ဂရန် အမည်ပေါက် ထံက နေလည်း SP / GP မရထားဘဲ ရောင်းတဲ့ သူထံကနေ ဝယ်ယူ မိတော့မလို တော်သေး တယ် အရှုပ်အရှုင်းကနေ လွတ်သွားပြီ............

ကိုယ်ပိုင် အိမ်လေး တစ်လုံး လိုချင် တယ် ။
ငယ်ငယ် ကရော အခုချိန်ထိ မက်ခဲ့ရတဲ့ အိမ်မက်လေး
ကျွန်မ ရဲ့ ဘဝက အမေ့ဝမ်း ထဲက ထွက်လာ ကတည်းက ချက်ကြိုး လွယ်ပြီး ထွက်လာ ခဲ့တဲ့သူ ။
ဘဝ တစ်လျှောက်လုံး ဘယ်သူမှ အားမကိုးခဲ့ဘဲ ကိုယ့်အား ကိုယ်ကိုးကာ နေထိုင်ခဲ့ ပါတယ် ။
ကျွန်မ အိမ်မက် လေးကတော့ အဖေ နှင့် အမေကို လုံခြုံစိတ်ချ နွေးထွေး တဲ့ အိမ်လေးမှာ နေရဖို့ပါ။
အိမ်ငှား နဲ့ပဲ နေလာ ခဲ့တဲ့ ကျွန်မတို့ ဘဝဟာ ခက်ခဲတယ် လို့ပဲ ဆိုဆို အရာရာ တိုင်းဟာ လောကဓံ တရားတွေမို့ ကျွန်မ ကြံကြံခိုင်ရင်ဆိုင် နိုင်ပါတယ် ။ တစ်နှစ် ပတ်လုံး နွေ ၊ မိုး ၊ ဆောင်း ရာသီတွေ ဘယ်လောက်ပဲ ပြောင်းပြောင်း ကျွန်မ ရဲ့ အိမ်မက် အတွက်
အလုပ် မပျက် ဇွဲကို ထုတ်လျှက် ရှင်သန်ရှာ ဖွေစုဆောင်း ပါတယ် ။
မေမေကတော့
" ငါ့သမီးလေး ပင်ပန်း နေပြီလား ? ဒီလောက် ရှာနေတာ သေရင် ကိုယ့်နောက် ပါတာ မဟုတ်ဘူး ၊ နားနားနေနေ လေးနေပြီး ခရီးလေး ဘာလေးသွား အဖော်ကောင်း လေးရှာ ပါလား" တဲ့
အမေ ရယ် သမီး အသက်က မကြီးမငယ် ဆိုတာကို သိပေမယ့် အခု တစ်မျိုး တော်ကြာ တစ်မျိုး ဖြစ်တတ်ကြတဲ့ လူ့စိတ် တွေကြောင့် တစ်ယောက်တည်း ဆိုတဲ့ ဘဝက အေးချမ်းပြီး ပိုကောင်း ပါတယ် ။
သေရင် ကိုယ့်နောက် မပါမယ့် တပ်မက်မှု့ တွေကို မက်မော နေတယ် ဆိုတာထက် မြင့်မိုရ်တောင် ထက် တောင်ကြီး မြတ်တဲ့ကျေးဇူးရှိတဲ့ အမေ နှင့် အဖေတို့ကို စိတ်အေးချမ်းစွာ တရားအား ထုတ်ပြီး ကျန်းမာရေး ကောင်းမွန်စွာ နေနိုင်ဖို့ ရန်အတွက်
ကြိုးစား နေတာပါ။
ဒီလို နဲ့ ကျွန်မ ကြိုးစား ခဲ့တာ စုဆောင်း ထားတဲ့ ငွေတွေလည်း ပြည့်လာပြီမို့ ကျွန်မ မိဘတွေ သွားရလာ ရလွယ်ကူ ဘုန်းကြီး ကျောင်း နဲ့ လည်းနီးပြီး တရား ကောင်းကောင်း အားထုတ် လို့ရမဲ့ အိမ်လေး တစ်လုံးကို ရှာဖွေ ရပါတော့တယ် ။
စစ ချင်းတော့ အိမ်ခြံ မြေ အကြောင်း လည်းနားမလည် အိမ်ကို အခုဝယ် လိုက်ငွေ ချေလိုက် ပြီးတာ နဲ့ တန်းတက် နေလိုက် ရုံပဲလို့ ထင်ခဲ့တာ ပေါ့နော်။
တကယ် တန်းကျတော့ အထင် နဲ့ အမြင်က တခြားစီပါ ။ ဗဟုသုတ တော်တော် နည်းနည်း တဲ့ ကိုယ့်ကိုယ့် ကိုယ်ပဲ အပြစ်တင် နေမိတယ် ။ အကျိုးဆောင် တစ်ယောက်က ကျွန်မ ကို အိမ်လိုက် ပြတော့ သေချာလေး ရှင်းပြပါတယ် ။ အဲဒီ ကနေပဲ ကျွန်မက အိမ်ခြံမြေ လောက အကြောင်း အနည်းငယ် လေးသိခွင့် ရခဲ့တာပါ ။
ကျွန်မ အိမ်လေး အတွက် လိုက်ကြည့်ရင်း ကြုံခဲ့ရတာ တစ်ခုကတော့ ကျွန်မ အကြိုက်ထဲတော့ မပါပေမယ့် ဝယ်ရမလို ဖြစ်သွားတဲ့ အိမ်လေး တစ်လုံးရှိ ပါတယ် ။ ဝယ်မလို ဖြစ်တယ် ဆိုတာကလည်း
အမေ နှင့် အဖေတို့က အသက်ကလေး ရလာတော့ ကားကြာကြာ မစီးနိုင် တာရယ် ၊ လမ်းကြာကြာ မလျှောက် နိုင်တာတွေရယ် ကြောင့် ဘုန်းကြီးကျောင်း နဲ့ နီးပြီး ရပ်ကွန်သန့် အေးချမ်းတဲ့ နေရာက အိမ်လေး ဖြစ်နေလို့ပါ ။ ဝယ်ယူဖို့ ဆဲဆဲမှာ အကျိုးဆောင်က အခုမြေက ပိုင်ဆိုင်မှု့ အထောက်အထား ခိုင်လှုံမှု့ ရှိတာ သေချာအောင် သက်ဆိုင်ရာ မြေစရင်းရုံးမှာ စစ်ကြည့်ဖို့ ပြောပါတယ် ။
ဒီလိုနဲ့ ကျွန်မသူ နဲ့ အတူ စစ်ကြည့် လိုက်တာ မြေကတော့ ဂရန်မြေပါ ခက်တာက ဂရန် အမည်ပေါက်က အခုရောင်း တဲ့ သူမဟုတ်ပါဘူး ။ အဲဒါ အပြင် အမည်ပေါက်ထံ ကနေလည်း SP / GP မရထားပါဘူး ။
ဒါကို ကျွန်မဝယ် ယူမိရင် ဘာဖြစ်လာမှာ လည်းဆိုတော့ တစ်ချိန်ကျရင် အမည်ပေါက်ထံကနေ ဒီအိမ်ကို မရောင်းထား ပါဘူး ရောင်းဖို့လည်း ခွင့်မပြုခဲ့ ပါဘူးဆိုပြီး ပြဿနာ ဖြစ်လာနိုင် ပါတယ်တဲ့လေ ။
အေးဆေးစွာ နေထိုင် လိုတဲ့ ကျွန်မလည်း ပြဿနာထုတ်ကို ရင်မှာ ပိုက်ပြီး မှောက်မိုက်သော လမ်းကို မလျှောက်လို ပါဘူး ။
ဒီလိုနဲ့ ပဲကျွန်မ မဝယ်ယူဖို့ ဆုံးဖြတ် လိုက်ပြီး နောက်တစ်လုံးပဲ ရှာလိုက် ပါတော့တယ် ။
________________________________________
Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ ********************************** ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့ ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း နဲ့ ပတ...

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?
အသိုက် အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။ ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...