နန်းသက် (၇)ရက်ပဲ စံခဲ့ရတဲ့မင်း (သို့) အာဏာသိမ်းတာ မအောင်မြင်လို့ ကွပ်မျက်ခံရတဲ့ ဘုရင်

18-Mar-23 Knowledge
နန်းသက် (၇)ရက်ပဲ စံခဲ့ရတဲ့မင်း (သို့)  အာဏာသိမ်းတာ မအောင်မြင်လို့ ကွပ်မျက်ခံရတဲ့ ဘုရင်

?နန်းသက် (၇)ရက်ပဲ စံခဲ့ရတဲ့မင်း (သို့)

အာဏာသိမ်းတာ မအောင်မြင်လို့ ကွပ်မျက်ခံရတဲ့ ဘုရင်

✨✨✨✨✨✨✨✨✨✨✨✨✨✨

       ဖောင်းကားစားသည် အလောင်းမင်းတရား

၏ မြေးတော် ဖြစ်ပြီး နောင်တော်ကြီးမင်း၏ သားတော် ဖြစ်သည်။

       သမန်းဖောင်းကားရွာကို စားရ၍

ဖောင်းကားစားဟု အမည်တွင်သည်။

 

     ဘိုးတော် အလောင်းမင်းတရားကြီး

ဦးအောင်ဇေယျက သားတော်များအား

အကြီးဆုံး နောင်တော်ကြီး မှ အစပြုပြီး

ညီတော် အစဉ်အတိုင်း မင်းပြုရမည်ဟု

မှာကြားခဲ့လေသည်။

 

       နောင်တော်ကြီးတွင် သားတော်

“ဖောင်းကားစား မောင်မောင်” ရှိသည်။ နောင်တော်ကြီးသည် ခမည်းတော် အမိန့်ကို

   နာခံသောအားဖြင့် မိမိ သားတော်ကို

  နန်းရံ မထားဘဲ ညီတော် မြေဒူးမင်းကိုသာ

  နန်းရံ ထားခဲ့သည်။

 

    ယခု မြေဒူးမင်းကမူ သူ၏သားတော်

စဉ့်ကူးမင်းကို နန်းရံ ထားလေသောကြောင့် ဖောင်းကားစား မောင်မောင်က မကျေမနပ်

ဖြစ်၍ အရေးအခင်း ပေါ်လာခဲ့ရခြင်း

ဖြစ်ပါသည်။

 

     ဆင်ဖြူရှင် လွန်၍ စဉ့်ကူးမင်း နန်းတက်သောအခါ မိမိထီးနန်းကို အန္တရာယ် ဖြစ်စေနိုင်မည့် သူတွေကို ဖယ်ရှားပြီးသော် နေ့စဉ်

နန်းတော်တွင် အရက်သောက်ခြင်း ၊ ကခုန်ခြင်း ၊ ကြက်တိုက်ခြင်းများဖြင့် ပျော်ပါးလေ၏။

    လွှတ်တော် အစည်းအဝေးကိုလည်း မှန်မှန်

မတက်သဖြင့် ဝန်ကြီးများ ၊ မှူးမတ်များမှ မကြည်ညို  ကြတော့ပေ။

သို့သော် စဉ့်ကူးမင်းသည် မိမိ လုပ်ချင်သည်

ကိုသာ လုပ်နေပြီး မည်သူကိုမှ ဂရု မစိုက်ပေ။ ပျော်ချင်တိုင်း ပျော်နေပြီး မိမိ ရှေ့ရှေးအတွက်ပင် စိတ်မပူခဲ့ပေ။

 

            ထိုသို့ နန်းစံနေပြီး ခရစ် သက္ကရာဇ် ၁၇၈၂ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အင်းဝ နေပြည်တော်သည် ပျင်းဖို့ ကောင်းသည်ဟု ဆိုပြီး မယ်တော် အပါအဝင် မိဖုရား မောင်းမ အပေါင်းတို့နှင့် သက်တော်စောင့် ရဲမက်၂ ထောင်ကျော်ဖြင့် အညာ သီဟတောသို့ ဘုရားဖူး ထွက်လေသည် ။

 

        စဉ့်ကူးမင်း အညာ သီဟတောသို့ ဘုရားဖူးထွက်နေစဉ် ဖောင်းကားစား မောင်မောင်သည် ညအချိန်တွင် ဘုရင်ကဲ့သို့ မင်းခမ်းမင်းနားဖြင့် အင်းဝနေပြည်တော်သို့ ရောက်လာလေ၏။

     တံခါးမှူးတို့လည်း မင်းခမ်းမင်းနား ဖြင့်

အင်းဝဘုရင့်အလံများ ထောင်ထားသည်ကို

တွေ့သဖြင့် မမေးမြန်းဘဲ တံခါးကို ဖွင့်ပေးလေသည်။ နန်းတော်တံခါးမှူးလည်း ဘုရင် ပြန်လာသည်ဟုသာ ထင်ပြီး တံခါး ဖွင့်ပေးလေ၏။

ဖောင်းကားစား မောင်မောင် သည် ဝန်ကြီးချူပ်ဟောင်း မဟာသီဟသူရ ၏ အကူအညီဖြင့်

အင်းဝ နန်းတော် ကို သိမ်းပိုက်နိုင်လေ၏ ။ လွှတ်တော် ဝန်ရှင်တော်မင်းနှင့် မှူးမတ်များကို

ဘုရင့် အမိန့်တော်ဖြင့် နန်းတော်သို့

ဝင်ရောက်စေပြီး အားလုံးကို

သစ္စာပေးလေသည်။

 

         ဝန်ကြီးများ ၊ မှူးမတ်များလည်း ကြောက်ရွံသဖြင့် သစ္စာခံ ကြလေ၏။ မဟာသီဟသူရကို သက်တော်ရှည် မင်းအတိုင်အပင်ခံ ဝန်ကြီးချူပ်အဖြစ် ဖောင်းကားစား မောင်မောင်မှ ခန့်အပ်လေ၏။

ထိုနောက် အလောင်းဘုရား၏ သားတော်များဖြစ်သည့် ဗဒုံမင်းသားကြီး ၊ ပခန်းမင်းသားကြီး နှင့် ပင်းတလဲ မင်းသားကြီးတို့ကို အင်းဝသို့ ပြန်လည် ခေါ်ဆောင်ပြီး အိမ်တော်ဟောင်းတွင် အကျယ်ချူပ် ထားလေ၏။ 

 

         အင်းဝမြို့ကို မိမိ၏ သစ္စာခံ ဗိုလ်မှူးများဖြင့်

အုပ်ချူပ်စေပြီး စစ်ရေးကိစ္စ တို့ကိုလည်း စီရင်လေသည်။ ဖောင်းကားစားမောင်မောင် နှင့် အတူပါလာသော ရွာသားများ ၊ တောသားများသည် အင်းဝနေပြည်တော်၏ ကြီးကျယ်မှုကို မြင်ရသောအခါ လောဘတက်ပြီး ဘုရင်နာမည်ဖြင့် သူဌေးအိမ်တွေထံ ဝင်ကာ ရမ်းကား လေ၏။ လိုချင်သမျှ တို့ကိုလည်း လုယူလေ၏။

 

        ထိုအခြင်းအရာကို မြင်သော ဗဒုံမင်းသားသည် စိတ်မချမ်းမမြေ့ ဖြစ်ရလေသည်။

   ထိုအခါ ဗဒုံမင်းသားထံ ခစားနေသော

    ဦးပေါ်ဦးမှ အလောင်းမင်းတရားကို

   သစ္စာရှိနေသေးသော အမတ်များ ၊

   ဗိုလ်မှူးများ နှင့် ဗဒုံမင်းသားကို

   တွေ့ဆုံနိုင်အောင် လျှိူ့ဝှက် စီစဉ်ပေးလေသည်။

 

           ဖောင်းကားစား မောင်မောင်မှ အင်းဝနန်းကို သိမ်းပိုက် လိုက်သောအခါ ဇေတဝန် ဆောင်တော်မြဲ မောင်လှသည် နန်းတော်မှ ထွက်ပြေးပြီး စဉ့်ကူးမင်း ရှိရာသို့ အပြေးအလွှား သွားကာ နန်းတော် သိမ်းပိုက်ခံရကြောင်း လျှောက်တင်လေ၏။

စဉ့်ကူးမင်းလည်း အင်းဝကို ပြန်လည် သိမ်းရန် စီရင်ကာ ကျောက်မြောင်းမြို့သို့ ဝင်လေသည်။ သို့သော် စစ်သည်ဗိုလ်ပါများ အလွန်နည်းသဖြင့် ရှမ်းပြည်စော်ဘွားများထံ အကူအညီ တောင်းရန်အတွက် မြစ်ညာသို့ ဆန်တက်လေ၏။

 

            သို့သော် ခရီးလမ်း တစ်လျှာက်တွင် နေပြည်တော်မှ ပါလာသော ဗိုလ်မှူး ၊ တပ်မှူးများ ရဲမက်များ အသီးသီး ထွက်ပြေးကြရာ နောက်ဆုံးတွင် ဖောင်တော်ကို ဆွဲငင်မည့်သူ မရှိ ဖြစ်သွားလေသည်။

           စဉ့်ကူးမင်းလည်း ကြံရာမရ ဖြစ်ပြီး ကျန်ရှိနေသော မိဖုရားနှင့် မောင်းမ ၊ အခြွေအရံတော် အနည်းအငယ်တို့နှင့် ကံအတိုင်းသာ ဖြစ်ပါစေတော့ဟု ဆိုကာ အင်းဝသို့ စုန်ဆင်းလေ၏။ ဖောင်တော်ကို မောင်းမနှင့် အခြွေအရံများမှ ဆွဲငင် လှော်လာခဲ့ရလေ၏။

ဖောင်းကားစား မောင်မောင် အင်းဝနန်းတော်ကို သိမ်းပိုက်ထားပြီး ၇ ရက်မြောက်နေ့တွင် ဗဒုံမင်းသား မှ အင်းဝနန်းတော်ကို ဝင်စီးလေသည်။ ဗဒုံမင်းသား ကိုယ်တိုင် ဦးဆောင်ပြီး မြင်သမျှ ခုခံသူ မှန်သမျှ ရှင်းပစ် လေ၏။

 

         အလောင်းမင်းတရား ကို သစ္စာခံသူ အများအပါး ပါဝင်သဖြင့် အရေးတော်ပုံ အောင်မြင် လေ သည်။ ဖောင်းကားစား မောင်မောင် ကိုလည်း ဖမ်းမိသော နေရာတွင် ဗဒုံမင်းသား ကိုယ်တိုင် ကွပ်မျက်ပစ်လေ၏။

        အင်းဝသို့ စုန်ဆင်းလာသော စဉ့်ကူးမင်း ကိုလည်း ဖမ်းဆီးလာစေပြီး ရေချကွပ်မျက်လေ၏။ မိဖုရား ၄ ပါး လည်း အတူတူ ကွပ်မျက် ခြင်း ခံရလေသည်။

 

       ဖေါင်းကားစားမောင်မောင် နန်းတက်စက မိမိကိုးကွယ်သည့် ဗေဒင် နက္ခတ် တတ်ကျွမ်းသည့် ဆရာတော်အား နန်းတွင်းသို့ ပင့်ဖိတ်ကာ ဆွမ်းကပ်စဉ်က ဆရာတော်က အနောက်အရပ်မှ ကုက္ကိုပင်အား ရှင်းလင်းရန် မိန့်ကြားသေးသည်။

 

        ဝိနည်းလွှတ်ရန် ထိုကဲ့သို့ သွယ်ဝိုက် မိန့်ကြားခဲ့ခြင်း ဖြစ်ပြီး အဓိပ္ပါယ်မှာ တနင်္လာနံဖြစ်သည့် ဗဒုံ မင်းသားအား သုတ်သင်ပစ်ရန် ဖြစ်သော်လည်း နားမလည်သည့် မောင်မောင်က တကယ်ပင် ကုက္ကိုပင်များကို ခုတ်လှဲပစ်ခဲ့သေးသည်။

 

        မြန်မာ့ သမိုင်းတွင် ၇ ရက်သာ နန်းစံခဲ့ရပြီး နန်းသက် အတိုဆုံး ဘုရင်များအနက် တစ်ပါးအဖြစ် မှတ်တမ်း ဝင်ခဲ့သောမင်း ၊ အရည်အချင်းညံ့သည့် မင်းတစ်ပါးဟုလည်း ရာဇဝင်သမိုင်း တစ်ချို့က ဆိုကြပါသည်။

#မူရင်းရေးသားသူရေးဆွဲသူအားလုံးကို လေးစားစွာ credit ပေးပါသည်။

Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ်  ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ **********************************           ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့  ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း  နဲ့ ပတ...

အသိုက်  အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက်      အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။  ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!