👉 ကလောမြို့ ၏ သစ်တော ချစ်သူများ အတွက်သာ 👈
👉 ကလောမြို့၏ သစ်တော ချစ်သူများ အတွက်သာ 👈
ကိုယ်ဝယ်မည့် မြေကွက် အကြောင်းကို သေချာ လေ့လာဖို့ အချိန်မရပဲနဲ့ ချက်ချင်း ဝယ်လိုက် ရတယ်ဆိုတာ အရမ်းကို စွန့်စားလွန်းရာကျပြီး အန္တာယ်များ လှပါတယ် ။
ကျွန်တော့် ဆီမှာတော့ ဂရန်သစ် လျှောက်ချင်တာ ၊ ဂရန်ခွဲတာ ၊ အမည်ပြောင်းတာ ၊ ၁၀၅ လုပ်တာတွေ ဘယ်အပိုင်းပဲ ဖြစ်ဖြစ် သူ့ Service နဲ့ သူက ရှိပြီးသား….
🌲တစ်ခါတစ်လေ ကျတော့“ ဝယ်သူ အမည်ပေါက် ပြောင်းချင်တယ် “ ဆိုလို့ ယူကြည့်တော့ စာချုပ် စာတမ်းပဲရှိတယ် ။
ဘယ်နား မှာလည်း ကြည့်လိုက်တော့ သစ်တော ဧရိယာ ထဲမှာ….
ရောင်းသူက သစ်တော လွှတ်တယ် ဆိုလို့ ရောင်းလိုက် တာတို့ ဘာတို့ပေါ့….
သစ်တော ကင်းလွှတ် ၊ သစ်တော စွန့်လွှတ် ၊ ( သတ ) နံပါတ် ကျပြီးသား ၊ မကြာခင် သစ်တော ကနေ ကင်းလွှတ်ပေးတော့မှာတို့ ၊ တစ်ခါတစ်လေ ရှိသေးတယ် ဒီနေရာ တစ်ခုလုံးကို ဂရန်ထုတ် ပေးတော့မှာ ဆိုတာပါသေး စုံနေတာပဲဗျာ….
🌲 ရောင်းသူ ကလည်း အရှိအတိုင်း အမှန်တိုင်း ပြောပြီး ရောင်းသင့်သလို ဝယ်သူဖက် ကလည်း ဘယ်လို မြေအမျိုးအစားကို ဘာတွေပဲလုပ်လို့ ရတယ် ဆိုတာတွေ သေချာ လေ့လာပြီးမှ ဝယ်သင့်ပါတယ်ဗျ…
🔴 ((( မြေ အမျိုးအစား လေ့လာလို သူအတွက် ဒီ Link ကိုနှိပ်ပြီး လေ့လာပေးပါဗျ ။ https://www.yuzanarland.com/g/0nfEy )))
🌲 သိတဲ့ အတိုင်း သစ်တော ဧရိယာထဲက မြေဆို တော့လည်း မြေပြင်မှာ ဆိုလည်း အရမ်းကို လှတယ် ဆိုတော့ ဘယ်လိုပြောပြီး ဘယ်လို ဝယ်ကြတယ် တော့မသိဘူး ။ ဝယ်ပြီးမှ ကျွန်တော့် ဆီကို ရောက်လာ ကြတာလည်း တစ်ယောက်ပြီး တစ်ယောက်ပဲ ။ တချို့ဆို စျေး တော်တော်ကို မြင့်နေတာ ။ အဲဒါ ထားလိုက် ဒါ သူတို့အပိုင်း….
🌲 အိမ်ခြံ မြေ အကျိုးဆောင် လုပ်ငန်းကိုပဲ အဓိက ဇောက်ချ လုပ်ကိုင်သူ တစ်ယောက်အနေနဲ့ ကိုယ်အကျိုးဆောင် ပေးတဲ့ နယ်ပယ်ထဲမှာ ဘယ်နေရာမှာ ဘယ်စျေးဝန်း ကျင်ရှိတယ် ဆိုတာ သိနေပေမယ့် သစ်တောနဲ့ ပတ်သက်လာတဲ့ မြေတွေကိုတော့ ကျွန်တော် Jarnak Real Estate မှ လုံးဝ အကျိုးဆောင် မပေးပါဘူးခင်ဗျာ….
🌳 သစ်တောနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း ကိုလည်း လုံးဝကို လုပ်ပေးခြင်း မရှိပါဘူးခင်ဗျာ….ကျွန်တော်တို့ ရုံးကိုရောက်လာမှ ဒီလိုပြော ရတာလည်း အရမ်းကို အားလည်း နာလို့ပါ ။
🌳 တကယ် လွှတ်တယ် ဆိုရင်တော့ ကူညီလိုက် လို့ရပါ သေးတယ် ။ မလွှတ်တာက ခပ်များများရယ် ။ တစ်ယောက်ပြီး တစ်ယောက် ဖြစ်နေတော့ အရမ်းကို စိတ်လည်း မကောင်းပါဘူး…
မိတ်ဆွေတို့ ဝယ်မယ့် မြေကိုလည်း နည်းနည်းလေး အချိန်ပိုပေးပြီး သက်ဆိုင်ရာ ရုံးတွေမှာ ကိုယ်တိုင် ကိုယ်ကျ အရင်စစ်ကြည့်ပြီးမှ ရှေ့ဆက်ဖို့ အတွက် အထူး အကြံပြု ပါရစေခင်ဗျာ….
#kalaw #forest #nature
credit - Jarnak Real Estate
Related Posts
ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...
စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...