✨? မြင်းမထိတောင် နှင့် မြင်းမထိဂူ လို့ ဖြစ်လာရတဲ့ ဒဏ္ဍာရီလာ သမိုင်း ?

18-Mar-23 Knowledge
✨? မြင်းမထိတောင် နှင့် မြင်းမထိဂူ လို့ ဖြစ်လာရတဲ့ ဒဏ္ဍာရီလာ သမိုင်း ?

ပုဂံခေတ် အခါက မြင်းမထိတောင်ရဲ့ တောင်ဘက်ရှိ ရွာကြီးတစ်ရွာမှာ စိုက်ပျိုးထားသော ကောက်ပဲသီးနှံများကို မြင်းကြီးလေးကောင်က စားသောက်ပစ်ကြပါသည်။

            ရွာသားများသည် မြင်းများကို မောင်းထုတ်သော်လည်း မြင်းကြီးလေးကောင်မှာ ကြီးမားသန်စွမ်းသည့် အတွက် မောင်းထုတ်၍ မရပါ။ ထို့ကြောင့် ရွာသားများသည် အနော်ရထာမင်းကြီးထံ အကူအညီ တောင်းကြပါတော့သည်။

?မင်းကြီးက သူရဲကောင်းလေးဦးကို စေလွှတ်ပြီး မြင်းတွေကို ဖမ်းခိုင်းပါသည်။ ကျန်စစ်သား ၊ ညောင်ဦးဖီး ၊ ငလုံးလက်ဖယ် ၊ ငထွေးရူး စသည့် သူရဲကောင်းလေးယောက်သည် မြင်းတွေထွက်လာသော ချောက်ကြီးကနေ စောင့်ပြီး မြင်းလေးကောင်ကို ဝန်းရံ ချောက်လှန့်၍

 ?အနီးရှိ ကန်ထဲကို မောင်းချလိုက်သည်။

               မြင်းများ ရေထဲသို့ ရောက်သောအခါ သူရဲကောင်းလေးဦးသည် စီးရလွယ်သည့် မြင်းအသီးသီးကို ခွစီးကာ ရေထဲကနေ ကုန်ုးပေါ်သို့ ဒုန်းစိုင်း မောင်းတက်ခဲ့ကြပါတော့သည်။

 

         ကျန်စစ်သားသည် မြင်းကို အနီးရှိ တောင်ပေါ်သို့ အပြေးအလွား စီးတက်လိုက်သောအခါ မြင်းက အပြေးမြန်လွန်းပြီး မြေနဲ့တောင်မထိ ဟု ထင်ရသောကြောင့် မြင်းမထိတောင် ဟူ၍ခေါ်ကြပါသည်။

အနီးရှိ ဂူကို မြင်းမထိဂူဟု ခေါ်ပြီး ၊ ရွာကိုတော့ မြင်းမထိရွာဟု ခေါ်ပါသည်။

မြင်းများ ဒုန်းစိုင်း၍ စီးတက်ခဲ့သောကြောင့် မြင်းစိုင်း စိုင်းကုန်း ၊ မြင်းများ ပျော်ပြီး ကခဲ့သည့်ရွာကို မြင်းကရွာ စသဖြင့်ခေါ်ဆိုခဲ့ကြပါသည်။

 

          လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်တွင် သီရိဓမ္မာသောကမင်းကြီးသည် ဥဏ္ဏလုံမွေရှင်တော်ဘုရား တည်ထားသဖြင့် ဥဏ္ဏလုံမွေရှင်တော်ဂူ ဟူ၍လည်း ခေါ်ကြပါသည်။

မြင်းမထိဂူ၏ အရှေ့ဘက်တွင် မြင်းမထိတောင် ရှိပါသည်။မြင်းမထိတောင်သည် ၁၀၇၅ ပေ အမြင့်ရှိပါသည်။

      မြင်းမထိဂူသည် နှစ်ဖက်ပွင့် သဘာဝလှိုင်ဂူတော်ကြီး ဖြစ်ပါသည်။

လှိုင်ဂူအဝင်ပေါက်တွင် လှေကားထစ်ကလေးများနှင့် လက်ကိုင်တန်းကလေးများ ပြုလုပ်ထားပေးသောကြောင့် သွားရလာရ အဆင်ပြေစေပါသည်။

 

          ဂူအဝင်ပေါက်မှ စ ၍ဂူအထွက်ပေါက်ရှိ အရှည်မှာ 1028 ပေ ဖြစ်ပါသည်။

နှစ်ဖက်ပွင့်ဂူ ဖြစ်သောကြောင့် လေဝင်လေထွက် ကောင်းပါသည်။

ဂူအထွက်တွင် အနော်ရထာမင်းကြီး တည်ထားခဲ့သောစေတီ နှင့် နှစ်ကျိတ်ရှစ်ဆူ ဘုရားတို့ကို ဖူးမြော်နိုင်ပါသည်။

မြင်းမထိရွာသည် အောင်ပန်းမြို့ နှင့် နှစ်မိုင်အကွာ ကလောမြို့နှင့် လေးမိုင်အကွာတွင် တည်ရှိပါသည်။

 

        “မြင်းမထိရဲ့ ရာသီဥတု အခြေအနေလေးက အေးမြ လန်းဆန်းပြီး အေးချမ်းပါတယ်။

ဒီဒေသလေးဟာ လမ်းပန်းဆက်သွယ်ရေး ဘာသာရေး ၊ လူမှုရေး ၊ စီးပွားရေး စသဖြင့် ကောင်းမွန်ဖြစ်ထွန်းတဲ့ နေရာလေးဖြစ်ပါတယ်။

တောင်ပေါ် view လေးတွေကအစ ရှု့မဝတဲ့ အလှတရားတွေနဲ့ ပြည့်နှက်နေတဲ့ အရပ်လို့ ပြောရင်လည်းမမှားပါဘူး။

စိုစွတ်အေးချမ်းတဲ့ နေရာဒေသလေး ဖြစ်တာကြောင့် လွမ်းဆွတ် ကြည်နူးဖွယ် ကောင်းလှပါတယ်။

မြင်းမထိရွာရဲ့ သဘာဝ ပတ်ဝန်းကျင်ဟာ ဆိုရင်လည်း ဒေသခံတွေရဲ့  စိုက်ခင်းလေးတွေဟာ လှပသည့် ပန်းချီကားချပ်သဖွယ် ရင်သပ်ရှု့မောဖွယ် ကောင်းလှပါသည်။

 

"မြင်းမထိ ရွာမှာ မြေဝယ်မယ်ဆိုရင်လည်း အရောင်းအဝယ် အဆင်ပြေလှသော နေရာဒေသလေး ဖြစ်ပါတယ်။

 

?ကြုံတုန်း မြင်းမထိရွာက နေရာကောင်းပြီး စျေးတန်တဲ့ အကွက်ကောင်းလေးနှင့် မိတ်ဆက်ပေးချင်ပါတယ်။

 

? ပိုင်ဆိုင်မှုက ရွာမြေဖြစ်လို့ စိတ်ချရပါတယ်။။

 

? အကျယ်ကတော့ (78 x 90)' ပါ။

 

အသေးစိတ် ကြည့်ချင်တယ်ဆိုရင်တော့ ဒီအောက်က Link လေးထဲကနေ တိုက်ရိုက် ကြည့်ပြီး သဘောကျပါက ဝယ်ယူနိုင်ပါတယ်။?

« https://www.yuzanarland.com/g/BypL2 »

#yuzanarland 
#histoty 
#cabin

Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ်  ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ **********************************           ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့  ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း  နဲ့ ပတ...

အသိုက်  အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက်      အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။  ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!