🇲🇲 မြန်မာ ရာဇဝင်ထဲက အသက် အငယ်ဆုံး မြို့တည် နန်းတည်မင်း ( သို့မဟုတ် ) သတိုးမင်းဖျား 💁♂️

မြန်မာ ရာဇဝင်ထဲက အသက် အငယ်ဆုံး မြို့တည် နန်းတည်မင်း ( သို့မဟုတ် ) သတိုးမင်းဖျား
သတိုးမင်းဖျားသည် တကောင်း မင်းဆက် သတိုး ဆင်ထိန်း နှင့် စစ်ကိုင်း မြို့တည် အသင်္ခယာ စောယွန်း၏ သမီးတော် စိုးမင်း တို့၏ သားတော် ဖြစ်သည် ။
မိခင်၏ အဘိုးမှာ ပင်းယမြို့တည် တစ်စီး ရှင်သီဟသူ ဖြစ်သည် ။ မြန်မာ - ရှမ်း ဖြစ်သည် ။ ငယ်မည်မှာ ရာဟုလာ ဖြစ်ပြီး နောင်တွင် သတိုးမျိုးရိုးမှ ဆင်းသက်လာ၍ သတိုးမင်းဖျားဟု တွင်သည် ။ သတိုးမင်းဖျား သည် နန်းတက် ချိန်တွင်မှာ အသက် ( ၁၉ ) နှစ် အရွယ်သာ ရှိသေး သည် ။
စစ်ကိုင်း သို့သွားကာ သတိုးမင်းဖျား ဘွဲ့ဖြင့် မင်းပြုသည် ။ တစ်လ အကြာတွင် ပင်းယမှ နရသူ မရှိသည့် နောက် နန်းတက်လာသည့် ဥဇနာပြောင် အားတိုက်ခိုက် နန်းချကာ ပင်းယ - စစ်ကိုင်း နှစ်ပြည် ထောင်တွင် မင်းလုပ် လေသည် ဥဇနာပြောင်၏ မိဖုရား စောဥမ္မာကို မိဖုရားဆက် မြှောက်သည် ။
( စောဥမ္မာသည် မင်းကြီး စွာစော်ကဲ ၏ နှမတော် ဖြစ်သည် ။) သက္ကရာဇ် ( ၇၂၆ ) ခုနှစ် ကဆုန်လ၌ စစ်ကိုင်း ပျက်၍ နယုန်လ၌ ပင်းယမြို့ ပျက်လေသည် ။ ပင်းယ နှင့် စစ်ကိုင်းကို သိမ်းပြီး တပေါင်းလတွင် ရတနာပုရ အဝ မြို့ဟု သမုတ်လျက် ထီးသစ်နန်းသစ် ၊ မြို့တော်သစ် တည်လေသည် ။
ပုဏ္ဏား ပရောဟိတ် နှင့် ပညာရှိတို့က နန်းသက် သုံးနှစ်သာ ခံမည်ဟု ကြို၍ နိမိတ်ဖတ် လေသည် ။
အရည်းကြီး ရှင်ယောင်များအား သုတ်သင်ပုံ ၊ သူခိုးကြီး ငတက်ပြား အားဖမ်းဆီးပုံ နှင့် ဓါးပြတစ်ဦးအား သတ်ဖြတ် ပြီးနောက် အလောင်း၏ ရင်ဘတ် ပေါ်တွင် ထမင်းစား ပြပုံများ ကို မြန်မာရာဇဝင် များတွင် ဖွဲ့နွဲ့ရေးသား ဖော်ပြ ကြသည် ။
စကုစား သိင်္ခဗိုလ်ပုန်ကန် သည်ကို သွားရောက် နှိမ်နှင်းနေစဉ် ကျောက်ရောဂါဖြင့် လွန်လေသည် ။ ကွယ် လွန်ခါနီးတွင် မိဖုရားစောဥမ္မာကို နှမြောသဖြင့် အတွင်းတော်သား ငနုအား သွားရောက် ကွပ်မျက် စေသည် ။ သတိုးမင်းဖျား လွန်လျှင် မှုးမတ်တို့က ရမည်းသင်းစား သီလဝကို နန်းအပ်ကြသော်လည်း သီလဝက 'မိမိမှာ တစ်သက်တွင် သုံးခါသာ ရယ်ဖူးသဖြင့် အိန္နြေ ကြီးလွန်းလှသည် ။ မင်းအဖြစ် နှင့် မတန် ၊ ထို့ကြောင့် သတိုးမင်းဖျား၏ ယောက်ဖတော် ၊ မိမိထက် ဖော်ရွေသူ အမြင့်စား တရဖျား စွာစော်ကဲကို နန်းအပ်ပါ ဟုဆိုသဖြင့် မင်းကြီးစွာစော်ကဲ အင်းဝထီးနန်းကို စိုးစံသည် ။
Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ ********************************** ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့ ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း နဲ့ ပတ...

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?
အသိုက် အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။ ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...