ရှမ်းပြည်နှင့် လက်ဖက်ရာဇဝင် ( သို့မဟုတ် ) မြန်မာနိုင်ငံ၏ လက်ဖက်ဓလေ့ 🍃

ရှမ်းပြည်နှင့် လက်ဖက်ရာဇဝင် ( သို့မဟုတ် ) မြန်မာနိုင်ငံ၏ လက်ဖက်ဓလေ့ 🍃
ကမ္ဘာ့လက်ဖက်သမိုင်းအရ တရုတ်ပြည်သည် လက်ဖက်ကို စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ခဲ့သည့် ရှေးအကျဆုံးနိုင်ငံဟု သမိုင်းအထောက်အထား အားဖြင့်လည်းကောင်း ၊ ဒဏ္ဍာရီပုံပြင် အားဖြင့်လည်းကောင်း ဖော်ပြခဲ့ကြပါသည်။
သုတေသနပညာရှင်များ ၏ လေ့လာချက် အရ လက်ဖက်ပင်၏ အစမှာ တရုတ်ပြည် ၊ ယူနန်နယ် နှင့် ထိစပ်လျက်ရှိသော မြန်မာ ၊ လာအို ၊ ဗီယက်နမ် ၊ ထိုင်း နှင့် အိန္ဒိယအရှေ့ပိုင်း အက်ဆမ် တို့ရှိ တောင်တန်းများတွင် စတင်ခဲ့ကြသည်ဟု ယူဆရပါသည်။
ပါးစပ်ရာဇဝင်များအရ အမျိုးမျိုး ပြောဆိုလေ့ရှိကြသော်လည်း ဦးပုည၏ လက်ဖက်မေတ္တာစာ အရဆိုလျှင် သရေခေတ္တရာ ဒွတ္တဘောင်မင်းအား စားတော်ဆက်ရန် ဓနုပလောင်လူမျိုးများက လက်ဖက်ပင်ကို စီမံစိုက်ပျိုးခဲ့ကြသည် ဟူသော အဆိုရှိခဲ့သည်။🌱
⚠️ ကျွန်တော်တို့ ရှမ်းပြည်နယ်၏ ထင်ရှားသော နယ်သမိုင်းမှတ်တမ်းများအရတော့ အလောင်းစည်သူမင်းကြီး တိုင်းခမ်းလှည့်လည်စဉ် ပလောင်ဒေသသို့ ရောက်ရှိခဲ့ပြီး ပလောင်များက အရွက်တစ်မျိုးကို အလွန်စားကောင်းသဖြင့် အလောင်းစည်သူမင်းကြီးအား လက်နှစ်ဖစ်ဖြင့် ရိုသေစွာ ပွဲတော်ကပ်ခဲ့ရာမှ လက်ဖက်ရွက်ဟု အမည်တွင်ခဲ့သည်ဟု ဆိုစမှတ်ပြုကြသည်။
နောက်ပိုင်းမှာတော့ ရှမ်းပြည်မှာ သာမက မြန်မာနိုင်ငံ အနှံ့အပြားမှာလည်း လက်ဖက်ဓလေ့ကို တွင်ကျယ်စွာ အသုံးပြုခဲ့ကြပြီး ဧည့်ခံရာတွင် အဓိက မပါမဖြစ်သော အချိုပွဲတစ်မျိုး ဖြစ်လာခဲ့သည်။😋
📍ကျွန်တော်တို့ ကလောမြို့လေးတွင်တော့ နှီးဘုရားဘုန်းကြီးကျောင်းတွင် လာရောက်သမျှ ဘုရားဖူး ဧည့်သည်တော်များကို လက်ဖက်ဖြင့် ဧည့်ခံလေ့ရှိပြီး အလွန်အရသာကောင်းသောကြောင့် နာမည်ကြီးလေသည်။ ထို့ကြောင့် ကလောသို့ရောက်လျင် နှီးဘုရားဘုန်းကြီးကျောင်းက လက်ဖက်အား တစ်ခေါက်တစ်ခါလောက်တော့ မြည်းစမ်းကြည့်သင့်ပါတယ်ဗျ။ 😇
လက်ဖက်ပင်၏ သက်တမ်းများမှလည်း မြန်မာနိုင်ငံတွင် လက်ဖက်ပင် စတင်ရှိခဲ့သော ခုနှစ်သက္ကရာဇ်ကို ခန့်မှန်းတွက်ချက်နိုင်ပြီး မြန်မာနိုင်ငံတွင် ရှေးအကျဆုံး လက်ဖက်ပင်မှာ နှစ်တထောင် သက်တမ်းရှိပြီး ဝကိုယ်ပိုင်အုပ်ချုပ်ခွင့် အထူးဒေသတွင် ထိန်းသိမ်းထားလျက် ရှိသည်ဟု သိရပါသည်။
Credit to Jarnak
Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ ********************************** ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့ ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း နဲ့ ပတ...

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?
အသိုက် အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။ ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...