🌲ကလောမြို့ 

18-Mar-23 Knowledge
🌲ကလောမြို့ 

ရှမ်းပြည်နယ်မှာ ဗြိတိသျှတို့ တည်ထောင်ခဲ့သောမြို့ပြ များထဲမှ 
  🌲ကလောမြို့
           ကလောမြို့ 🌲 ဟာ ဗြိတိသျှကိုလိုနီခေတ် မတိုင်မီက မထင်ရှားတဲ့ ရွာလေး တရွာသာ ဖြစ်ပြီး မြန်မာမင်းများ လက်ထက် ၁၈၂၇ ခုနှစ်မှာ ကလောရွာလေးဟာ လွိုင်အန်ဘန့်ဘာ ငွေခွန်မှူး အုပ်ချုပ်တဲ့ နယ်အတွင်းမှာ ပါဝင်ပါတယ်။
ငွေခွန်မှူးဟာ တရားဥပဒေ စိုးမိုးရေးကို ထိရောက်စွာ မကိုင်တွယ် နိုင်လို့ ကလောရွာ နဲ့ တိုက်နယ်ရွာ များဟာ ၁၈၉၈ ခုနှစ် ထိအောင် ညောင်ရွှေစော်ဘွား အုပ်ချုပ်မှု နယ်အတွင်းမှာပဲ ရှိခဲ့ပါတယ်။ ၁၈၉၃ နောက်ပိုင်း ညောင်ရွှေနယ် ကို အုပ်ချုပ်ရေးနယ်များ ပိုင်းခြား လိုက်တဲ့အခါ ကလောနယ်ဟာ တိုက်နယ် ဦးစီးရွာ ဖြစ်လာပါတယ် ၊ ၁၈၉၈ မှာ မြန်မာနိုင်ငံများ အက်ဥပဒေ The Burma Laws Act 1898 ကိုပြဌာန်းပြီး အဲ့ဒီနှစ် ဖေဖေါ်ဝါရီ လမှာပဲ ကလော တိုက်နယ်ကို သာမိုင်းခမ်း တိုက်နယ်ထဲ လွှဲပြောင်းခဲ့ပါတယ် ..။ 
        ဗြိတိသျှအစိုးရဟာ ၁၈၉၄ မှာ တောင်ကြီးမြို့ကို တည်ထောင်ပြီး ..၊
၁၈၉၅ မှာ ကလောမြို့ကို တောင်စခန်းမြို့ အဖြစ် သတ်မှတ်လိုက်ပါတယ်😯
        ၁၉၀၁ ခုနှစ် မှာ မြန်မာပြည် မြူနီစပါယ်ဥပဒေ ကို
ရှမ်းပြည်နယ် တောင်ကြီး ၊ လားရှိူး နဲ့ ကလောမြို့မှာ အာဏာ သက်ရောက်ကြောင်း ကြေငြာခြင်း ပြုလုပ်ခဲ့ပါတယ် ..။🔶🔷
ဗြိတိသျှ အစိုးရ ဟာ သာမိုင်ခမ်းမြို့စား မောင်ဘိုးထံမှ နယ်မြေ လွှဲအပ်စာချုပ်  နဲ့ ကလောရွာကို တောင်းယူပြီး မြို့တည်ခဲ့ပါတယ်..၊
🔺၁၉၀၄ ခုနှစ်မှာ ကလောကို သီးသန့်ဒေသ အဖြစ်ကြေငြာပါတယ် ။
           ဗြိတိသျှတို့ဟာ ရှမ်းပြည်နယ် အုပ်ချုပ်ရေး အတွက် တောင်စခန်းမြို့တွေ တည်ထောင်ပြီး အရေးပိုင်နဲ့ လက်ထောက်အရေးပိုင် တို့ရဲ့ ကြီးကြပ်ကွပ်ကဲ ဦးဆောင်တဲ့ Town Committee များနဲ့ အုပ်ချုပ်ခဲ့ပါတယ် ။ ဒီလိုနဲ့ ကလောရွာလေးဟာ..ဗြိတိသျှ တို့ရဲ့ တောင်စခန်းမြို့လေး အဖြစ် အရေးပါ ထင်ရှားလာခဲ့ပါတယ် ။ 
(တောင်ကြီးမြို့ နဲ့ လားရှိုးမြို့ အကြောင်းတွေကို ရှေ့ရက်တွေမှာ တင်ထားပေးပါတယ်ဗျ💁)

refrence - ရှေးတုန်းကဗမာပြည်
Credit to Jarnak

Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ်  ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ **********************************           ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့  ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း  နဲ့ ပတ...

အသိုက်  အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက်      အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။  ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!