🪷 " သာသနာအစ မော်တင်စွန်းက" ဟု ပြောဆိုအပ်သော မြန်မာ့ပထမဦးဆုံး ဆံတော်ရှင်မြတ် မော်တင်စွန်းစေတီတော် 🍂

18-Mar-23 Knowledge
🪷 " သာသနာအစ မော်တင်စွန်းက" ဟု ပြောဆိုအပ်သော မြန်မာ့ပထမဦးဆုံး ဆံတော်ရှင်မြတ် မော်တင်စွန်းစေတီတော် 🍂

🪷 " သာသနာအစ မော်တင်စွန်းက" ဟု ပြောဆိုအပ်သော မြန်မာ့ပထမဦးဆုံး ဆံတော်ရှင်မြတ် မော်တင်စွန်းစေတီတော် 🍂


       မြတ်စွာဘုရား ပွင့်တော်မူပြီး ၅၅ရက် မြောက်သောနေ့မှာပဲ မြတ်စွာဘုရားရှင်မှ ဥက္ကလာပတိုင်းသား  ကုန်သည်ညီနောင်အား လင်းလွန်းပင် ခြေရင်း၌ ဆံတော်ရှစ်ဆူ စွန့်တော်မူခဲ့ပါသည် 🪶 ။

      ထို့နောက် ကုန်သည်ညီနောင်သည် ဘုရားပွင့်တော်မူရာ ဗုဒ္ဓဂါယာဒေသမှ မြန်မာပြည်သို့ ပြန်လာခဲ့ကြသည်၊

ပြန်လာရာလမ်းတွင် ယခု မော်တင်စွန်းတောင်တော်အနား တနည်းအားဖြင့် နဂရေ့တောင်အနီး ပင်လယ်ပြင်သို့ ရောက်သောအခါ ထိုဆံတော်ရှစ်ဆူအနက်မှ နှစ်ဆူကို ဇေယျသန နဂါးမင်းမှ ခိုးယူပင့်ဆောင်ပြီး မဟာသက္ကရာဇ် ၁၀၃ခု ဝါဆိုလပြည့်နေ့ တစ်နည်းဆိုသော မြတ်စွာဘုရား မိဂဒါဝုန်တော၌ စမ္မစင်္ကြာ တရားဦးဟောတော်မူသည့်နေ့တွင် နဂါးမင်းကိုယ်တိုင် မော်တင်စွန်းစေတီကို မူလပထမ ဦးစွာ တည်ထားပူဇော်ခဲ့သည်🐉။

📍📍 အလောင်းစည်သူမင်းကြီးသည် တိုင်းခန်းလှည့်လည်ရာ စေတီတော်ရှိရာ နဂါးရစ်အငူ မော်တင်စွန်းသို့ ရောက်လာ၏။ 
ထိုနေရာသို့ ရောက်သောအခါ ဖောင်တော်သည် အလိုအလျောက် ရပ်တန့်သွား၏။ထို့နောက် စေတီတော်ကို တက်ရောက် ပူဇော်၏။


     ထိုစေတီတော်၏ အနီးတွင် မင်းမြှောက်တန်ဆာ ငါးပါး ၊ သင်္ကန်း ၊ နတ်ရုပ်တုများ နှင့် ဓာတ်တော်များကို ဌာပနာ၍ ဖောင်တော်ဦးစေတီတော်ကို တည်ထားခဲ့သည်။

   မော်တင်စွန်းစေတီတော်ကိုမူ ဉာဏ်တော် အတောင်၄၀ အထိ မြှင့်တင်ကာ ရတနာအုတ်ကျောက်တို့ဖြင့် မွမ်းမံခဲ့သည်။ 
ထို့ပြင် ဖောင်တော်ဆိပ် စေတီတော်ကိုလည်း ကျောက်ဆောင်ပေါ်တွင် တည်ခဲ့လေသည်။

⚡️ မော်တင်စွန်းစေတီတော်သည် အချိန်ကာလအားဖြင့် ရွှေတိဂုံစေတီတော်မြတ်ကြီးထက် ရှစ်လတိတိစောတည်ခဲ့သည့် ကမ္ဘာပေါ်ရှိ ပထမဆုံးစေတီ ဖြစ်သည်။

      ယခုအချိန်မှာတော့ စေတီရဲ့တည်နေရာက ဧရာဝတီတိုင်း ပုသိမ်ခရိုင် ငပုတောမြို့နယ် တွင်တည်ရှိပြီး နှစ်စဥ် မော်တင်စွန်း ဘုရားပွဲကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပါသည်🤗🤗။ 

Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ်  ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ **********************************           ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့  ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း  နဲ့ ပတ...

အသိုက်  အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက်      အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။  ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!