ဝယ်မှားဖြစ်တော့မည့် ကျွန်တော်မပိုင်ဆိုင်ခဲ့ရသည့်အိမ်

တလောကကျွန်တော် သာကေတ ဘက်မှာ အိမ် ခြံ ဝိုင်းလေး ဝယ်ဖို့ လုပ်တာ ပြဿနာ အရှုပ်အရှင်းတစ်ခု ပေါ်လာပါတယ်။
ပြဿနာတွေ တအားမရှုပ်သွားခင် အကြောင်းအရင်းကို ကောင်းကောင်းလေး သိသွားလို့ ကံကောင်းသွားတယ်လို့ ဆိုရမယ်။
ပြဿနာက ဘာလဲဆိုတော့ ကျွန်တော် ဝယ်မယ့် အိမ်လေးက လင်မယားနှစ်ယောက် ပိုင်တဲ့အိမ်လေး။
သူ့ယောကျာ်းက ကျွန်တော်ဆီ သိန်း (950)နဲ့ ရောင်းတာ ။ကျွန်တော်ကလည်း ကျွန်တော့်လက်ဝယ်ရှိ ငွေတွေ မပျောက်ပျက်အောင်ဆိုပြီး ဝယ်ယူဖို့ ဆုံးဖြတ်လိုက်တာ။
အဲဒီမှာစတာပဲ သူ့ဇနီးက
"(950)ထဲ မတန်ဘူး သဘောမတူနိုင်ဘူး ဒီအိမ်က ကျွန်မပိုင်တဲ့အိမ် ဘယ်သူမှ လာရောင်းလို့မရဘူး"
ဆိုပြီး ကျွန်တော့်ရှေ့မှာတင် ပွဲကြမ်းပါလေရော။
နောက်ဆုံးတော့ သူ့ယောကျာ်း ရောင်းမယ်ဆိုတဲ့ အကြောင်းအရင်းက
သူတို့အိမ်ဟာ တစ်ခြားတစ်ယောက်ဆီ ပေါင်နှံထားတာ ဖြစ်ကြောင်းနှင့်
အပေါင်ဆုံးမှာစိုး၍ ဒီအိမ်ကို ရောင်းပြီးမှ ပြန်ရွေးရမှာ ဖြစ်ကြောင်း
အဲဒီနေ့မှာပဲ အကုန်ပေါ်သွားပါတယ်။
ကျွန်တော်လည်း သနားတာတော့ သနားပါတယ် သူတို့ကိုတော့ မဟုတ်ပါဘူး သူတို့သားသမီးတွေကိုပါ။
အဖေလုပ်သူက မလိမ္မာ အမေလုပ်သူက တစ်ဇွတ်ထိုး နောက်ဆုံး မျက်နှာငယ်ရမှာက သူတို့မွေးထားတဲ့ သားသမီးတွေပါ။
ကျွန်တော်သာ အဲဒီနေ့မှာ ဘာအကြောင်းမှ မသိဘဲ စရံချပြီး အရောင်းအဝယ်ဖြစ်သွားကာ
နောင်တစ်ချိန်မှာ သူ့ဇနီးက ကန့်ကွက်လာရင် ပိုင်ဆိုင်မှု့ထဲက တစ်ဝက်ကို သူ့ဇနီးကို ပေးရတော့မှာပါ။
အိမ် ခြံ မြေ ဝယ်ယူမည့်သူများအနေဖြင့် လုံလဝီရိယထားပြီး အရှုပ်အရှင်း ရှိ မရှိဆိုတာကို မဝယ်ခင် သေချာလေးစုံစမ်းပြီး မှ ဝယ်ယူသင့်ပါတယ်ခင်ဗျာ။
မိမိဝယ်ယူမည့် အိမ် ခြံ မြေ က တစ်ခြားတစ်ယောက်ယောက်ဆီမှာ ပေါင်နှံထားတာတို့ ၊ အမွေဆိုင်ဖြစ်နေတာတို့ ၊ လင်မယားနှစ်ဦး ပိုင် ဖြစ်နေတာတို့ ၊ အာမခံထားပြီး ငွေချေးထားတာတို့ အဲဒီလိုမျိုး အရှုပ်အရှင်းတွေက ဖြေရှင်းရခက်တတ်ပါတယ် ။ ဒါကြောင့် သတိကြီးစွာ ဝယ်ယူကြပါခင်ဗျာ။
Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ ********************************** ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့ ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း နဲ့ ပတ...

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?
အသိုက် အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။ ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...