💁သမိုင်းအမေ့ခံ ပျဉ်းမနားမင်းသား(သို့မဟုတ်)ထီးနန်းနှင့် အကြိမ်ကြိမ်လွဲချော်ခဲ့ရသူ

18-Mar-23 Knowledge
💁သမိုင်းအမေ့ခံ ပျဉ်းမနားမင်းသား(သို့မဟုတ်)ထီးနန်းနှင့် အကြိမ်ကြိမ်လွဲချော်ခဲ့ရသူ

💁သမိုင်းအမေ့ခံ ပျဉ်းမနားမင်းသား ( သို့မဟုတ် ) ထီးနန်းနှင့် အကြိမ်ကြိမ်လွဲချော်ခဲ့ရသူ


 

     á€•ဝဉ်းမနဏး မင်းသားကြီး မောင်မောင် ဟာ ခမည်းတော် မင်းတုန်းမင်းနဲ့ မယ်တော် ကြေးမြင် မိဖုရားကြီး တို့ရဲ့ သားတော်တစ်ပါး ဖြစ်ပြီး မြန်မာနိုင်ငံ၏နောက်ဆုံး ကုန်းဘောင်မင်းဆက်ဖြစ်သော သီပေါမင်း၏ ဖအေတူ မအေကွဲ ညီအကို ဖြစ်သည်။ ပျဉ်းမနားမြို့ကို အပိုင်စားရသော မင်းသားတစ်ဦးလဲ ဖြစ်တာမို့ ပျဉ်းမနားမင်းသားလို့ လူသိများကြပါတယ်။


 

     á€…ည်းမဝဉ်းခလ ဘုရင်စနစ်ကို အကောင်ထည်ဖော်ဖို့ ကြိုးပမ်းကြစဉ်ကတည်းက ပျဉ်းမနားမင်းသားကို ဘုရင်အဖြစ် တင်မြှောက်ရန် ယာ ထားကြသော်လည်း လက်တွေ့မှာတော့ သီပေါမင်းသာလျှင် ထီးနန်းရှင် ဖြစ်ခဲ့ပါတယ်။


 

       á€”န်းမတ္ဏ်မယ်နု ဦးဆောင်သော သွေးချောင်းစီးတဲ့ နန်းတွင်းလူသတ်ပွဲကြီးမှာ ရေနံချောင်းမင်းကြီးနဲ့ ကင်းဝန်မင်းကြီးတို့ ကာကွယ်မှု့ကြောင့် သေကံမရောက် အသက်မပျောက်ခဲ့ရသော ပျဉ်းမနားမောင်မောင်ရဲ့ အသက်ဟာဆို ထိုအချိန်က 10 နှစ်ခန့်သာရှိသေးတာဖြစ်ပါတယ်။


 

        မန္တလေးမြို့ရှိ စိန့်မာ့ခ်ကျောင်းနှင့် ဒယ်ရာဒွန်းတက္ကသိုလ် (Dehra Doon) တွင် ပညာသင်ကြားခဲ့ပြီး သီပေါမင်း ပါတော်မူသောအခါ ကင်းဝန်မင်းကြီးတို့က ကုန်းဘောင်မင်းဆက် မပြက်စေရေးအတွက် ဆောင်ရွက်ကြရာ ဗြိတိသျှ ဩဇာခံဘုရင်အဖြစ် တင်မြှောက်ခြင်း ခံခဲ့ရလေသည်။


 

    1942 ခုနှစ်သို့ ရောက်သောအခါတွင်လည်း ဂျပန်တို့မှ ကုန်းဘောင်သွေးကို တစ်ဖန် ပြန်အသက်သွင်းချင်သဖြင့် ပျဉ်းမနားမင်းကြီးကို ရှာဖွေကာ ဘုရင်ပြုလုပ်စေရန်ကြိုးပမ်းကြသော်လည်း ဂျပန်တို့ပါ တပ်ဆုတ်ပြေးရသဖြင့် မင်းသားမှာ ထီးနန်းနှင့် ထပ်မံ ကွေကွင်းရလေသည်။


 

      မင်းတုန်းမင်းကြီးဟာ တစ်နေ့သောနံနက် ပွဲတော်တည်ပြီးချိန်တွင် သားတော် သမီးတော် အားလုံးကို အခစားဝင်စေပြီး အသက် 10 နှစ်အောက် သားသမီးများအား မိမိ၏ဘယ်ညာတွင် ထိုင်စေကာ အနှိပ်တော်ဆက်စေပြီး ကြည်စားလေသည်။ထိုထဲကမှ ထူးခြားနေတဲ့ ဖအေတူမအေကွဲ

သားတစ်ယောက် နှင့် သမီးတစ်ယောက်ကို အလွန်သဘောကျ ချစ်ခင်တော်မူသွားပြီး နောက်နေ့မှာတော့ က​ေလးများ၏မိခင်များဖြစ်ကြသည့် ကြေးမြင်မိဖုရားကြီးနဲ့ ငါန်းဇွန်းမိဖုရားတို့ကို ဆင့်ခေါ်ခဲ့ပါတယ်။


 

     á€™á€­á€–ုရဏးနသစ်ပဍး အခစားဝင်တော့ မင်းတုန်းမင်းကြီးက

မိဖုရားတို့ သည်ကလေးနှစ်ယောက် အရွယ်ရောက်သည်ထိ မောင်တော် နေရမည်မထင်ပါ ထို့ကြောင့် သူတို့အရွယ်ရောက်လျင် လတ်ဆက်ပေးလိုက်ပါကွယ် ဟု မိန့်မှာတော်မူခဲ့လေသည်။


 

       á€‘ိုမိနအ်မသဏခဝက်ဥရ ပျဉ်းမနားမင်းသားနှင့် ထရံကာမင်းသမီးလေးတို့သည် 1902 ခုနှစ်မှာ ရန်ကုန်၌ မင်္ဂလာပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့လေသည်။ထိုအချိန်တွင် မင်းသား၏ အသက်မှာ 30ဖြစ်ပြီး ထိပ်ခေါင်တင်၏အသက်မှာ 28 နှစ်ရှိပြီ ဖြစ်သည်။

သိူ့သော်လည်း အင်္ဂလိပ်အစိုးရတို့၏ မြန်မာမင်းများအပေါ် လုပ်နေကြအကွက်အတိုင်း အန္ဒိယနိုင်ငံသို့ ပို့ဆောင်ခြင်းခံခဲ့ရလေသည်။


 

        သူတို့နှစ်ဦးမှာ အမိန့်အရ လက်ဆက်ခဲ့ကြသော်လည်း တစ်ဦးကိုတစ်ဦး အလွန်ချစ်ခင်စုံမက်ကြသည်။ နှစ်ပေါင်း60 ကြာသည့်တိုင် တစ်ယောက်နှင့်တစ်ယောက် အပျောက်မခံဖူးခဲ့ကြပေ။ ထရံကာမင်းသမီးသည် သက်တော် 90 ရောက်သောအခါ ကံတော် ကုန်ရှာလေသည်။ထိုအချိန်မှစ၍ မင်းသားသည် ပွဲတော်လည်း မတည်တော်ပဲ မင်းသမီး၏ ရုပ်ကလက် ဘေးတွင်သာ ငို၍နေလေတော့သည်။ ထိုကြောင့် မင်းသားသည်လည်း မင်းသမီးကံကုန်ပြီး (4)ယောက်မြောက်နေ့တွင် ကိုယ်တိုင် ကံတော်ကုန်ရှာလေသည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် တစ်ခြားသော မင်းမျိုးနွယ်များကဲ့သို့ ဖခင်ကြီးကဲ့သို့ မျက်နှာများသူမဟုတ်ပဲ တစ်ယောက်ဆိုတစ်ယောက် ချစ်ခင်မြတ်နိုးတက်တ​ဲ့ သစ္စာတရားကို သိသိသာသာ တွေ့မြင်ရပါတယ်။ ဒါကြောင့်လဲ ကျန်ရစ်သူများက မင်းသားတို့စုံတွဲ၏ ကျန်ရှိနေသော ခန္ဓာကို အုတ်ဂူတစ်ဂူထဲမှာ အတူတကွမြုပ်နှံပေးခဲ့ကြပါတယ်။

Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ်  ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ **********************************           âœ¨ ခြံ ကွက် ပိုင်ရှင် တစ်ချို့  á€•ွဲစဏး နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း  á€”ဲအ ပတ...

အသိုက်  အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက်      á€Ąá€žá€­á€Żá€€á€ş ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး á€…တဏတွ္ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် á€Ąá€€á€źá€ąá€Źá€„်း ပါ ။  ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...

အမျိုးအစားများ

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More Âť

ဆက်သွယ်ရန်

Get latest properties in email!

Copyright Š 2020 | All rights reserved by Yuzanar Land Real Estate. Powered by Web Design Company in Bangkok.