❣ရွာပတ်ပတ် လည်မှာ ကျောက် တောင်တန်းကြီး တွေနှင့် ဝန်းရံ ထားသော Germany နိုင်ငံက Ramsau ရွာ ကလေး❣

❣ရွာပတ်ပတ် လည်မှာ ကျောက် တောင်တန်းကြီး တွေနှင့်ဝန်းရံထားသော
Germany နိုင်ငံက Ramsau ရွာကလေး❣
ဝေးတဲ့ အရပ်ဒေသ လေးကို ခနဖြစ်ဖြစ် အလည် အပတ်ထွက်ခွာ ချင်တယ် ။
လေးလံ ထိုင်းမိုင်း လာတဲ့ နေ့လေး တစ်နေ့မှာ
စိမ်းလမ်း တက်ကြွစေမယ့် မြင်ကွင်းမျိုး ကိုပေး ဆောင်ပေးမယ့် နေရာ ။
မွန်းကြပ် နေတဲ့ စိတ်လေး တွေကို ပြေပျောက် စေဖို့ ဝဝလင်လင် အသက်ရှု့ နိုင်မယ့်
နေရာလေး တစ်နေရာကို အပြေးသွား လိုက်ချင်တယ် ။
ကိုယ်ရောက် တဲ့နေရာ လေးမှာ စီးနေတဲ့ ရေစီးသံတွေ ၊ တေးသီဆို နေတဲ့ ငှက်ကလေး တွေရဲ့
သီးချင်း သံတွေ ဆီမှာ ကိုယ့်ခြေရာ လေးပါ အသက်ဝင် သွားလိုက် ချင်ပါတယ် ။
အဲဒီ နေရာလေး မှာ လမ်းလျှောက် လိုက်ပြီး ကိုယ့် အတွင်း စိတ်ထဲက ကိုယ့်ရဲ့ ပင်ပန်းမှုတွေ
လွင့်စင်ပျောက်ကွယ် သွားပါပြီ။
Ramsau ရွာကလေး မှာ အကြမ်းဖျင်း အားဖြင့် လူဦးရေ ( 3000 ) ကျော် နေထိုင် ပါတယ် ။
နှစ်စဉ် ကျင်းပ ပြုလုပ် တဲ့ Almabtrieb ရိုးရာပွဲ ဟာလည်း ဆွဲဆောင်မှု့ ရှိတဲ့
အရာလေး တစ်ခုပဲ ဖြစ်ပါတယ် ။
Almabtrieb ဆိုတာက ဂျာမာန် စကားလုံး လေးပါ ၊ အဓိပ္ပါယ် ကတော့
အယ်ဖိုင်း ကျက်စားရာ နေရာဒေသ ကနေ နွားများကို မောင်းနှင် သွားတယ် လို့ဆို ပါတယ် ။
အဲဒီ ပွဲတော်မှာ ဆိုရင် စက်တင်ဘာ လနှောင်းပိုင်း ( သို့မဟုတ် ) အောက်တိုဘာ လအစောပိုင်း တွေမှာ ကျင်းပ ပြုလုပ် လေ့ရှိပြီး ဂျာမန် လူမျိုးများ ကနွားများကို မောင်းနှင်း ရာတွင် ဝတ်ဆင်သော ရိုးရာဝတ်စုံ များက အစ ညီညီညာညာ လှလှပပ တွေ့မြင် နိုင်ပါတယ်။
နွားများ အိမ်ပြန် ရောက်လာတဲ့ အချိန်
--------------------------------------
မိမိ တို့၏ နွားများကို ပန်းများဖြင့် အလှဆင် ပေးခြင်း များကို ပြုလုပ် ကြပြီး အေးချမ်းတဲ့
တောင်ကုန်း ပေါ်ကနေ ဆင်းလာရတဲ့ အချိန်မှာ ပြန်လည် နုပျိုခြင်း ၊ ငြိမ်းချမ်းခြင်း ၊ ငြိမ်းသက်
အေးချမ်းခြင်း တွေနှင့် အတူ အိမ်ကို ပြန်လာတဲ့ အချိန်လို့ လည်း ဆိုပါတယ် ။
အဲဒီ ပွဲတော်ကို နေရာဒေသ အသီးသီးက လူတော်တော် များလာရောက် ကြည့်ရှု့ ကြပါတယ် ။
" ဆွဲဆောင်မှု့ လည်းရှိ တာကို "
Ramsau ရွာကလေး ကို အလည်အပတ် သွားမယ်ဆိုရင်
သဘာဝ တရားရဲ့ အထိအတွေ့ တွေကြောင့် ရွင်လန်း တက်ကြွစေမှာ အမှန်ပင် ။
💖💖💖💖💖💖💖💖💖💖💖💖💖💖💖
Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ ********************************** ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့ ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း နဲ့ ပတ...

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?
အသိုက် အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။ ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...