✨လူတိုင်းမသိသေးသော ရှမ်းပြည်နယ်ရှိ လူမျိုးစုများ📍

18-Mar-23 Knowledge
✨လူတိုင်းမသိသေးသော ရှမ်းပြည်နယ်ရှိ လူမျိုးစုများ📍

✨လူတိုင်းမသိသေးသော ရှမ်းပြည်နယ်ရှိ လူမျိုးစုများ📍
မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစု 135 မျိုးထဲကမှာ ရှမ်းပြည်နယ်မှာ နေထိုင်ကြတာ ဘယ်လူမျိုးတွေဖြစ်မလဲ🤔 ?
ရှမ်းပြည်နယ်တွင် နေထိုင်ကြသော လူမျိုးစုအားလုံးကို မသိသေးသော ကျွန်တော့်လို ရှမ်းပြည်သားများအပါအဝင် ရှမ်းပြည်(အထူးသဖြင့် ကလောမြို့လေး )ကိုချစ်သော ကျွန်တော့် မိတ်ဆွေများ လေ့လာနိုင်ဖို့ ဗဟုသုတရရှိစေဖို့ ရှမ်းပြည်နယ်ရှိ လူမျိုးစုများကို ရှာဖွေစုစည်းပြီး ဖော်ပြပေးလိုက်ရပါတယ်ဗျ😻😻
( 1 ) ရှမ်းလူမျိုး 
      ရှမ်းကုန်းမြေမြင့်ဒေသတွင်  အများဆုံးနေထိုင်ကြပြီး   ချင်းတောင်တန်း ၊  ရခိုင်ပြည်နယ်နှင့် တနင်္သာရီကမ်းရိုးတန်း ဒေသများမှအပ  မြန်မာနိုင်ငံ အနှံ့အပြားတွင်  ပြန့်နှံ့နေထိုင်ကြသည်။
( 2 ) ယွန်းရှမ်းလူမျိုး
      ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံနယ် ၊ တာချီလိတ် ဒေသတဝိုက်တွင် နေထိုင်ကြသည်။
( 3 ) ခန္တီးရှမ်းလူမျိုး 
     မြန်မာနိုင်ငံမြောက်ဖျား ခန္တီးလုံခေါ် ပူတာအိုခရိုင် နှင့် မိုးကောင်းမြို့နယ် ၊ မိုးညှင်း ၊ မြစ်ကြီးနား ၊ ဟုမ္မလင်းတို့တွင် ပြန့်နှံ့နေထိုင်သည်။
( 4 ) တောင်ရိုးလူမျိုး
      ရှမ်းပြည်နယ်တောင်ပိုင်းတွင် အများဆုံး နေထိုင်ကြပြီး ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သော ပင်လောင်းမြို့နယ် ၊  ဟိုပုံးမြို့နယ်နှင့်  ဆီဆိုင်မြို့နယ် တွင်လည်းကောင်း ၊  တောင်ကြီး မြို့နယ် ၊ ကလောမြို့နယ်နှင့် နမ့်စမ်မြို့နယ်တို့တွင် ပြန့်နှံ့နေထိုင်သည်။
( 5 ) ဓနုလူမျိုး
     ရှမ်းပြည်နယ် မြေလတ်ပိုင်း ၊ အရှေ့ပိုင်း ၊ အင်းလေးကန်၏ အရှေ့ဘက် ၊ အနောက်ဘက် တောင်တန်းတကြောတွင် နေထိုင်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သော ရွာငံနှင့် ပင်းတယမြို့ နယ်တို့တွင် အများဆုံးနေထိုင်ကြသည်။ ရှမ်းပြည်တောင်ပိုင်း ကလော ၊ ရပ်စောက် ၊ အောင်ပန်း ၊ ရွာငံ ရေဦး ၊ ပွေးလှ ၊ ပင်းဒယ ၊ ကျူံး ၊ ပင်မှီ ၊ ဘော်ဆိုင်း စသည် မြို့နယ်ကျေးရွာများတွင် နေထိုင်ကြသည်။
( 6 ) တအောင်း ( ပလောင် )လူမျိုး 
      ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သော ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ဆန် ၊ မန်တုံမြို့နယ်တို့ တွင်အများအပြား နေထိုင်ကြသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုးမြို့နယ် ၊ သိန်းနီမြို့နယ် ၊ သီပေါမြို့နယ် ၊ နောင်ချိုမြို့နယ် ၊  ကွတ်ခိုင်မြို့နယ် ၊  မူဆယ်မြို့နယ် ၊  နမ့်ခမ်းမြို့နယ်တို့တွင် အများဆုံး နေထိုင်ကြသည်။
( 7 ) အင်းသားလူမျိုး
       ရှမ်းပြည်တောင်ပိုင်း ၊ တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် ၊ အင်းလေးကန် တစ်ဝိုက်ကျေးရွာများတွင် အများဆုံးနေထိုင်ကြပြီး ညောင်ရွှေ ၊ တောင်ကြီးနှင့် ကယားပြည်နယ်တို့တွင် ပြန့်ကျဲ နေထိုင်ကြသည်။
( 8 )  ပအိုဝ့်လူမျိုး       
      ရှမ်းပြည်နယ်တွင် ဒုတိယလူဦးရေ အများဆုံးဖြစ်ပြီး ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သော ဟိုပုံး ၊ ဆီဆိုင်နှင့် ပင်လောင်းတို့တွင် အများဆုံး နေထိုင်ကြသည်။မြန်မာနိုင်ငံအောက်ပိုင်း သထုံခရိုင် ၊ တောင်ငူခရိုင် ၊ ပဲခူးခရိုင် ၊ ဘားအံ့ခရိုင် ၊  ကော့ကရိတ် မြို့နယ်နှင့် ကယားပြည်နယ် တို့တွင်လည်းနေထိုင်ကြသည်။
( 9 ) ကွီလူမျိုး 
      မိုင်းဆတ် ၊ မိုင်းပန် ဒေသများနှင့် ကျိုင်းတုံမြို့ အနီးတဝိုက်တွင် နေထိုင်ကြသည်။
( 10 ) ထနော့လူမျိုး 
        ရှမ်းပြည်တောင်ပိုင်း ၊ ကလောမြို့နယ် ၊ တောင်ပို့လှရွာ ၊ သအယ်သစ်ရွာတို့တွင် သီးသန့် နေထိုင်ကြပြီး တောင်ကြီးမြို့နယ် ၊ အေးသာယာမြို့အနီး နောင်အင်ရွာ ၊ ချောင်းကြားရွာ ၊ ဘုရားဦးရွာ ၊ သစ်ပင်ထောင်ရွာ ၊ သိမ်ကုန်းရွာ ၊ ဘန့်ကုန်းရွာ ( သို့မဟုတ် )ရွာသစ်ကုန်းရွာတို့တွင် အနည်းငယ် နေထိုင်ကြသည်။
( 11 ) ပလေးလူမျိုး
        ရှမ်းပြည်တောင်ပိုင်း ၊ လွယ်လင်ခရိုင် ၊ မိုင်းကိုင် မြို့နယ်နှင့် ကလောမြို့နယ် အတွင်းပိုင်းတွင် နေထိုင်ကြသည်။
( 12 ) အာခါ
        ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ တောင်စောင်းများပေါ်တွင် အများဆုံးနေထိုင်ကြသည်။
( 13 ) ကိုးကန့်လူမျိုး
        ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သော ကုန်းကြမ်း နှင့် လောက်ကိုင်မြို့နယ်တို့တွင် အများဆုံး နေထိုင်ကြသည်။
( 14 ) ဂုံ ( ခွန် ) လူမျိူး 
        ဂုံရှမ်းများသည် ကျိုင်းတုံမြို့နယ်တွင် အများဆုံးနေထိုင်ကြပြီး သံလွင်မြစ် အရှေ့ဘက်ခြမ်းရှိ မြို့နယ်အသီးသီးသို့လည်း  ပြန့်နှံ့ရောက်ရှိ နေထိုင်ကြပါသည်။
( 15 ) မြောင်ဇီးလူမျိုး 
       ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်နယ် ၊ ဝနယ်နှင့် ကျိုင်းတုံနယ်တဝိုက်တွင် နေထိုင် ကြသည်။  နောင်ချိုမြို့နယ် ၊ ဟိုပန်မြို့နယ် ၊ လောက်ကိုင်မြို့နယ် ၊  မိုးကုတ်မြို့နယ် ၊  မိုင်းနောင်မြို့နယ် ၊ ဝမ်းစိမ်းမြို့နယ်နှင့် လားရှိုးမြို့နယ်တို့တွင် အနည်းငယ်စီ အခြေချ နေထိုင်ကြ သည်။
( 16 ) ယင်းကြားလူမျိုး 
        ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီး ၊ မန်ဆန်နယ် ၊ ပင်လုံမြို့နယ် အနီးတဝိုက် တောင်တန်းဒေသ ၊ ရှမ်းပြည်မြောက်ပိုင်း ၊ မိုးနဲနယ်ရှိ သံလွင်မြစ်အနောက်ဘက် တောင်ကုန်းများ နှင့် ကျိုင်းတုံနယ်တို့တွင် ပြန့်နှံ့ နေထိုင်ကြပါသည်။
( 17 ) ယင်းနက်လူမျိုး 
         ပင်လုံနယ် ၊ မိုးနဲ ၊ ကျေးသီး ၊ မန်ဆန်နှင့် လဲခြားမြို့နယ် ကျေးရွာများတွင် နေထိုင်ကြသည်။
( 18 ) ရှမ်းကလေး ( ထမန် ) လူမျိုး
         မြန်မာနိုင်ငံအထက်  ချင်းတွင်းခရိုင်၏မြောက်ဘက် ရှမ်း ၊  ကချင်နှင့်  ချင်းနယ်မြေတို့ဆုံရာ ဒေသတွင် နေထိုင်ကြသည်။ ထမန်လူဦးရေမှာ နည်းပါးလှပေရာ ထမန်းရွာဟူ၍ နာဂတောင်တန်း  ခရိုင် ၊ ဟုမ္မလင်းနယ်တွင်  တစ်ရွာတည်းသာရှိ၏။  အထက်ချင်းတွင်းခရိုင်၏ မြောက်စူးစူးရှိ ရွာကလေးများ၌လည်း ထမန်းလူမျိုး အနည်းငယ် တွေ့ရသည်။
ထမန်းတို့သည်  ရှမ်းလူမျိုးများဖြစ်ကြပြီး  တစ်ချိန်က အင်းတော်ကြီးအိုင် ဖြစ်လာမည့်နေရာတွင်  စည်ခမ်းအမည်ရှိသည့်မြို့ ကို  တည်ထောင် နေထိုင်ခဲ့ကြသည်။  စည်ခမ်းမြို့ ရေအောက်ရောက်သွား ပြီးနောက် ကျန်ခဲ့သော  အဆက်အနွယ်များသည်  အနောက်ဘက်သို့ ရွှေ့ပြောင်းသွားကြပြီး အခြားသူများနှင့် သွေးနှောခြင်းမပြုဘဲ ( အခြားသူများကလည်း ယင်းတို့နှင့် သွေးနှောခြင်းမပြု ) သီးခြား နေထိုင်ခဲ့ကြသည်။
( 19 ) လားဟူ လူမျိုး 
        ဘီစီ(၆၀၀)ခန့်အထိ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် နေထိုင်ခဲ့ကြသည်။  လူဦးရေ များပြားလာသည်နှင့်အမျှ   ပြောင်းရွှေ့နေထိုင်လာခဲ့ကြရာ   မဲခေါင်မြစ် ၊  သံလွင်မြစ်ကြောင်း အတိုင်း စုန်ဆင်းလာပြီး တရုတ်ပြည်တောင်ပိုင်း ၊ ရှမ်းပြည်နယ် ၊ ထိုင်းနိုင်ငံနယ်စပ်ဒေသများသို့ ရောက်ရှိ နေထိုင်ခဲ့ကြသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်း တာကော်မှစ၍ ကျိုင်းတုံနယ် အရှေ့ဖျားတလျှောက်ရှိ ကျေးရွာတွင် လည်း နေထိုင်ကြသည်။
( 20 ) အိုက်ဆွယ်လူမျိုး
          သံလွင်မြစ်အရှေ့ဘက်ကမ်း ဝနယ် ၊ မိုင်းမောမြို့ အနီးတဝိုက်တွင် နေထိုင်ကြသည်။ တရုတ်နီ နယ်စပ်တွင် ပိုမိုများပြားလာသည်။
( 21 ) တိုင်းလွယ်လူမျိုး 
         ရှမ်းပြည် အရှေ့ပိုင်းခရိုင် ၊ ကိုးကန့်နယ် အတွင်းပိုင်းနယ် ၊ ကျိုင်းထုံ မြောက်ပိုင်းနှင့် မိုင်းလုံ အရှေ့ပိုင်း တောင်ပေါ်ဒေသများတွင် နေထိုင်ကြသည်။
( 22 ) တိုင်းလျမ်လူမျိုး
        မြန်မာပြည်အထက်ပိုင်း ကောလင်း ၊ ဝန်းသို ၊ ထီးချိုင့် ၊ ပင်လယ်ဘူး ၊ အင်းတော် ၊ ဗန်းမောက် ၊ ကသာ ၊ မိုးညှင်း ၊ မိုးကောင်း ၊ ဗန်းမော် ၊ အင်းတော်ကြီး ၊ မြစ်ကြီးနား ၊ ဝိုင်းမော် ၊ ဆင်ဘို ( တာလောကြီး ) ၊ ဟိုပင် ၊ ဟုမ္မလင်းနှင့် သောင်သွပ်ဒေသ ၊ ဟောင်းပါး ၊ လုံးခင်း ၊ ဖားကန့် စသည့်ဒေသများနှင့် ချင်းတွင်းမြစ်ဝှမ်းဒေသ များတွင် ကျယ်ပြန့်စွာ နေထိုင်ကြသည်။
( 23 ) မိုင်းသာလူမျိုး           
        ရှမ်းပြည်နယ် နှင့် ကချင်ပြည်နယ်ရှိ ဗန်းမော် ၊ မြစ်ကြီးနား ၊ နမ်းခမ်း နှင့် ကျိုင်းတုံဒေသ ၊ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း နမ်းခမ်းနယ် ၊ တရုတ်-မြန်မာနယ်ခြား ကျောက်တိုင်အမှတ် (၄၂)  အနီး ရွှေလီမြစ် ဝဲယာ ကမ်းတစ်လျှောက်တွင် အများဆုံး အခြေစိုက်နေထိုင်ပြီး တရုတ်နိုင်ငံ ယူနန်နယ်အတွင်း၌လည်း နေထိုင်ကြသည်။
( 24 ) မောရှမ်း ( မြောက်ပိုင်းရှမ်း ) လူမျိုး 
         ရှမ်းပြည်မြောက်ပိုင်း ၊ မြောက်သိန္နီ ၊ တောင်သိန္နီ ၊ သီပေါ ၊ မိုးမိတ် ၊ လားရှိုးနှင့် အရှေ့မြောက် နယ်စပ်တွင် နေထိုင်ကြသည်။
( 25 ) ဝလူမျိုး        
        ကိုးကန့်နယ် ၊ ဝနယ်နှင့် ကျိုင်းထုံနယ်များတွင် အများဆုံး နေထိုင်ကြသည်။ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသ နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသတို့တွင် ပြန့်နှံ့နေထိုင်ကြသည်။
        ရိုးသားတဲ့တောင်ရိုး ဓနုလူမျိုးတွေ အနေများတဲ့ ကလောမြို့လေးမှာ လှပတဲ့ ခြံဝန်းလေးနဲ့  နေထိုင်ဖို့ အိပ်မက်လေးရှိတယ်ဆိုရင်တော့ janak realestate ကိုသာ ဆက်သွယ်လိုက်ပါဗျ ။ ကလောမြို့က ကြိုက်တဲ့နေရာလက်ညှိုးထိုး အဆင်ပြေအောင် ဆောင်ရွက်ပေးမှာမို့  စိတ်ချလက်ချ ဆက်သွယ်နိုင်ပါတယ်ဗျ။
 

Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ်  ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ **********************************           ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့  ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း  နဲ့ ပတ...

အသိုက်  အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက်      အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။  ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!