တစ္ဆေဘဝနဲ့ စစ်တိုက်ထွက်ခဲ့တဲ့ မြန်မာ့စစ်သူကြီး ဗိုလ်ဥဒိန်ကျော်ခေါင်🧟♀️🧟♀️

တစ္ဆေဘဝနဲ့ စစ်တိုက်ထွက်ခဲ့တဲ့ မြန်မာ့စစ်သူကြီး ဗိုလ်ဥဒိန်ကျော်ခေါင်
ဗိုလ်ဥဒိန်ကျော်ခေါင်ဟာ နောင်တော်မင်းကြီး လက်အောက်မှာ စစ်မှု့ထမ်းရွက်တဲ့ စစ်သူကြီးတစ်ဦးဖြစ်ပြီး ဇင်းမယ်ကို ချီတက်တိုက်ခိုက်စေခဲ့တဲ့ တပ်မှာပါသွားခဲ့ပြီး လမ်းခရီးမှာ သေဆုံးခဲ့သူပါ။ သူရဲ့ စိတ်အစွဲလမ်းကြောင့် နောက်ဘဝကို တန်းမကူးနိုင်ပဲ တစ္ဆေဘဝသို့ ရောက်ရှိခဲ့ရပါတယ် ။ တစ်ညမှာတော့ နောင်တော်မင်းကြီး စက်တော်ခေါ်နေစဉ်မှာ မင်းကြီးခြေထောက်ကို လှုပ်နိုးခဲ့ပြီး မိမိသည်လမ်းတွင် သေဆုံးခဲ့ပြီ ဖြစ်ကြောင်းနှင့် ဆက်လက်ပြီး အမူတော်ကို ထမ်းလိုပါကြောင်း လျှောက်တင်ခဲ့တဲ့အတွက် မင်းကြီးက လက်ခံခဲ့ပါတယ်။
မုတ္တမမြို့မှာ ထားတဲ့ကင်းတပ်ကို ယိုးဒယားတပ်များ ဝင်ရောက်တိုက်ခိုက်တယ်လို့ ကြားရတဲ့အတွက် နောင်တော်မင်းကြီးဟာ မြင်းသည်ကျော် ငသာနှင့် ငရွှန်း တို့ကို ထောက်လှမ်းဖို့ မုတ္တမသို့ စေလွှတ်ခဲ့ပါတယ်။
ရက်ပေါင်းများစွာ ကြာတဲ့အထိ ပြန်ရောက်မလာတဲ့အတွက် တစ္ဆေဥဒိန်ကျော်ခေါင်ကို တစ်ချက်လွှတ်အမိန့်နဲ့ မုတ္တမကို စုံစမ်းဖို့စေလွှတ်ခဲ့ပါတယ်။
နေ့ချင်း ပြန်ရောက်လာပြီး ယိုးဒယားတပ်များ တိုက်ခိုက်သည်မှာ မဟုတ်မှန်ကြောင်း နှင့် ကင်းတပ်မှာ ပုံမှန်အတိုင်းသာ ရှိနေကြောင်းလျှောက်တင်နိုင်ခဲ့ပါတယ်။
နောင်တော်မင်းကြီးက ယုံတော်မမူ၍ ထပ်မေးရာ မင်းကြီးစေလွှတ်သည့် အထောက်တော်များကို တောင်ငူမြို့ ခပေါင်းချောင်း အနီးတွင် စခန်းချနေသည်ကို တွေ့သည့်အတွက် သစ်ကိုင်းများကို ချိုးပြ ၊ သစ်ကိုင်းကို လှုပ်ပြ၍ ခြောက်လှန်ခဲ့သေးကြောင်း လျှောက်တင်ပါတယ်။
မကြာမီ အထောက်တော်များ ပြန်ရောက်လာသဖြင့် မေးမြန်းရာ မုတ္တမကင်းတပ် အထွေအထူးမရှိသည်မှာ မှန်ကန်ပါကြောင်း ၊ ခပေါင်းချောင်းအနီးတွင် ခြောက်လှန့်သည်မှာလည်း မှန်ပါကြောင်း သိရှိရလိုက်ရပါတယ် ဒါကြောင့် မင်းကြီးဟာ တစ္ဆေဥဒိန်ကျော်ခေါင်ကို ယုံကြည်သွားခဲ့ပါတော့တယ်။
ထို့ကြောင့် နောင်တော်မင်းကြီးက တစ္ဆေအား ဘွဲ့ပေးရန်အတွက် ကိုယ်ထင်ပြခိုင်းခဲ့သော်လည်း တစ္ဆေက မိမိရုပ်မှာ အလွန်ဆိုးရွားပျက်စီးနေပြီး ကြောက်မက်ဖွယ် ဖြစ်နေသဖြင့် မပြဝံ့ပါဟု ပြန်လျှောက်တဲ့အတွက် ဇဝနယက္ခကျော်ခေါင် လို့ရေးထားသော ရွှေပြားကို ကလပ်တွင် တင်ထားပြီး ယူစေပါတယ်။
ဘွဲ့ရွှေပြားနှင့် ကြိုးတို့သည် ကလပ်ပေါ်မှ သူ့အလိုလို ရွေ့သွားပြီး ထုပ်လျှောက်ကြားမှာ တက်ချိတ်နေတာကို မှူးမတ်အားလုံး မြင်သွားပြီး ကြောက်လန့်ကုန် ကြပါတော့တယ်။နောင်တွင်လည်း တစ္ဆေဥဒိန်ကျော်ခေါင်ဟာ မင်းမှု့ကို အကြာကြီးထမ်းရွက်သွားတယ်လို့ သိရှိရပါတယ်။ ဒီအကြောင်းကို လှေသင်း အတွင်း ဝန်မင်းမဟာဇေယသင်္ခယာ က တဇ္ဇတ္ထဒီပနီကျမ်းတွင် မှတ်တမ်းတင်ထားခဲ့သလို ဦးဖျော်ရဲ့ ပလိပ်စားဧချင်း (ခေါ်) စဉ့်ကူးမင်း ရွှေနားတော်သွင်းဧချင်း မှာ ဂုဏ်ယူစွာ ထည့်သွင်းဖွဲ့ဆိုခဲ့တယ်လို့လဲ ကြားသိရပါတယ်။
တခြား စိတ်ဝင်စားစရာလေးတွေကို ဖတ်ချင်တယ်ဆိုရင်
အောက်က link လေးကို နှိပ်လိုက်ပါရှင့်။
<<https://www.yuzanarland.com/g/AtqtW >>
#yuzanarland #realestate #knowledge #ghost #warriors #Dynasty
Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ ********************************** ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့ ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း နဲ့ ပတ...

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?
အသိုက် အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။ ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...