" ကျွန်မ သဘောကျတဲ့ ခြံကွက်တစ်ကွက်တွေ့ထားတယ် အဲဒါက ရွာမြေဖြစ်နေတယ်။

03-Apr-23
" ကျွန်မ သဘောကျတဲ့ ခြံကွက်တစ်ကွက်တွေ့ထားတယ် အဲဒါက ရွာမြေဖြစ်နေတယ်။

" ကျွန်မ သဘောကျတဲ့ ခြံကွက်တစ်ကွက်တွေ့ထားတယ် အဲဒါက ရွာမြေဖြစ်နေတယ်။
ရွာမြေဝယ်ယူဖို့စိတ်ကူးရှိပေမယ့် ဘယ်နေရာမှာ သွားပြီး အတိုင်းအတာကို စစ်ဆေးရမလဲမသိဖြစ်နေပါတယ်"
" ဂရန်တို့ 105 တို့က သက်ဆိုင်ရာမြေစာရင်းဌာနမှာ မြေအတိုင်းအတာကို စစ်ဆေးလိုက်လို့ရပါတယ်။ ရွာမြေကကျတော့ ကျေးရွာအတွင်းရှိ အိမ်ကွက်များတစ်ကွက်ချင်း နယ်နမိတ်ခွဲခြားတိုင်းတာ ပုံထုတ်ထားတာမျိုး မြေစာရင်းရုံးမှာ မရှိပါဘူး။
ခေတ်အဆက်ဆက် အခွန်ကင်းလွတ်ခွင့်ပေးထားတာပါ။
ကျေးရွာအုပ်ချုပ်ရေးမှုး သက်ဆိုင်ရာ လူကြီးတွေနှင့် အတူ စနစ်တကျ တိုင်းတာဆောင်ရွက်ပြီးမှ အရောင်းအဝယ်ပြုလုပ်သင့်ပါတယ်။ "

" ဟုတ်ကဲ့ပါဆရာကြီးရှင့် မြေမတိုင်းတာပဲနဲ့ ဆောင်ရွက်တဲ့အခါ ဘာအကျိုးဆက်တွေဖြစ်လာနိုင်တာလဲ "

"စိန်ကောင်းကျောက်ကောင်းရှာဖို့ထက် အိမ်ခြံမြေကောင်းရှာဖို့က ပိုခက်တယ်ဆိုသလိုပဲ ကိုယ့်ဝယ်ယူမယ့် အိမ်ခြံမြေကို သတိကြီးစွာမထားဘူးဆိုရင် နောင်တစ်ချိန်ပြဿနာတတ်လာနိုင်တာတွေရှိပါတယ်။ဥပမာပြောရရင် -
တခါက ကျွန်တော့် အသိတစ်ယောက် က 25 x 40မြေဝယ်ယူရာမှာ အရင် မတိုင်းတာပဲ စရံချမိသွားတယ် နောက် အရောင်းအဝယ်စာချုပ်မှတ်ပုံတင်မယ်ဆိုတော့ သက်ဆိုင်ရာမှာ စစ်ဆေးကြည့်တာ ကိုယ့်ဝယ်ယူမည့် မြေမှာ ၁၀ ပေက လမ်းမြေထဲမှာပါနေတာတွေ့ရတယ်။ လမ်းကလည်း လူသွားလူလာ နည်းတဲ့ခါကျ ဂရုမစိုက်ဘဲ ကျူးကျော်ပြီး ခြံခတ်ထားလိုက်ပါတယ်၊
အဲဒါနဲ့ မဝယ်ယူတော့ဘဲ စရံငွေ ပြန်လည်တောင်းယူတဲ့ အခါ ရောင်းသူက တခြားတစ်နေရာမှာ အသုံးပြုလိုက်ပြီဖြစ်သောကြောင့် စရံငွေအပြည့်အဝပြန်ရဖို့ကို အချိန်အတော်ကြာစောင့်ခဲ့ရတယ်။

အခု ရွာမြေကို ဝယ်ယူမယ်ဆိုတော့​ သက်ဆိုင်ရာလူတွေနဲ့မြေသေချာတိုင်းပြီး ၊နယ်နိမိတ်ချင်းစပ်လျှက်ရှိတဲ့ ဘေးခြံက ခြံပိုင်ရှင်နဲ့လည်းသေချာလေးတွေ့ဆုံကာ စည်းခြားထားသင့်ပါတယ်။

ဝယ်ယူပြီးပြီဆိုပါ အခိုင်အမာ ခြံစည်းရိုးကာထားသင့်ပါတယ်။"

" ကျွန်မသိလိုတဲ့ ရွာမြေကို ဘယ်လိုအတိုင်းအတာ ပြုလုပ်ရမလဲဆိုတာကို အသေးစိတ်ရှင်းပြပေးသည့်အတွက် ကျေးဇူးတင်ပါတယ် ဆရာကြီးရှင့် "
 

Related Posts

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!