🔸ရှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ 🔸

18-Mar-23 Knowledge
 🔸ရှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ 🔸

ရှမ်းပြည် နယ်မှာ ဗြိတိသျှတို့ တည်ထောင် ခဲ့သော မြို့ပြ များ ထဲမှ - 


🔸 ရှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့  🔸
လားရှိုး မြို့ဟာ မြန်မာ ဘုရင် လက်ထက်က ရွာငယ်လေး တရွာသာ ဖြစ်ပါတယ်  ။
၁၈၈၇  ခုနှစ် မှာ မေမြို့ကို ရှမ်းပြည် မြောက်ပိုင်း တခုလုံးရဲ့  စစ်ဌာနချုပ် အဖြစ်အသုံး ပြုခဲ့ ပါတယ် ။ 
၁၈၈၈ ခုနှစ်မှာ မြောက်ပိုင်း ပြည်နယ်များ ရဲ့ အုပ်ချုပ် ရေးယူနစ် တခုအဖြစ် ပူးပေါင်း ဖွဲ့စည်းပြီး ၁၈၈၉ ခုနှစ်မှာတော့ လားရှိူး ကို အရေးပိုင်ရုံး စိုက်ရာ နေရာ အဖြစ် သတ်မှတ် ရုံးထိုင်ခဲ့ ပါတယ် ။ 


     လားရှိူး မြို့ရဲ့ အာရုံတော် ရပ်ကွက် မြောက်ဘက် အစွန် မှာရှိတဲ့ လွယ်ရိုးရွာနဲ့ လားရှိူးရွာ ဟာ မြောက် သိန္နီစော်ဘွား ရဲ့ နယ်မြေထဲမှာ ပါပါတယ် ။ဒီရွာ နှစ်ရွာ ကြားမှာ ဗြိတိသျှ တွေဟာ စစ်တပ်နဲ့ အုပ်ချုပ် ရေးရုံးတွေ ဆောက်လုပ် ခဲ့တယ် ။ 
၁၈၉၈ ခုနှစ် မှာ ရှမ်းပြည် မြောက်ပိုင်း မြောက်သိန္နီ နယ်အတွင်း ရှမ်းရွာ ၂၃ ရွာ ၊ ပလောင်ရွာ ၈ ရွာနဲ့ ဖွဲ့စည်းထားတဲ့ လားရှိူး ရွာလေးဟာ တိုက်နယ် အဆင့်ရှိ လာပါတယ် ။ 


🔹 လားရှိူး မြို့ ကို  - 
( ၁ ) အရေးပိုင် ရုံးနဲ့  မြို့ပြ အရာရှိများ အတွက် နေအိမ်များ ပါဝင်တဲ့ ဥရောပ သားတို့ နေထိုင်တဲ့ အရပ် (  The European Station ) 
( ၂ ) စစ် ပုလိပ်များ ရဲ့ တပ်ဖွဲ့ဌာနချုပ်များ (  Military Police post  )
( ၃ ) ဟိန္ဒူ ၊ မဟာ မေဒင် ၊ ဗမာ ၊ ရှမ်း စသော တိုင်းရင်းသား များအတွက် သီးခြား နေရာများ  ၊ ဗြိတိသျှ ဝန်ထမ်း များရဲ့ သီးသန့် နေအိမ်များ  ၊ ရှမ်းပြည် မြောက်ပိုင်း နယ် ၅ နယ်မှ စော်ဘွား များရဲ့ ယာယီ ဟော်နန်းများ  ၊ စျေး တစ်ခု ပါဝင်သော ( The Native Station  ) တို့နဲ့  ဖွဲ့စည်း ဆောက်ခဲ့ ပါတယ် ။ 


       ၁၁ ဒီဇင်ဘာ ၁၉၀၁ ခုနှစ်မှာ မြန်မာပြည် မြူနီ စပါယ်ဥပဒေ ကို ရှမ်းပြည် မြောက်ပိုင်း  ၊ လားရှိူး မြို့ပြ ဌာနလည်း အာဏာ သက် ရောက်ကြောင်း ကြေငြာ ခြင်းပြုလုပ်ခဲ့ပါတယ် ..။
🚂 လားရှိူး မီးရထား လမ်းကို ၁၉၀၃ ခုနှစ် မတ်လ  ( ၁ ) ရက်နေ့မှာ ဖွင့်လှစ် နိုင်ခဲ့တဲ့ အတွက် လူစည် ကားလာပြီး ဗြိတိသျှ တို့အတွက် အချက်အချာ နေရာကျ လာပါတယ် ..။ 


       ၁၉၀၄ ခုနှစ် ပြန်တမ်း အမှတ်  ( ၇ )  ဖြင့် ဒီဒေသ ကို သိန္နီ စော်ဘွား အုပ်ချုပ်မှု အောက်ကနေ သီးခြား ခွဲထုတ်ခဲ့ပြီး  ၊  မြို့နယ်အုပ်ချုပ်ရေး ကော်မတီ (  Town Committee  )  ဖြင့်အုပ် ချုပ်ခဲ့ ပြန်တမ်း အမှတ် ( ၈ ) နဲ့ မြူနီစပါယ် ဧရိယာ သတ်မှတ် ခဲ့ပါတယ် ။
လားရှိုး ရွာနဲ့ လွယ်ရိုးရွာ နှစ်ရွာ ကြားမှာ ဗြိတိသျှ တို့ဟာ လားရှိုး မြို့တည်ပြီး အရေးပိုင် ရုံးစိုက်ကာ ရှမ်းပြည် မြောက်ပိုင်းမှာ ရှိတဲ့ စော်ဘွား များကို အနီးကပ် စောင့်ကြည့် ခဲ့ပါ သတဲ့ဗျာ 💁💁‍♂️

Credit to Jarnak

Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ်  ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ **********************************           ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့  ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း  နဲ့ ပတ...

အသိုက်  အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက်      အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။  ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!