အမွေမီမြေးများ ဘိုးဘွားများကွယ်လွန်ပြီးနောက်မှ ကွယ်လွန်သောသားသမီး၏ သားသမီးများ။

အမွေမီမြေးများ
ဘိုးဘွားများ ကွယ်လွန်ပြီးနောက်မှ ကွယ်လွန်သော သားသမီး၏ သားသမီးများ။
အမွေမီမြေးများသည် ဘိုးဘွား၏အမွေကို မိမိ မိဘရရန်ရှိသည့် ဝေစုအတိုင်း ရရှိသည်။
အမွေမမီမြေးများ
ဘိုးဘွားတစ်ယောက် ဖြစ်စေ၊နှစ်ယောက်လုံး ဖြစ်စေ မကွယ်လွန်မီ ကွယ်လွန်သွားသော သားသမီးများမှ မွေးဖွားသည့် ထိုဘိုးဘွား၏မြေးများ။
-ဘိုးဘွားတို့၏အမွေကို သြရသ နှင့် အကြီးဆုံးသားသမီးမှ မွေးဖွားသည့် အမွေမမီမြေးများနှင့် ၎င်းတို့၏ ဦးကြီး ၊ ဦးလေး ၊ ဒေါ်ကြီး ၊ဒေါ်လေးတို့သည် အညီအမျှ ရသည်။
-အခြားသားသမီးမှ မွေးဖွားသည့် အမွေမမီမြေးများသည် ဘိုးဘွားကွယ်လွန်စဥ် မိမိတို့မိဘများ အသက်ထင်ရှားရှိခဲ့ရင် ရမည့်ဖြစ်သည့်ဝေစု၏ လေးပုံတစ်ပုံကို ရသည်။
ဥပမာ-----
ဦးဖြူတွင် သားသမီးA ၊ B ၊ C နှင့် D တို့ (၄)ဦး ထွန်းကားရာ C မှာ ဦးဖြူ မကွယ်လွန်မီ ကွယ်လွန်ခဲ့သည်။ ထို့ကြောင့် C ၏ သားသမီးများမှာ အမွေမမီမြေးများ ဖြစ်ကြသည် ။ ထို့အတွက် C ၏သားသမီးများသည် C အသက်ရှိမည် ဆိုပါက ရရှိမည့်အမွေဝေစု၏ လေးပုံတစ်ပုံသာ ခံစားခွင့်ရှိမည်။
ဦးဖြူတွင် ငွေသိန်း(၈၀၀)ကျန်ရှိခဲ့မည် ဆိုပါက Cသည် အသက်ရှိထင်ရှားရှိမည် ဆိုရင် သိန်း(၂၀၀)ရရှိမည်။C ၏သားသမီးများသည် အမွေမမီမြေးများဖြစ်သည့် အတွက် သိန်း(၂၀၀)၏ လေးပုံတစ်ပုံ ဖြစ်သော သိန်း(၅၀)ကို ရရှိသည်။
A B D တို့သည် ကျန်သိန်း(၇၅၀)ကို အညီအမျှ ခွဲဝေယူကြရမည်။ ထို့ကြောင့် A B D တို့သည် သိန်း(၂၅၀)စီ ရရှိမည်ဖြစ်သည်။
အမွေမမီမြေး အတွက် အပုံရေတွက်နည်း
- ညီအကိုမောင်နှမ လေးဦးဖြစ်သဖြင့် ၁/၄
- အမွေမမီမြေး ဖြစ်သည့်အတွက်
၎င်းမိဘရရှိမည့် အမွေ၏ လေးပုံတစ်ပုံ ၁/၄
၁/၄× ၁/၄= ၁/၁၆
ထို့ကြောင့် C ၏ သားသမီးများသည် ၁/၁၆ ပုံ ရရှိမည်ဖြစ်သည်။
( အကယ်၍ အမွေရှင်တွင် သားသမီး၅ယောက်ရှိရင် ၁/၅ဖြစ်မည် ။ ထိုသို့ဆိုရင် အမွေမမီမြေးသည် ၁/၅×၁/၄= ၁/၂၀ပုံ ရရှိမည်)
#ပုံ၁ (၁၉၉၈ ၊ မတစ ၊ စာ-၂၂၇)
#ပုံ၂ (၁၉၉၈ ၊ မတစ ၊ စာ-၈၁ (၈၄) )
#ပုံ၃ (၁၉၉၈ ၊ မတစ ၊ စာ-၈၁ (၈၅) )
လေးစားစွာဖြင့်
မောင်မောင်ကဲ
စီရင်ထုံးရွာ group မှ ကူးယူဖော်ပြပါသည်။
credit #ဥပဒေရေးရာ
Related Posts

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား
'နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင် ခွင့် ရှိပါသေးသလား''ဟု မိတ်ဆွေ တစ်ဦးက စာရေးသူထံ လာရောက် ဆွေးနွေးပါသည်။''ဘယ်လိုအခြေအနေမျိုးဖြစ် လို့လဲ၊ ပထမ အိမ်ထောင်နဲ့ လက်ထက် ပွားပစ္စည်းဆိုရင်တော့ ပထမဇနီး ခင်ပွန်းနဲ့ ထက်ဝက်စီအမွေဝေစုရခွင့် ရှိပါ...

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေ- ပဋိညာဉ်ဥပဒေပုဒ်မ ၂၃ ပါ “ ဥပဒေ ” ဆိုသောစကားရပ်- မြန်မာနိုင်ငံတရား ဥပဒေများ ဆိုင်ရာဥပဒေပုဒ်မ ၁၃ (၁) - မြန်မာဗုဒ္ဓဘာသာဝင်များအကြား အငြင်းပွားနေသော အမွေဆက်ခံသည့် ကိစ္စနှင့်စပ်လျဉ်းသည့်ဓမ္မသတ်ပါ ပြဋ္ဌာန်းချက်များသည် ဥပဒေဖြစ်သည့်အလျ...

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ
မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် မိဘသည် သားသမီးများအားအမွေမှ မပယ်ထုတ်နိုင်ပေ\သို့ရာတွင်အောက်ပါ အကြောင်းသုံးရပ်ကြောင့်သားသမီးများသည် မိဘအမွေ ဆက်ခံနိုင်ခွင့်ဆုံးရှုံးခြင်းခံရပေသည်သူတစ်ပါးအား မွေးစားရန်ပေးအပ်ခံရခြင်းမိဘများကွာရှင်းပြတ်စဲကြပြီးနောက် သားသမီးဖြစ...