👉 ကလောမြို့၏ သစ်တောချစ်သူများအတွက်သာ 👈

👉 ကလောမြို့၏ သစ်တောချစ်သူများ အတွက်သာ 👈
ကိုယ်ဝယ်မည့်မြေကွက် အကြောင်းကို သေချာလေ့လာဖို့ အချိန်မရပဲနဲ့ ချက်ချင်းဝယ်လိုက်ရတယ် ဆိုတာ အရမ်းကို စွန့်စားလွန်းရာကျပြီး အန္တရာယ်များလှပါတယ်။
ကျွန်တော့်ဆီမှာတော့ ဂရန်သစ် လျှောက်ချင်တာ ၊ ဂရန်ခွဲတာ ၊ အမည်ပြောင်းတာ ၊ ၁၀၅ လုပ်တာတွေ ဘယ်အပိုင်းပဲဖြစ်ဖြစ် သူ့ Service နဲ့သူက ရှိပြီးသား….
🌲တစ်ခါတစ်လေကျတော့
“ ဝယ်သူအမည်ပေါက် ပြောင်းချင်တယ် “ ဆိုလို့ ယူကြည့်တော့ စာချုပ်စာတမ်းပဲရှိတယ်။
ဘယ်နားမှာလည်း ကြည့်လိုက်တော့ သစ်တောဧရိယာထဲမှာ….
ရောင်းသူက သစ်တောလွှတ်တယ် ဆိုလို့ ရောင်းလိုက်တာတို့ ဘာတို့ပေါ့….
သစ်တောကင်းလွှတ် ၊ သစ်တောစွန့်လွှတ် ၊ ( သတ ) နံပါတ် ကျပြီးသား ၊ မကြာခင် သစ်တောကနေ ကင်းလွှတ်ပေးတော့မှာတို့ ၊ တစ်ခါတစ်လေရှိသေးတယ် ဒီနေရာတစ်ခုလုံးကို ဂရန်ထုတ်ပေးတော့မှာ ဆိုတာပါသေး စုံနေတာပဲဗျာ….
🌲 ရောင်းသူကလည်း အရှိအတိုင်း အမှန်တိုင်း ပြောပြီးရောင်းသင့်သလို ဝယ်သူဖက်ကလည်း ဘယ်လို မြေအမျိုးအစားကို ဘာတွေပဲလုပ်လို့ရတယ် ဆိုတာတွေ သေချာ လေ့လာပြီးမှ ဝယ်သင့်ပါတယ်ဗျ…
🔴 ((( မြေအမျိုးအစား လေ့လာလိုသူအတွက် ဒီ Link ကိုနှိပ်ပြီးလေ့လာပေးပါဗျ ။ https://www.yuzanarland.com/g/0nfEy )))
🌲 သိတဲ့အတိုင်း သစ်တောဧရိယာထဲကမြေ ဆိုတော့လည်း မြေပြင်မှာဆိုလည်း အရမ်းကို လှတယ်ဆိုတော့ ဘယ်လိုပြောပြီး ဘယ်လိုဝယ်ကြတယ်တော့ မသိဘူး ။ ဝယ်ပြီးမှ ကျွန်တော့ဆီကို ရောက်လာကြတာလည်း တစ်ယောက်ပြီး တစ်ယောက်ပဲ။ တချို့ဆို စျေးတော်တော်ကို မြင့်နေတာ။ အဲဒါထားလိုက် ဒါသူတို့အပိုင်း….
🌲 အိမ် ခြံ မြေ အကျိုးဆောင်လုပ်ငန်းကိုပဲ အဓိက ဇောက်ချလုပ်ကိုင်သူ တစ်ယောက်အနေနဲ့ ကိုယ်အကျိုးဆောင်ပေးတဲ့ နယ်ပယ်ထဲမှာ ဘယ်နေရာမှာ ဘယ်စျေးဝန်းကျင် ရှိတယ်ဆိုတာ သိနေပေမယ့် သစ်တောနဲ့ ပတ်သက်လာတဲ့ မြေတွေကိုတော့ ကျွန်တော် Jarnak Real Estate မှ လုံးဝ အကျိုးဆောင် မပေးပါဘူးခင်ဗျာ….
🌳 သစ်တောနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းကိုလည်း လုံးဝကို လုပ်ပေးခြင်း မရှိပါဘူးခင်ဗျာ….ကျွန်တော်တို့ ရုံးကို ရောက်လာမှ ဒီလိုပြောရတာလည်း အရမ်းကို အားလည်းနာလို့ပါ။
🌳 တကယ် လွှတ်တယ်ဆိုရင်တော့ ကူညီလိုက်လို့ ရပါသေးတယ်။ မလွှတ်တာက ခပ်များများရယ်။ တစ်ယောက်ပြီး တစ်ယောက်ဖြစ်နေတော့ အရမ်းကို စိတ်လည်းမကောင်းပါဘူး…
မိတ်ဆွေတို့ ဝယ်မယ့်မြေကိုလည်း နည်းနည်းလေး အချိန်ပိုပေးပြီး သက်ဆိုင်ရာရုံးတွေမှာ ကိုယ်တိုင်ကိုယ်ကျ အရင်စစ်ကြည့်ပြီးမှ ရှေ့ဆက်ဖို့ အတွက် အထူး အကြံပြုပါရစေခင်ဗျာ….
🙏 ( မည်သည့် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကိုမှ မရည်ရွယ်ပါ။ သစ်တောချစ်သူ တစ်ယောက်အဖြစ်နဲ့သာ ) 🙏
#crd to Jarnak
Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ ********************************** ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့ ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း နဲ့ ပတ...

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?
အသိုက် အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။ ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...