ကမ္ဘာ့အမွေအနှစ် ရွာလေးတစ်ရွာဖြစ်တဲ့ ဂျပန်နိုင်ငံ က Ainokura (相倉) ဆိုတဲ့ ရွာ

ကမ္ဘာ့အမွေအနှစ် ရွာလေးတစ်ရွာဖြစ်တဲ့ ဂျပန်နိုင်ငံ က Ainokura (相倉) ဆိုတဲ့ ရွာလေး
ဒီနေ့မှာတော့ ခရီးသွားတာကို ဝါသနာပါတဲ့ သူတွေအတွက် ကမ္ဘာ့အမွေအနှစ် ရွာလေးတစ်ရွာဖြစ်တဲ့ ဂျပန်နိုင်ငံ က Ainokura (相倉) ဆိုတဲ့ ရွာလေးအကြောင်းကို ပြောပြချင်ပါတယ်။
Ainokura (相倉) ရွာလေးဟာ Gokayama ဒေသနဲ့ ခပ်ဝေးဝေးရှိ ချိုင့်ဝှမ်းလေးထဲက ဂန္တဝင်ဆန်တဲ့ ရွာလေးတစ်ရွာပါ။
အဲဒီရွာလေးထဲမှ အနည်းငယ်ကတော့ စားသောက်ဆိုင်များ ၊ ပြတိုက်များနှင့် minshuku ( ခရီးသွားများအတွက် သီးသန့်အိမ် ) များအဖြစ် ပြောင်းလဲကာ တည်ရှိနေပြီးတော့ အများစုကတော့ သီးသန့်နေထိုင်ကြတဲ့သူတွေ ဖြစ်ပါတယ်။
Ainokura (相倉) ရွာလေးကို 1995 ခုနှစ်မှာ UNESCO ကနေပြီး ကမ္ဘာ့အမွေအနှစ် နေရာတစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။
ဒီရွာကလေးကို လည်ပတ်ဖူးကြတဲ့ သူတွေကတော့ ရွာမှာရှိတဲ့ လယ်တောထဲက လယ်အိမ်လေးတွေမှာ ညအိပ်ကြည့်ကြဖို့ အကြံပြုကြပါတယ် ။ Ainokura (相倉) ရွာလေးဟာ တိတ်ဆိတ်ပြီး အေးတဲ့ ရာသီဥတု ဖြစ်တာကြောင့် ညဘက်မှာ မြင်ရသော အေးချမ်းတိတ်ဆိတ်မှု့အလှတရားဟာ ဘာနဲ့မှကို မလဲနိုင်တဲ့ ခံစားမှု့လို့ ဆိုပါတယ်။
အမွေအနှစ် နေရာဖြစ်သည်နှင့် အညီ ရိုးရာယဉ်ကျေးမှု့ နှင့် ရိုးရာအစဉ်အလာတို့ ယနေ့ထက်တိုင် ထိန်းသိမ်းတည်ရှိနေဆဲပင် ဖြစ်ပါတယ်။
Ainokura (相倉) ရွာလေးရဲ့ တောင်ဘက်ကို ဆက်သွားမယ်ဆိုရင် တစ်ရွာလုံးရဲ့ အလှအပ အပါအ၀င် ရွာရဲ့ ဘေးပတ်လည်ရှိ လှပတဲ့ မြင်ကွင်းတွေကို မြင်တွေ့နိုင်တဲ့ view point လေး ရှိပါတယ်။
Ainokura (相倉) ရွာကနေ 5 မိနစ် 10 မိနစ်လောက် လမ်းလျှောက်ရင် ရောက်ပါတယ်။
ခရီးသွားတာကို စိတ်ဝင်စားပြီး ကမ္ဘာပတ်ချင်သူများ ဂျပန်နိုင်ငံရှိ Ainokura (相倉) ရွာလေးကို ရောက်အောင်သွားပြီး အမွေအနှစ်နေရာ / အေးမြ တိတ်ဆိတ် အေးချမ်းတဲ့ နေရာလေးကို အပြည့်အ၀ ခံစားလိုက်ပါတော့နော်။
Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ ********************************** ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့ ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း နဲ့ ပတ...

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?
အသိုက် အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။ ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...