ကုန်းဘောင်ခေတ် နောက်ဆုံးမြို့တော်ဝန် ဦးပေစိ

ကုန်းဘောင်ခေတ် နောက်ဆုံးမြို့တော်ဝန် ဦးပေစိ အကြောင်း
( မြို့တော်ဝန်ဆိုတာနဲ့ ချမ်းသာသွားကြတာပါပဲ ) ကုန်းဘောင်ခေတ် ရတနာပုံရွှေမြို့တော်ဝန် (၄) ဦးရှိသည့် အနက် နောက်ဆုံးမြို့တော်ဝန်လဲ ဖြစ်ပြီး
တန်ခိုးအာဏာ အကြီးဆုံးဟု ဆိုနိုင်သည့် မြို့တော်ဝန်ဦးပေစိကို အဘ ရွှေမြို့တော်ဝန် ဦးရွှေမောင်နှင့်အမိ ဒေါ်နိုင်တို့မှ ဧပြီလ (၂၅) ရက် ၁၈၂၈ ခုနှစ်တွင် မန္တလေးမြို့၌ မွေးဖွားခဲ့ပါတယ်။
သာယာဝတီမင်း လက်ထက်တွင် ဦးပေစိကို ရွှေတောင်ငယ်ထင်ဘွဲ့နှင့် လက်ဖက်ရည်တော် ခန့်အပ်ခဲ့သည်။ ပုဂံမင်းလက်ထက်တွင် မင်းလှကျော်ထင်ဘွဲ့ ရခဲ့သည်။ မင်းတုန်းမင်း လက်ထက်တွင် ကွမ်းတော်ရေကိုင် ရာထူး ပေးအပ်ခဲ့သည်။
စာရေးရာထူးမှ စာရေးတော်ကြီးအရာ အထိ တိုးမြှင့်ခံရသည်။ ဤသို့ ဘုရင်အဆက်ဆက် ရာထူးအဆင့်ဆင့် ထမ်းဆောင်နေသည့် ဦးပေစိကို မြေထဲမြို့ဝန်အဖြစ် ခန့်ထားလိုက်သည်။
နောက်ပိုင်းဦးပေစိ၏ သားကြီးအား မြေထဲမြို့ဝန်ရာထူးကို လွှဲပြောင်းခန့်အပ်ပေးကာ ဦးပေစိကို မန္တလေးသို့ ပြန်ခေါ်ခဲ့သည်။ မင်းတုန်းမင်းသည် ဦးပေစိကို အဆင့်ဆင့် မြှောက်စားပြီး နောက်ဆုံး သီရိမဟာဇေယျဂါမဏိဘွဲ့ဖြင့် ရွှေမြို့တော်ဝန် ခန့်ထားခြင်းဖြစ်သည်။
သီပေါမင်းလက်ထက်တွင်လည်း ရွှေမြို့တော်ဝန်အဖြစ် ဆက်လက် ခန့်အပ်ခြင်း ခံရသည်။မင်းတုန်းမင်းလက်ထက် ရတနာပုံနေပြည်တော်ကို တည်ထောင်ပြီးသည့်နောက် ၁၈၇၆ ခုနှစ်တွင် နန်းမြို့တော် မြောက်ဖက်စွန်းမှ အမပူရမြို့အရောက် (၉) မိုင်ခန့် ရှည်လျားသော တာရိုးကြီးကို တည်ဆောက်ခဲ့သည်။ ထိုစဉ်က အီတလီ အင်ဂျင်နီယာတစ်ဦးနှင့် ရွှေမြို့တော်ဝန် ဦးပေစိတို့ ပူးပေါင်းတာဝန်ယူ ဆောက်လုပ်ခဲ့ကြသည်။
အီတလီ အင်ဂျင်နီယာ ပါဝင်သည်ကို လူသိနည်းပြီး ဦးပေစိတည်ဆောက်သော တာရိုးကြီးဟုသာ လူသိများသည်။ သို့သော် တည်ဆောက်ပြီး များမကြာမီပင် ဧရာဝတီမြစ်ရေ အတက်ကြမ်းလာသဖြင့် ရွှေမြို့တော်ဝန်ဦးပေစိသည် တာရိုးတလျောက် လိုက်လံစစ်ဆေးကာ အနိမ့်ပိုင်း နေရာအချို့ကို ပြုပြင်ခဲ့သေးသည်။ သို့သော် ညတစ်ညတွင် မြစ်ရေ မြင့်တက်လာကာ ၁၅ ပေကျော်အမြင့်ရှိသည့် တာရိုးကိုကျော်ကာ ရုတ်တရက် ကို ၃၀ ခန့်ကျိုးပေါက်သွားခဲ့သည်။ ရေအရှိန်ဖြင့် ချက်ချင်းပင်ကို ၃၀၀ ခန့် တာရိုး ကျိုးပျက်သွားပြီး မြစ်ရေများ ဒလဟော စီးဆင်းလာခဲ့တော့သည်။
အိမ်ခြေ ၈၀၀၀ ခန့် ရေမြှုပ်သွားသည် ။ လူဦးရေ ၅ သောင်းကျော်လည်း ညတွင်းခြင်း အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ရသည်။ လူနေအိမ်ခြေများအပြင် တောင်ခွင်တိုက် ၊ မင်းကွန်းတိုက် နှင့် ဘေးမဲ့တိုက် စသော ဘုန်းတော်ကြီးကျောင်းများမှာလည်း လုံးဝနစ်မြှုပ်သွားခဲ့ပြီး ၊ သင်္ဂဇာတိုက် ၊ အကောက်ဝန်မင်းတိုက် ၊ မိုးကောင်းတိုက် ၊ ခင်မကန်တိုက်များသို့လည်း ရေဝင်ကုန်သည်။
ထို့ကြောင့် ရေဘေးသင့်သော ပြည်သူများနှင့် ဘုန်းတော်ကြီးများမှာ တာရိုး တည်ဆောက်သူ ဦးပေစိကို အပြစ်ပုံချပြီး အလွန်မုန်းတီးသွားကြသည် ။အထက်မြန်မာနိုင်ငံကို နယ်ချဲ့အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးနောက် အင်္ဂလိပ်အစိုးရက လစာ ၅၀၀ ရူပီးဖြင့် မြို့တော်ဝန်အဖြစ်ဆက်လက်ခန့်ထားသည်။
အင်္ဂလိပ်လက်အောက်တွင် အစောဆုံး ဝင်ရောက် အမှုထမ်းသူများမှာ ကင်းဝန်မင်းကြီး ဦးကောင်း ၊ ဦးပေစိ နှင့် ဦးဖိုးအို တို့ဖြစ်ကြသည်။ ထို့ကြောင့် မြန်မာမျိုးချစ်များက သူတို့ ၃ ဦးကို အလွန်မုန်းကြသည်။
ထို့အပြင် ဦးပေစိသည် အင်္ဂလိပ်အစိုးရ၏ အတိုင်ပင်ခံအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ကာ နယ်ချဲ့အင်္ဂလိပ်အစိုးရ ရာဇဝတ်ဝန်နှင့်အတူပူးတွဲ တာဝန်ထမ်းဆောင် ရသည်။ မျိုးချစ် တော်လှန်ရေးသမားများက မန္တလေးမြို့ကို မကြာခဏ လာရောက် တိုက်ခိုက်ကြသော်လည်း မြို့တော်ဝန်ဦးပေစိ စွမ်းစွမ်းတမံ အမှုထမ်းပြီး ခုခံကာကွယ် ပေးခဲ့သည်။
ထို့ကြောင့် မြန်မာဘုရင်လက်ထက်မှ မှူးမတ်ဟောင်းများ အပါအဝင် ပြည်သူအများက ဦးပေစိကို ပိုပြီး မုန်းတီး ကြပါသည်။ ဦးပေစိသည် မြန်မာမင်းနှစ်ဆက် ရွှေမြို့တော်ဝန် ဖြစ်ခဲ့ရာ အလွန်လာဘ်လာဘ ရသဖြင့် ဝန်မင်းများထဲတွင် ချမ်းသာသော သူတစ်ဦးဖြစ်ခဲ့သည်။
အင်္ဂလိပ်အစိုးရ လက်ထက်တွင်လည်း ထင်တိုင်းကြဲပြီး လာဘ်စားခဲ့သည်ဟု ဆိုပါသည်။ မြန်မာဘုရင်ခေတ် မှူးကြီးမတ်ကြီးများထဲတွင် ချမ်းသာလှသည့် ဦးပေစိသည် အခြား မှူးကြီးမတ်ကြီးများကဲ့သို့ ဘုရားတည် ကျောင်းဆောက်သည်။ ဦးပေစိဘုရားမှာ ယခင်ဒေးဝန်း အရှေ့ပိုင်းရပ် ၊ ရွာဟိုင်းသင်းချိုင်း အနောက်မြောက်ဖက် သင်္ဂဇာချောင်းဘေးတွင် တည်ရှိသည်။ ရတနာဘုံသာစေတီတော်ဟု အမည်ခေါ်တွင်သည်။ သီပေါမင်းလက်ထက် ၁၂၄၃ ခုနှစ် ၊ တန်ဆောင်မုန်းလဆန်း (၇) ရက်နေ့တွင် တည်သည်။ ဦးပေစိဘုရား ၊ လူမသွားဟုပင် ပြောဆိုတတ်ကြသည် အထိ သူ့ကို လူအများ မုန်းကြပါသည်။
အင်္ဂလိပ်အစိုးရအလိုကျ ဆောင်ရွက်ပေးနိုင်သဖြင့် သူ့ကို ၁၈၈၇ ခုနှစ် ၊ သြဂုတ်လ (၅)ရက်နေ့တွင် CIE ဘွဲ့ပေးခဲ့သည် ။ အင်္ဂလိပ်ဘုရင် အက်ဒဝပ်နန်းတက်ပွဲတွင် ဗြိတိသျအင်ပါယာ လက်အောက်ခံ နိုင်ငံအသီးသီးမှ ထင်ရှားသောသူများ ရုပ်ပုံများ ထည့်သွင်းထုတ်ဝေသော အင်္ဂလိပ်အစိုးရ မှတ်တမ်းတစ်ခုတွင် မြန်မာပြည်မှ အခြားမှူးကြီးမတ်ကြီးပုံမပါဘဲ ဦးပေစိ၏ပုံသာ ထည့်သွင်းဖော်ပြသည်အထိ သူ့ကို အရေးပေးခြင်း ခံရသည်။
ထိုခေတ်အခါက ချမ်းသာသူများ ရင်းနှီးမြှုပ်နှံလေ့ရှိသည့်အတိုင်း ဦးပေစိသည် လယ်မြေ ယာမြေ အမြောက်အမြားကို ဝယ်ထားလေ့ရှိသည်။ ( ခုခေတ်မှာလည်း ရင်းနှီးမြုပ်နှံချင်တယ်ဆိုရင် Yuzanarland app လေးကို Download ထားလိုက်ပါနော်)
အင်္ဂလိပ် မြေတိုင်းမှတ်တမ်းများအရ ဦးပေစိ ပိုင်ဆိုင်သောလယ်မြေမှာ ၂၇၂၆.၅ ဧက ရှိသည်ဟု ဆိုသည်။(
နဲနေသလား)
နှစ်စဉ် သီတင်းကျွတ် လဆန်း (၆)ရက်နေ့ နီးပြီဆိုရင် မင်းတုန်းမင်းကြီးအား ရည်မှန်းပြီး မိဘုရားများ ၊ သားတော် ၊ သမီးတော် ၊ မြေးတော် ၊ မြစ်တော်တို့သည် သံဃာတော်များကို ပင့်ဖိတ်ပြီး ဆွမ်းလှူဒါန်းကပ်လှူလေ့ ရှိကြပါသည်။ ထိုဆွမ်းအလှူအတွက် တတ်နိုင်သလောက် ပါဝင်လှူဒါန်းလေ့ ရှိကြသည်။
အဲလိုအခါမျိုးမှာ ဦးပေစိသည် ဘယ်တော့မှ အလှူပါဝင်လေ့ မရှိဟု ဆိုပါသည်။ ကပ်စေးနှဲလို့တော့ မဟုတ်။ သူ့အရှင်သခင်သစ်အင်္ဂလိပ်အစိုးရ ငြိုငြင်မှာစိုးလို့ ဖြစ်ပါသည်။
မြို့တော်ဝန်ဦးပေစိနှင့် ဝန်ကတော်တို့တွင် သားသမီး (၅) ဦး ထွန်းကားခဲ့ပါသည်။ မြို့ဝန်ကတော်မှာ ၁၈၈၇ ခုနှစ် ၊ နိုဝင်ဘာလ ( ၁၅ ) ရက်နေ့တွင် ကွယ်လွန်ပြီး ၊ ဦးပေစိမှာ ၁၉၀၄ ခုနှစ် ၊ မေလ (၂) ရက်နေ့တွင် ကွယ်လွန်ခဲ့ပါသည်။
သူ၏ကောင်းမှု ရတနာဘုံသာ ဘုရားဝင်းအတွင်း အုတ်ပြသာဒ်သွင်း သဂြိုဟ်ထားခဲ့ပါသည်။
refrence #သမိုင်းစက်ဝန်း (မောင်သန်းဆွေ-ထားဝယ်)
Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ ********************************** ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့ ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း နဲ့ ပတ...

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?
အသိုက် အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။ ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...