"အရောင်းအဝယ်ပျက်ခြင်း "

"အရောင်းအဝယ်ပျက်ခြင်း "
--------------------------------------
အကြောင်း အမျိုးမျိုးကြောင့် အရောင်းအဝယ် ပျက်တတ်တာကို အိမ် ခြံ မြေ လောကသားများ သတိပြု ဆင်ခြင်စေလိုပါတယ်။
လူ့စိတ်ဆိုသည့်မျိုးက အစဉ်အမြဲ ပြောင်းလဲတတ်သော သဘာဝရှိပါတယ်။
ရောင်းသူ ၊ ဝယ်သူ နှစ်ဦးနှစ်ဖက် အရောင်းအဝယ်ဖြစ်ပြီ ဆိုကတည်းက အကျိုးဆောင် ၊ ရှေ့နေ့ ၊ သက်ဆိုင်ရာ တို့နှင့် အတူ စရံပေးကတိစာချုပ် ကို ချုပ်ဆိုကြရပါတယ်။
စရံပေးကတိစာချုပ် မချုပ်ထားဘဲ နောက်မှ တစ်ခါတည်းပေးချေပါမည် ဟုဆိုပါက အရောင်းအဝယ် က တစ်နည်းမဟုတ် တစ်နည်းနည်းနဲ့ ပျက်သွားတတ်ပါတယ်။
စရံပေး ကတိစာချုပ်က နှစ်ဦးနှစ်ဖက်စလုံးကို အရောင်းအဝယ် ဖြစ်မြောက်ကြောင်း အသိအမှတ်ပြုစေပါတယ်။ တစ်ချို့ဆိုရင် စရံပေးကတိစာချုပ် ချုပ်ဆိုပြီးလျှင်တောင်မှ အရောင်းအဝယ် ပျက်သွားခဲ့သည်များလည်း ရှိခဲ့ဖူးပါတယ်။
( ၁ ) ရောင်းမည့်သူက မိမိရောင်းချင်တဲ့ အိမ် ခြံ မြေကွက်ဟာ အကြောင်းကိစ္စ အမျိုးမျိုးကြောင့်နှင့် ကိစ္စကြီးငယ်ရပ် ပေါ်ပေါက်လာပြီးရောင်းဖို့ရန် ဖျက်လိုက်ရခြင်း နှင့်
( ၂ )ဝယ်မည့်သူကလည်း အခြေအနေအရပ်ရပ်ကြောင့် ဝယ်ယူမည့်ကိစ္စ ရပ်ဆိုင်းလိုက်ရပြီး အဝယ်ကို ဖျက်လိုက်ရခြင်းတွေကြောင့် အရောင်းအဝယ်ကိစ္စများ ပျက်စီးကြရပါတယ်။
အိမ် ခြံ မြေအကျိုးဆောင်များသည်လည်း မြေပြင်မှ အိမ် ခြံ မြေ အရောင်းဒေတာများရယူပြီး ၊ အမှန်တကယ် လိုက်ပြကာ ၊ စာရွက်စာတမ်း စစ်ဆေးပေးသည်အဆုံး တာဝန်ယူ ဆောင်ရွက်ကြရပြီး အရောင်းအဝယ် ပျက်သွားသည့်အခါ စိတ်ပင်ပန်း ၊ လူပင်ပန်း ဖြစ်ကြရပါတယ်။
🕰ရင်းခဲ့ရသော အချိန်များသည် ဘယ်သူ့အတွက်ကမှ အလကားမရပါ။
အလကား လိုချင်လျှင် အလကားလူ ဖြစ်တတ်ပါတယ်။
ထို့အတွက်ကြောင့် အိမ် ခြံ မြေ ရောင်းသူများသည်လည်း မရိုးမသား မပြုလုပ်ဘဲ ရိုးသားစွာနဲ့ ရောင်းသင့်ပါတယ်။ ဝယ်သူများသည်လည်း မဝယ်နိုင်ပါက ၊ မဝယ်ဖြစ်သည့် အခြေအနေများ ရှိတတ်ပါက ဆင်ခြင်သုံးသပ်ပြီးမှ ဝယ်ယူသင့်ပါတယ်။
Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ ********************************** ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့ ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း နဲ့ ပတ...

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?
အသိုက် အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။ ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...