဒီချိန်ကျ အဲဒီမြေကို ဘုရင်ကသိမ်းပိုက်လိုက်လို့ ရတာကိုပြောတာပါ။
မင်းပြစ်မင်းဒဏ် သင့်ပြီး သူတို့တွေရဲ့ ပိုင်ဆိုင်မှု့ထဲမှ မြေပါနေရင် အဲဒီမြေကို သိမ်းယူလိုက်ပြီး သိမ်းစုအရာတော်မြေ ဆိုပြီး ဖြစ်ပါတယ်။
ယွန်းပေါင်ပါ အရာတော်မြေကို ထင်ရှားစွာတွေ့နိုင်တဲ့ အရာတစ်ခုက
နန်းမတော်မိဘုရားကြီး လက်ဖွဲ့တာမှာပါတဲ့ မြေအမျိုးအစားကို ယွန်းပေါင်ပုရပိုက်မှာ မှတ်တမ်းတင်ထားတာမို့ ယွန်းပေါင်ပါ အရာတော်မြေလို့ခေါ်ပါတယ်။
အရာတော်မြေနှင့် ပတ်သက်ပြီးတော့လည်း (၃) မျိုုးခွဲထားပါတယ်။
(၁) အစားပေးမြေ
(၂ ) အပိုင်စားမြေ
(၃) အကြီးစားမြေ
ဆိုပြီး သတ်မှတ်ခေါ်ဝေါ်ကြပါတယ်။
အမှုထမ်း ၊ အရာထမ်းတွေကို လစာရိက္ခာအနေနဲ့ ပေးတဲ့မြေကို အစားပေးမြေ ၊ မြို့စား ရွာစားတွေ ရာထူးနဲ့အတူ ပါလာတဲ့မြေတွေကို အပိုင်စားမြေ ၊ မြို့သူကြီး ၊ ရွာသူကြီးတွေ ရာထူးရှိနေတုန်း လုပ်ကိုင်စိုက်ပျိုးနိုင်တဲ့မြေကို အကြီးစားမြေလို့ အသီးသီးခေါ်ပါတယ်။
yuzanarland.com
Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...