"𝗕𝗮𝗿𝗰𝗲𝗹𝗼𝗻𝗮 ကနေပြီး ကလေး ၂ ယောက် နှင့်အတူ အပြီးပိုင် 𝗠𝗶𝗮𝗺𝗶𝗶 , 𝗨𝗦𝗔 ကို ပြောင်းရွှေ့ သွားပြီဖြစ်တဲ့ 𝗦𝗵𝗮𝗸𝗶𝗿𝗮"

06-Apr-23 Knowledge
"𝗕𝗮𝗿𝗰𝗲𝗹𝗼𝗻𝗮 ကနေပြီး ကလေး ၂ ယောက် နှင့်အတူ အပြီးပိုင်  𝗠𝗶𝗮𝗺𝗶𝗶 , 𝗨𝗦𝗔 ကို ပြောင်းရွှေ့  သွားပြီဖြစ်တဲ့  𝗦𝗵𝗮𝗸𝗶𝗿𝗮"

"𝗕𝗮𝗿𝗰𝗲𝗹𝗼𝗻𝗮 ကနေပြီး ကလေး ၂ ယောက် နှင့်အတူ အပြီးပိုင်𝗠𝗶𝗮𝗺𝗶𝗶 , 𝗨𝗦𝗔 ကို ပြောင်းရွှေ့သွားပြီဖြစ်တဲ့ 𝗦𝗵𝗮𝗸𝗶𝗿𝗮"
      Shakira ဟာ သူမ၏ ခင်ပွန်းဖြစ် သူနှင့် လမ်းခွဲ လိုက်ပြီး နောက်မှာ US ကိုပြောင်းရွေ့ ဖို့စီစဉ် ခဲ့ပါတယ် ။
2023 ရဲ့ နှစ်အစ ရက်သတ္တ ပတ်အတွင်း ဘဝကို တစ်ဖန်ပြန်ပြီး ဖန်တီး တည်ဆောက်ရန် အတွက် USကို ပြောင်း ရွေ့ရန် စီစဉ်နေကြောင်း ပြီးခဲ့တဲ့ နှစ်မှာတန်းက ကြေငြာ ထားခဲ့ပါတယ် ။ ဒါပေမယ့် သူမ အဖေဖြစ်သူ၏ ကျန်းမားရေး နှင့် သူမကလေး နှစ်ယောက်ရဲ့ ကျောင်းကိစ္စ  တွေကြောင့် မရွေ့ပြောင်း ဖြစ်ခဲ့ပါဘူး ။


       Inversiones BCN Two & Two SL ရဲ့ စီမံ ခန့်ခွဲမှု့ အရ Shakira ဟာ Joan ( Gerard Piqué’s Father ) ထံမှ sign လက်ခံ ရရှိခဲ့တယ်လို့ စပိန်ရဲ့ သတင်းဌာန La Vanguardia က ထုတ်ပြန်ခဲ့ ပါတယ် ။
Shakira နှင့် Pique တို့အတူ နေထိုင် ခဲ့သော အိမ်၏ ပိုင်ဆိုင်မှု့ စာရင်း ဇယားအရ ပြီးခဲ့ သည့်နှစ် စက်တင်ဘာလ အတွင်း Inversiones BCN Two & Two SL သို့ လွဲပြောင်း ခဲ့ပါတယ် ။ အဲဒီ နောက်ပိုင်း ကနေစပြီး သူတို့နှစ်ဦးဟာ ကိစ္စများစွာ နှင့်အတူ ခွဲနေခဲ့ ကြပါတယ် ။သူတို့ နှစ်ဦး၏ ကလေး ဘယ်သူ နှင့်အတူ နေချင်သည် ကအစ ဆုံးဖြတ် ခဲ့ကြပါတယ် ။


     ထို့အပြင် Shakira ဟာ Pique ရဲ့ ဖခင်ဖြစ်  သူထံကနေ Aprial 30 ရက်မတိုင် မှီမှာ သူတို့၏ လူနေ  ပတ်ဝန်းကျင်ကနေ ထွက်ခွာရန် နှင်ထုတ် တဲ့စာကို လက်ခံ ရရှိခဲ့တာပါ။
သို့ပေမယ့်  ယောကျာ်းဖြစ် သူ၏ ဖောက်ပြန်  ခြင်းကိုခံရသည့် မိန်းမတစ်ယောက် မိခင်တစ်ယောက်  အနေနှင့် ဘယ်လောက် တောင်များ နာကျင် လိမ့်လေမလဲ။
Shakira က သူမရဲ့  Instagram account ကနေပြီး 
Barcelona မှာရှိတဲ့ သူမရဲ့ ပရိသတ် နှင့် မိတ်ဆွေ သူငယ်ချင်း များကို စိတ်မကောင်း စွာဖြင့် နှုတ်ဆက် စကားဆိုခဲ့ ပါတယ် ။ 
သူမရဲ့  instagram post တစ်ခုဖြစ်တဲ့ Caption မှာ 


      “ပင်လယ်  ဘေးက  ကမ္ဘာရဲ့  ထောင့်တစ်ထောင့်  ဖြစ်တဲ့ Barcelona မှာ မိသားစုနှင့် အချိန်ကုန်ဆုံးပြီး တည်ငြိမ်တဲ့ ဘဝအတွက် အခြေချ  နေထိုင်ခဲ့ ပါတယ် ။ ဒီနေ့  ကျွန်မရဲ့  ပျော်ရွှင်မှု့အတွက် စာကလေးကို ရေးပြီး ချပြလိုက် ရပါတယ် ။ ခင်မင် ရင်းနှီးမှု့က အချစ်ဆိုတဲ့ အရာတွေထက် ပိုခိုင်မြဲမှု့ ရှိပါတယ် ။ ဘာစီလိုနား မှာရှိတဲ့ ရေလှိုင်းကလေး များနှင့်အတူ စီးခဲ့ကြတဲ့ သူတွေ အားလုံးကို ကျေးဇူး တင်ပါတယ် ။


       အဲဒီမှာ ကျွန်မကို အားပေးပြီး မျက်ရည်တွေ ခမ်းခြောက် အောင် ပြုလုပ်ပေးကာ ကျွန်မကို ကြီးပွားအောင် ဖန်တီးပေးတဲ့ သူတွေအားလုံးကို ကျေးဇူးတင် ပါတယ်။
ကျွန်မ အပေါ်ချစ် ခြင်းမေတ္တာ တွေပေးတဲ့ စပိန် ပရိသတ်ကြီးကို အထူးကျေးဇူး တင်ပါတယ်။
ကျွန်မ အဖေ အကြိမ်ကြိမ် ပြောခဲ့ဖူးတဲ့ စကားလေးလိုပဲ 
ကောင်းမွန်စွာ ဖြတ်သန်းရင်း  လမ်းတစ်ကွေ့မှာ တွေ့ကြမယ်  “
ဆိုပြီး  ရေးတင်ခဲ့ ပါတယ် ။


          Shakira က သားတွေ  အတွက် မိခင်  ကောင်းပီသသူ  တစ်ယောက်ပါ ။ သူမရဲ့  instagram story  မှာလည်း 
❝ တစ်ခါ တလေမှာ အရာအားလုံးဟာ ကျွန်မတို့ မက်တဲ့အိမ်မက် လိုမျိုး မဟုတ်ပါဘူး ၊ 
အပြေးသွား နေပေမယ့် မရောက်ရှိတဲ့ အခါမျိုး တွေလိုပေါ့ ၊ ကျွန်မ ဒီနေရာမျာ ဘယ်တော့မှ နေမှာ မဟုတ်တော့ပါဘူးး  ❞  လို့ ရေးသားထာခဲ့ ပါတယ်။

Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ်  ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ **********************************           ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့  ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း  နဲ့ ပတ...

အသိုက်  အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက်      အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။  ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!