ရှာပုံတော်မင်းသားကြီးက ရေတွေစိုလို့ လိပ်စာပျက်တာ✉️💦 ကျွန်တော်ကတော့.........

ဟုတ်ကဲ့ အကို မင်္ဂလာပါရှင့် ထိုင်ပါဦးရှင့် ဘာများကူညီဆောင်ရွက်ပေးရမလဲရှင်💁♀️
ဟုတ်ညီမလေး ဒီလို အကိုက အကျိုးဆောင်လုပ်တာ အဲ့ဒါ ညီမလေးတို့Yuzanarland application က အကိုတို့ အကျိုးဆောင်တွေကြားမှာ ခေတ်စားနေတာ အကိုလဲ အဲ့တာလေး စမ်းပြီး သုံးချင်လို့လေ အစကတော့ ဖုန်းပဲဆက်ပြီး မေးမလို့ပဲ ဘယ်လိုသုံးရလဲ ဘာညာ ဒါမဲ့ အကိုလဲ ကလော လာလည်တုန်းလေး ကြုံတုန်း ရုံးပဲ တစ်ခါတည်း လာခဲ့လိုက်တာ။💁♂️
ဟုတ်ကဲ့အကို အချိန်မရွေး လာလည်လို့ရပါတယ်ရှင့်။
ညီမလေးတို့ account ဘာညာရော ဖွင့်ပေးတယ် မလား။
ဟုတ်ကဲ့အကို ဖွင့်ပေးပါတယ်ရှင့် ဒါဆို အကို့ကို accountဖွင့်နည်းလေးရော တစ်ခြား အသုံးပြုပုံလေးတွေရော သေချာရှင်းပြပေးမဲ့ marketing က အမကို သွားခေါခဲ့ပေးမယ်နော်အကို ခနထိုင်စောင့်ပေးပါဦးရှင့် မုန့်လေးတွေလဲ သုံးဆောင်ပါဦး။
ဟုတ်..ရတယ်ဗျ။
ဟော..ဧည့်ခန်းထဲကို အစောက ကောင်မလေးနဲ့အတူ ကောင်မလေးတစ်ယောက်လာနေပြီ..မျက်မှန်လေး ဝတ်ထားပြီး လမ်းလျှောက်တာလေးကလဲ ကြွကြွရွရွနဲ့ တဂယ့် အကြည်ဓာတ်လေးပါဗျာ..။
အကို မင်္ဂလာပါရှင့်..။
ဟုတ်ညီမလေး (အသံလေးကလဲ ချစ်စရာလေးဗျာ ထူးဖို့တောင်မေ့နေတယ် ဟိဟိ🤭)။
📍 ဟုတ် အကိုက accountလေးဖွင့်ပြီး အသုံးပြုချင်တာနော် အကို။
ဟုတ်တယ် ညီမလေး ညီမလေးတို့applicationက ခေတ်စားနေတော့လေ ပြီးတော့ packageလေးတွေလဲ စျေးသက်သာတယ် ပြောကြလို့ ကျွန်တော်လဲ သုံးကြည့်ချင်လို့ ။ ဟုတ် အကို ရပါတယ်ရှင့် ဒါဆို ညီမ အခုပဲ accountလေး ဖွင့်ပေးလိုက်မယ်နော် 💁♀️။
🔖 ညီမတို့appမှာ အကျိုးဆောင်တိုင်း တစ်လကို ၁၀ ပိုစ့်ထိ အခမဲ့ တင်လို့ရတယ် အကို packageလေးတွေကျတော့
(1 ) basic package
( 2 ) One star
( 3 ) Two star
( 4 ) Three star
( 5 ) Four star
( 6 ) Five star ဆိုပြီး ၆မျိုး ရှိပါတယ်ရှင့်။
📍📍 တစ်မျိုးနဲ့တစ်မျိုး ဝန်ဆောင်မှု့လေးတွေ စျေးလေးတွေကလဲ မတူသလို ရရှိနိုင်မဲ့ အကျိုးရလာဒ်လေးတွေကလဲ မတူဘူးပေါ့.. ဟုတ် ။ အကိုတို့လို စပြီး အသုံးပြုတဲ့ သူတွေကကျ basicလေး နဲ့ one starလေးကို စပြီး ယူကြည့်ကြတာ များတယ်ရှင့် ။
Basic package လေးရဲ့ တန်ဖိုးက ကျတော့ 25000 ပဲ ကျတာအကို သူထဲမှာဆိုရင် ရိုးရိုးကြော်ငြာလေးက 30 အထူးကြော်ငြာလေးက 4ခု ပါတယ်ရှင့်။ ဒီapplicationလေးမှာကျ သူက ပိုစ့်တင်ရင်းနဲ့ တစ်ခါတည်း Google map လေးနဲ့ Youtube video လေးလဲထည့်လို့ ရတယ်ရှင့် ။ ပြီးတော့သူက တစ်ပိုစ့်ထဲမှာ ပုံ၂၀ ထိ တင်လို့ရတော့ Photo content နဲ့ တင်တဲ့သူဆို အလုံး ၂၀ ကို တစ်ပိုစ့်ထဲမှာ တင်နိုင်တာပေါ့ရှင့်။
ဒါဆို အဆင်ပြေသားပဲ....အကိုက အခုဖွင့်ဖွင့်ခြင်းဆိုတော့ point က ၁၀ခုရမှာပေါ့ ဟုတ်လား။
ဟုတ် အကို။
ဒါဆို အကို အခုလောလောဆယ် 1starယူမယ်ဆိုရင်ရော ညီမလေး... 🤔?
📍📍 1starမှာကျ ရိုးရိုးကြော်ငြာက ၆၀ အထူးကြော်ငြာက ၈ခုရမှာရှင့် ပုံမှန်စျေးလေးက 50000ရှင့်
အကို အခုချိန်ဝယ်ယူမယ်ဆိုရင်တော့ visiting card 100လဲ လက်ဆောင်ရဦးမှာအကို။
မိုက်တာပေါ့... ဒါဆိုအကို 1starလေးပဲ ယူလိုက်မယ်လေ ညီမ။
ဟုတ်ကဲ့အကို ဒါဆိုညီမအခုပဲ ဘောင်ချာလေး ဆွဲပေးလိုက်မယ်နော် ။ဟုတ်ညီမ ခုလိုသေချာလေး ရှင်းပြပေးတဲ့အတွက် ကျေးဇူးပါဗျ အရောင်းဝယ် ဖြစ်အောင်လည်း ကြိုးစားပေးပါဦးဗျ🤍🤍။
ဒီလိုနဲ့ နှုတ်ဆက်ပြီး ကျွန်တော်လဲ မွေးရပ်မြေကို ပြန်ခဲ့ပြီး အလုပ်တွေ စလုပ်တော့တာပဲ
ဒီလိုနဲ့ အခက်ခဲဖြစ်နေတဲ့ ကျွန်တော့်သူငယ်ချင်း အကျိုးဆောင်တွေကိုလဲ သူတို့ companyနဲ့ အလုပ်တွဲလုပ်ရတာ အဆင်ပြေကြောင်း ပြောပြပေးပြီး ရှင်းပြတာလဲ စိတ်ရှည် လောကကြီးကိုလဲ ဘောင်ခတ်ပြီး ကြည့်တက်တဲ့ မျက်မှန်နဲ့ကောင်မလေးအကြောင်းကိုလဲ ကြွားလိုက်သေးတာ👓😇 ။
သူတို့ကလဲ ကလောဖက် trip သွားဖို့ ရှိတယ်တဲ့လေ ကျွန်တော်လဲ ရုံးကိုလိုက်ပို့မယ် ဆိုပြီး လိုက်သွားဖို့ ဆုံးဖြတ်လိုက်တာပေါ့(အဓိက ကတော့ မျက်မှန်နဲ့ကောင်မလေးကို ထပ်တွေ့ချင်လို့ ဒီတစ်ခါတွေ့ရင်တော့ သူ့နာမည်လဲမေးမယ် accountလေးလဲ တောင်းခဲ့မယ် ဟီး🙊)
🍃🍃 ဘာလိုလိုနဲ့ မနက်ဖြန်ဆိုရင်တောင် သွားရတော့မယ် ဒါပေမဲ့ကံဆိုးစွာနဲ့ အိမ်မှာ အရေးပေါ်ကိစ္စလေးဖြစ်လာလို့ ခရီးစဥ်မှာကျွန်တော်လိုက်ပါလို့ မရတော့ပူး....
အကျိုးတူ သူငယ်ချင်းတွေတော့ သွားခဲ့ကြတာပေါ့ ရုံးကိုလဲသွားခဲ့တယ်တဲ့ သူတို့ကိုလဲ မျက်မှန်နဲ့ကောင်မလေး ရှင်းပြပေးလိုက်တာတဲ့လေ ဒါပေမဲ့ သူတို့ဓာတ်ပုံတူတူရိုက်လာတာပြန်ကြည့်တော့ ကျွန်တော့်ရဲ့မျက်မှန်လေး မဟုတ်နေပူး...
ဖုန်းဆက်ပြီး မသိမသာလေး မေးတော့လဲ ရုံးမှာ 85%လောက်က မျက်မှန်တွေနဲ့ချည်း တဲ့လေ🥲🥲🥲
ရှာပုံတော်မင်းသားကြီးက ရေတွေစိုလို့ လိပ်စာပျက်တာ✉️💦
ကျွန်တော်ကတော့.........
#yuzanarland #realestate #packages #stars
Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ ********************************** ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့ ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း နဲ့ ပတ...

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?
အသိုက် အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။ ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...