ကျွန်မတို့မိသားစုမှာ ညီအကိုမောင်နှမ ၃ ယောက်ရှိပါတယ် ။ အဖေက မရှိတော့ပါ ။

ကျွန်မတို့မိသားစုမှာ ညီအကိုမောင်နှမ ၃ ယောက် ရှိပါတယ် ။ အဖေက မရှိတော့ပါ ။ အမေက ၇၇ နှစ် ရှိပြီး ကျန်းမာရေးမကောင်းလို့ ဆေးဝါး ကုသနေရတာ ကြာပါပြီ ။ ကျွန်မက အိမ်ထောင်နဲ့ဖြစ်လို့ အမေ့ကို ခေါပြီး ပြုစုစောင့်ရှောက် ထားပါတယ် ။ ငွေကြေး အဆင်မပြေလို့ အမေက သူပိုင်တဲ့ အိမ် နဲ့ ခြံ ကို ရောင်းချင်ပေမယ့် အဲဒီမှာနေတဲ့ အကိုအကြီးဆုံး မိသားစုက ဖယ်မပေးပါဘူး ။ ဘယ်လိုလုပ်ရမလဲ ဆိုတာကို သိလိုပါတယ် ။
======================
ဥပဒေ အရတော့ အမေအနေနဲ့ ရောင်းခွင့်ရှိပါတယ်။ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ လင်သေရင် မယားရတယ် ဆိုတာ ရှိပါတယ်။ တစ်ဖက်က ကြည့်ရင်လည်း သားအကြီး ၊ သူက သြရသဆိုတော့ အမွေဆက်ခံခွင့် ရှိတယ် ။ အိမ်က လွတ်လွတ်ကင်းကင်း တခြားနေရာမှာ ဆိုရင်တော့ ကိစ္စမရှိပါဘူး ။ အမေက စာချုပ် ချုပ်ပြီး ရောင်းလိုက်ရင် ရပါတယ်။ နောက်အားလုံးကို ခွဲပေးလိုက်လို့ ရတယ် ။ အဲ့တော့ သူတို့မှာ ပြဿနာရှိနေတာက လူမူရေး နဲ့ ဥပဒေပြဿနာ ရောထွေးနေတယ်။ ဒီတော့ အချင်းချင်း ညှိနှိုင်းတိုင်ပင်ပြီး လုပ်ကြရပါမယ်။
နောက်တစ်ခုက ၃ ယောက်မှာ ကျန်တဲ့သမီး ၂ ယောက်က ဒီအိမ်မှာ တက်နေလိုက်။ ဥပဒေကို တည်ဆောက်မယ် ဆိုရင်ပေါ့ ၊ သူတို့လည်း နေခွင့်ရှိတယ်လေ ။ ပေါင်းနေကြပြီးတော့မှ ညီညီညွတ်ညွတ် ဖြစ်လာရင် ရောင်းကြမယ် ဆိုပြီး ၊ ရောင်းပြီးတော့မှ ပြန်ခွဲမှ ရပါမယ်။ တရားစွဲခွင့် နှစ်ယောက်စလုံးမှာ ရှိတယ် ၊ အစ်ကိုကြီးမှာလည်း ရှိတယ် ၊ သြရသရဲ့ အခွင့်အရေး ရှိပါတယ် ။ အဲဒီတော့ ဥပဒေနဲ့ လူမူရေး ရောထွေးနေတော့ ညီညီညွတ်ညွတ် နဲ့ တစ်ဖက်နဲ့တစ်ဖက် ညှိနိုင်းပြီးတော့ ကျန်တဲ့သမီးနှစ်ယောက်က တက်နေလိုက် ၊ နောက် ၃ ယောက်အတူတူ ခွဲကြမယ် ဆိုရင်လည်း ပြန်ခွဲလိုက်ပေါ့ ။ အဲလိုပဲ အကြံပေးချင်ပါတယ်။
#DVBLawLab #DVBtvnews #အမွေဆက်ခံရေး
#Crd to owner
Related Posts

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား
'နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင် ခွင့် ရှိပါသေးသလား''ဟု မိတ်ဆွေ တစ်ဦးက စာရေးသူထံ လာရောက် ဆွေးနွေးပါသည်။''ဘယ်လိုအခြေအနေမျိုးဖြစ် လို့လဲ၊ ပထမ အိမ်ထောင်နဲ့ လက်ထက် ပွားပစ္စည်းဆိုရင်တော့ ပထမဇနီး ခင်ပွန်းနဲ့ ထက်ဝက်စီအမွေဝေစုရခွင့် ရှိပါ...

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေ- ပဋိညာဉ်ဥပဒေပုဒ်မ ၂၃ ပါ “ ဥပဒေ ” ဆိုသောစကားရပ်- မြန်မာနိုင်ငံတရား ဥပဒေများ ဆိုင်ရာဥပဒေပုဒ်မ ၁၃ (၁) - မြန်မာဗုဒ္ဓဘာသာဝင်များအကြား အငြင်းပွားနေသော အမွေဆက်ခံသည့် ကိစ္စနှင့်စပ်လျဉ်းသည့်ဓမ္မသတ်ပါ ပြဋ္ဌာန်းချက်များသည် ဥပဒေဖြစ်သည့်အလျ...

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ
မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် မိဘသည် သားသမီးများအားအမွေမှ မပယ်ထုတ်နိုင်ပေ\သို့ရာတွင်အောက်ပါ အကြောင်းသုံးရပ်ကြောင့်သားသမီးများသည် မိဘအမွေ ဆက်ခံနိုင်ခွင့်ဆုံးရှုံးခြင်းခံရပေသည်သူတစ်ပါးအား မွေးစားရန်ပေးအပ်ခံရခြင်းမိဘများကွာရှင်းပြတ်စဲကြပြီးနောက် သားသမီးဖြစ...