#ခရစ်ယာန် ဘာသာ၀င်များ ကွာရှင်းခြင်း -

#ခရစ်ယာန် ဘာသာ၀င်များ ကွာရှင်းခြင်း -

#ခရစ်ယာန် ဘာသာ၀င်များ ကွာရှင်းခြင်း -
         ခရစ်ယာန် ဘာသာ၀င်များသည် နှစ်ဦး သဘောတူ ကွာရှင်းခြင်း ပြုလုပ်ခွင့်မရှိပေ။
ခရစ်ယာန် ဘာသာ၀င်များ အတွက် ကွာရှင်းပြတ်စဲလိုလျှင် မြန်မာနိုင်ငံ လင်မယားကွာရှင်းရေး ဥပဒေအရသာ ကွာရှင်းခွင့်ရခြင်း ဖြစ်ပါသည်။ 
၁။ ထိမ်းမြားမှု ပယ်ဖျက်ခြင်း။
၂။ ထိမ်းမြားမှု ပျက်ပြယ်စေခြင်း။
၃။ တရားရုံး ဒီကရီဖြင့် ခင်ပွန်းနှင့် ခွဲနေစေခြင်း ။ စသည် အကြောင်းပြချက်များဖြင့်သာ ခရိုင်ရုံး ၊ တိုင်းဒေသကြီး တရားလွှတ်တော်တို့တွင်သာ တရားစွဲဆိုရမည်ဖြစ်ပါသည်။ 
ထိမ်းမြားမှု ပယ်ဖျက်ခြင်းကိစ္စ -
        အောက်ပါ အကြောင်းပြချက်များဖြင့် ထိမ်းမြားမှု ပယ်ဖျက်ပေးရန် ခရိုင်တရားရုံး သို့မဟုတ် တိုင်းဒေသကြီး တရားလွှတ်တော်သို့လျှောက်ထားနိုင်သည်။
( ၁ ) လင်ယောကျာ်း ဖြစ်သူသည် ၄င်း၏ဇနီးသည် ထိမ်းမြား လက်ထပ်ပြီးနောက် တစ်ပါးယောကျာ်း နှင့်ဖောက်ပြား ကျူးလွန်ပါသည်ဟူသော အကြောင်းပြချက်ဖြင့် ဖြစ်စေ ၊
(၂) ဇနီးဖြစ်သူသည် ၄င်း၏ယောကျာ်းသည် ထိမ်းမြားလက်ထပ်ပြီးနောက် ခရစ်ယာန် ဘာသာမှ အခြားဘာသာသို့ ကူးပြောင်းကိုးကွယ်သည့်အပြင် တခြား မိန်းမတစ်ဦးနှင့် ထိမ်းမြားမှု တစ်ရပ်ပြုလုပ်ခဲ့ပါသည် ဟူသော အကြောင်းပြချက်ဖြင့် ဖြစ်စေ ၊
( ၃ ) သွေးနီးလွန်းသူနှင့် ဖောက်ပြန်ခြင်း အကြောင်းပြချက်ဖြင့် ဖြစ်စေ ၊
( ၄ ) နောက်မယား ယူခြင်းနှင့် ဖောက်ပြန်ခြင်း အကြောင်းပြချက်ဖြင့် ဖြစ်စေ၊
( ၅ ) နောက်မိန်းမ တစ်ဦးနှင့် ထိမ်းမြားခြင်းနှင့် ဖောက်ပြန်ခြင်းဖြင့် ဖြစ်စေ၊
( ၆ ) မုဒိမ်းမှု ၊ ယောက်ျားခြင်း မေထုန်မှီဝဲမှု ၊ တိရစ္ဆာန် နှင့် မေထုန်မှီဝဲမှု ကျူးလွန်ပါသည် ဟူသော အကြောင်းပြချက်ဖြင့် ဖြစ်စေ ၊ 
( ၇ ) မိန်းကလေးတစ်ဦးနှင့် ဖောက်ပြန်ခြင်း ၄င်းအပြင် ကွာရှင်း ခွင့်ပြုနိုင်လောက်သော ရက်စက်မှု ကျူးလွန်ခြင်းဟူသော အကြောင်းပြချက်ဖြင့် ဖြစ်စေ၊
( ၈ ) မိန်းမတစ်ဦးနှင့် ဖောက်ပြန်ခြင်း အပြင် ၄င်းအား (၂) နှစ်နှင့်အထက် စွန့်ပစ်ထားခြင်း ဟူသော အကြောင်းပြချက်ဖြင့် ဖြစ်စေ၊ စသည့် အကြောင်းပြချက် များဖြင့်သာ ထိမ်းမြားမှု ပယ်ဖျက်ပေးရန် လျှောက်ထားနိုင်ပါသည်။
ထိမ်းမြားမှု ပျက်ပြယ်စေခြင်း -
  အောက်ပါ အကြောင်းများဖြင့် ထိမ်းမြားမှု ပျက်ပြယ်ကြောင်း ကြေညာပေးရန် ခရိုင်တရားရုံး (သို့မဟုတ်) တရားလွှတ်တော် သို့ တင်သွင်းနိုင်သည်။ 
( ၁ ) တရားပြိုင်သည် ထိမ်းမြားစဉ်က ပန်းသေရောဂါ ရှိနေကြောင်းနှင့် တရားစွဲဆိုသည့် အချိန်တွင် ပန်းသေရောဂါ ရှိနေကြောင်း ၊ 
( ၂ ) ထိမ်းမြားကြ သူတို့သည် ထိမ်းမြားခြင်း မပြုရန် တားမြစ်ထားသည့် သွေးနီးတော်စပ် သူများဖြစ်ကြောင်း၊
( ၃ ) ထိမ်းမြားသူ တစ်ဦးဦးသည် ထိမ်းမြားစဉ်က စိတ်မနှံံ့သူ ဖြစ်ကြောင်း၊
( ၄ ) ထိမ်းမြားသူ၏ ယခင်အိမ်ထောင်သည် ထိမ်းမြားစဉ် အသက်ရှင်လျက် ရှိကြောင်း နှင့် ယခင်အိမ်ထောင်ရေးမှာ တည်မြဲနေလျက် ရှိကြောင်း ၊ စသည့် အကြောင်းပြချက်များဖြင့် တင်သွင်းနိုင်သည်။ 
ခရိုင်တရားသူကြီးက ထိမ်းမြားမှု ပျက်ပြယ်ကြောင်း ချမှတ်သည့် ဒီကရီသည် တရားလွှတ်တော်၏ အတည်ပြုချက် ရရန်လိုအပ်ပါသည်။ 
တရားရုံး ဒီကရီဖြင့် ခင်ပွန်းနှင့် ခွဲနေစေခြင်း -
အောက်ပါ အကြောင်းများဖြင့် တရားရုံးဒီကရီဖြင့် ခင်ပွန်းနှင့် ခွဲနေစေခြင်းကို ခရိုင်တရားရုံး (သို့မဟုတ်) တရားလွှတ်တော်သို့ တင်သွင်းနိုင်သည်။
 (၁ ) လင်ယောကျာ်း (သို့) မယားဖြစ်သူသည် မိမိအိမ်ထောင်ဖက်မှ တစ်ပါးသူနှင့် ဖောက်ပြန်ခြင်း၊ 
( ၂ ) ရက်စက်မှု ကျူးလွန်ခြင်း 
( ၃ ) လုံလောက်သော အကြောင်း တစ်စုံတစ်ရာ မရှိဘဲ (၂) နှစ် သို့မဟုတ် (၂) နှစ်အထက် စွန့်ပစ်ထားခဲ့ခြင်း ဟူသော အကြောင်းပြချက်ဖြင့် ဖြစ်စေ ၊ တရားရုံးဒီကရီဖြင့် ခင်ပွန်းနှင့် ခွဲနေစေခြင်း ကိုလျှောက်ထားနိုင်ပါသည်။
credit

Related Posts

"ကာမကိုလိမ်လည်ရယူမှု"

"ကာမကိုလိမ်လည်ရယူမှု"

ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း

လင် နှင့် မယား ကွာရှင်းခြင်း

ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!